မနေ့က ယှဉ်ပြိုင်သွားတဲ့ ဟက်ဒါဖီးနဲ့ ပရီးမီးယားလိဂ်ပွဲကို အရေးနိမ့်ခဲ့တာကြောင့် မန်ယူဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို သေချာပေါက် လွဲချော်သွားမှာ ဖြစ်ပါတယ်။

အက်ဖ်အေဖလားမှာသာ ၀က်ဖို့ဒ် ဗိုလ်စွဲရင် ယူရိုပါလိဂ်မှာ အုပ်စုအဆင့်က တိုက်ရိုက် မကစားရတော့မယ် အခြေအနေ ရှိနေပါတယ်။ အက်ဖ်အေဖလား ချန်ပီယံက ယူရိုပါလိဂ်မှာ အုပ်စုအဆင့်က တိုက်ရိုက်ဝင်ခွင့်ရတာ ဖြစ်ပါတယ်။

ဆိုးရှားက ” ချန်ပီယံလိဂ်ဝင်ခွင့်မရလို့ အားလုံးစိတ်ပျက်နေတာမှန်ပေမယ့် ဒီနေရာက ကျနော်တို့ရှိနေရမယ့် နေရာလည်းဖြစ်တယ်။ ကျနော်တို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခွင့်အရေးတွေ အများကြီးရခဲ့ပေမယ့် ဆုပ်ကိုင်နိုင်ခဲ့ခြင်း မရှိဘူး။ ကျနော်တို့အတွက် လာမယ့်ရာသီယူရိုပါလိဂ်က သင့်တော်မှန်ကန်တဲ့နေရာဖြစ်တယ်။

တကယ်လို့ စီးတီးသာ အက်ဖ်အေဖလား ချန်ပီယံမဖြစ်ရင် ယူရိုပါလိဂ်ခြေစစ်ပွဲတွေကနေ စတင်ကစားရမှာဖြစ်လို့ ကျနော်တို့အတွက် ပိုမိုခက်ခဲလာနိုင်ပါတယ်။ ဒီလိုအဖြစ်မျိုး ကျွန်တော်တို့ မလိုချင်ပေမယ့် အခုလောလောဆယ် ဒါက ဖြစ်နိုင်ခြေရှိတဲ့ အရာဖြစ်ပါတယ်။ ကောင်လေးတွေလည်း အဲဒီပြိုင်ပွဲကနေ အခွင့်အရေးရလာမှာပါ ” လို့ ပြောကြားခဲ့ပါတယ်။

မန်ယူဟာ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ပြီဖြစ်လို့ အသင်းကစားသမားတွေရဲ့ လုပ်ခလစာ ၂၅% ကို ဖြတ်တောက်မှုတွေ လုပ်သွားတော့မှာပါ။ ဒ့ါအပြင် အက်ဖ်အေဖလားမှာ မန်စီးတီးကသာ မထင်မှတ်ဘဲ အရေးနိမ့်သွားရင် ဇူလိုင်လအတွင်း ယူရိုပါလိဂ် ခြေစစ်ပွဲကစားရမှာဖြစ်ပြီး ရာသီကြိုပြင်ဆင်မှုကိုပါ အသစ်ပြန်လည် ရေးဆွဲရမှာ ဖြစ်ပါတယ်။