နွေအပြောင်းအရွှေ့မှာ ဆိုးရှားကို ကလပ်အသင်းက ချပေးမယ့် အသုံးစရိတ်စာရင်း ထွက်ပေါ်လာပါတယ်။

နွေဈေးကွက်ထဲ ဝင်ရောက်ဖို့ရာ အသာတင် အသုံးစရိတ်က ပေါင် သန်း ၁၅၀ ရမှာဖြစ်ပြီး ကစားသမား ရောင်းထုတ်မှုတွေကနေ ရရှိတဲ့ ပြောင်းရွှေ့ကြေးတွေကိုလည်း ကစားသမားသစ် ခေါ်ယူမှုတွေမှာ သုံးခွင့်ရပါမယ်။

မန်ယူဟာ နွေအပြောင်းအရွှေ့မှာတော့ ကွင်းလယ်လူ ပေါ့ဘာနဲ့ ဂိုးသမား ဒီဂီယာတို့ကို ရောင်းထုတ်ရဖွယ်ရှိပြီး သူတို့နှစ်ဦးကနေ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၈၀ ကို အနည်းဆုံးရဖို့ရှိတယ်။ အဆိုပါ ပြောင်းရွှေ့ကြေးတွေကို ဆိုးရှားအား ပြန်လည် အသုံးပြုခွင့် ပေးမှာဖြစ်တယ်။

ဆိုးရှားက ကစားသမား ခေါ်ယူမှုတွေမှာလည်း သူ့စိတ်ကြိုက် အနေအထားကို တောင်းဆိုခွင့်ရမှာဖြစ်ပြီး နာမည်ကြီးတွေထက် သူ့ကစားဟန်နဲ့ ကိုက်ညီမယ့် ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်ပြီး ပြေးနှုန်းကောင်းတဲ့ ကစားသမားတွေ ခေါ်ယူဖို့ တောင်းဆိုထားပါသေးတယ်။

မန်ယူအသင်းရဲ့ နွေခေါ်ယူမှုဟာ ကစားသမား ၅ ဦးလောက်ထိ ဖြစ်နိုင်ပြီး ကစားသမား ထွက်ခွာမှုတွေလည်း များပြားမယ်လို့ သိထားရပါတယ်။