မန်နေဂျာကြီး ဆိုးရှားကတော့ ကလပ်အသင်းကို ပြန်လည်တည်ဆောက်မှု လုပ်နေချိန် အတောအတွင်း သူ့ကို အချိန်တစ်ခုပေးဖို့ လိုအပ်မယ်ဆိုတဲ့အကြောင်းကို သတိပေးမှု ပြုလုပ်လိုက်ပါပြီ။

ဒီကနေ့မှာ ဟက်ဒါဖီးနဲ့ ယှဉ်ပြိုင်ရမယ့် မန်ယူဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးစားခွင့် ၂ ပွဲ ကျန်ရှိနေပြီး လက်ကျန်ပွဲတွေကို အနိုင်ရမယ်ဆိုရင်တောင် ပြိုင်ဘက် ချယ်ဆီးအသင်းရဲ့ အမှားကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အသင်းပိုင်ရှင်ဖြစ်တဲ့ ဂလေဇာမိသားစုနဲ့ ဘုတ်အဖွဲ့တွေက ပြန်လည်တည်ဆောက်နေချိန်မှာ သူ့ကို အချိန်ပေးဖို့ လိုအပ်မယ်လို့ ဆိုးရှားက သတိပေးလိုက်တယ်။ နည်းပြကြီး ဖာဂူဆန် မရှိတော့တဲ့နောက် ကလပ်အသင်းဟာ နည်းပြတွေအပေါ်မှာ တန်ဖိုးထား လေးစားမှုနဲ့ ကူညီမှုမှာ နည်းပါးတယ်လို့ သူက မြင်ပါတယ်။

ဆိုးရှားက “ တစ်ရာသီတည်းနဲ့တော့ မန်စီးတီးနဲ့ ရမှတ်ကွာဟမှုကို လိုက်မီနိုင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ ဖြေးဖြေးချင်း ကြိုးစားရမှာပါ။ ဖြေးဖြေးချင်းပဲ တိုးတက်လာဖို့ လုပ်ရပါမယ်။ နောက်ကနေပဲ နေလို့လည်း မရဘူး။ ထိပ်ဆုံး ၆ သင်းလောက်က အကောင်းဆုံး ပြိုင်နေပြီး လက်စတာ၊ အဲဗာတန်၊ ဝက်ဖိုဒ့်လို အသင်းကောင်းတွေလည်းရှိတယ်။

ပြိုင်ဘက်တွေကို အမှီလိုက်ရပါမယ်။ လက်ရှိနေရာမှာ ရပ်နေလို့ မရပါဘူး။ ကျနော် အသင်းပိုင်ရှင်နဲ့ တွေ့ပြီးပါပြီး ကျနော်တို့ ပြန်ရောက်လိုတဲ့ နေရာအတွက် အချိန်ယူရမယ်ဆိုတာ သူသိပါတယ်။ အနာဂတ်မှာ ပြိုင်ဘက်အသင်းတွေလည်း ခြေစွမ်းကျလာနိုင်ပါတယ်။ ကျနော်တို့က သူတို့နဲ့ ပိုနီးနီးကပ်ကပ်ရောက်အောင် ကြိုးစားရပါမယ် ” လို့ပြောခဲ့ပါတယ်။