တနင်္လာနေ့မှာ လက်စတာကို ဧည့်ခံကစားဖို့ ပြင်ဆင်နေတဲ့ မန်စီးတီး မန်နေဂျာ ပက် ဂွာဒီယိုလာက လက်စတာ တိုက်စစ်မှူး ဗာဒီရဲ့ ခြိမ်းခြောက်နိုင်စွမ်းကို စိုးရိမ်နေပါတယ်။

ချယ်ဆီး တိုက်စစ်သမား ဟာဇက်က ပီအက်ဖ်အေ အကောင်းဆုံး ကစားသမား ဆုအတွက် မန်စီးတီး တိုက်စစ်မှူး ဆာဂျီယို အဂွယ်ရိုကို မဲပေးခဲ့ကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။

မန်စီးတီး ကစားသမားတွေဟာ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ် (၂) ပွဲကိုသာ အနိုင်ရရှိပြီး ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့မယ်ဆိုပါက ဆုကြေးငွေ ပေါင် (၁၅) သန်း ရရှိမှာပါ။ မန်စီးတီးအသင်းဟာ ဒီနေ့ညမှာ ကစားမယ့် လက်စတာအသင်းနဲ့ အိမ်ကွင်းပွဲစဉ် အပါအဝင် ဘရိုက်တန်အသင်းနဲ့ အဝေးကွင်းပွဲစဉ်တစ်ပွဲ ကစားဖို့ ကျန်ရှိနေပါတယ်။

မန်စီးတီးဟာ စပို့တင်းလစ္စဘွန်း ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ဖို့ မြို့ခံပြိုင်ဘက် ယူနိုက်တက်ထက် အသာရနေပြီး ယူရို သန်း ၅၀ နဲ့ အပြောင်းအရွှေ့ ပြီးစီးလုနီးပါး ဖြစ်နေပြီလို့ ပေါ်တူဂီ သတင်းစာများမှာ ဖော်ပြနေပါတယ်။

လက်ရှိ ချန်ပီယံမန်စီးတီးဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၁၂ ပွဲဆက်တိုက် အနိုင်ရထားပြီး ၂၇ ဂိုးသွင်းကာ ၃ ဂိုးသာ ပြန်ပေးထားရပါတယ်။ မန်စီးတီးနဲ့ လက်စတာဟာ အကြိမ် ၈၀ ဆုံဖူးပြီး မန်ချက်စတာအခြေစိုက်အသင်းက ၃၆ ပွဲနိုင်၊ လက်စတာက ၂၆ ပွဲနိုင်ကာ ၁၈ ပွဲသရေကျထားပါတယ်။

မန်စီးတီးအသင်းဟာ ဘာစီလိုနာနဲ့ အပြိုင် ပေါင် ၆၅ သန်းတန် ခံစစ်မှူး ဒီလစ်ကို ခေါ်ယူရန်လည်း ပြင်ဆင်နေပါတယ်။

မန်ယူက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ ညာနောက်ခံလူ ယာအိုကန်ဆယ်လိုကို ခေါ်ယူဖို့ မြို့ခံပြိုင်ဘက် မန်စီးတီး ကလည်း စိတ်ဝင်စားလာပြီလို့ သိရှိရပါတယ်။ မန်စီးတီးအသင်းမှာ အဆိုပါ နေရာအတွက် ဝေါ်လ်ကာ၊ ဒန်နီလို၊ ဂျွန်စတုန်းစ်တို့လို နောက်ခံလူတွေ ရှိနေပေမယ့် ဂွာဒီယိုလာက ဝေါ်လ်ကာအတွက် သီးသန့် အရံနောက်ခံလူတစ်ဦးကို အလိုရှိနေပါတယ်။

လက်စတာမန်နေဂျာ ဘရန်ဒန်ရော်ဂျာကတော့ တိုက်စစ်မှူး ဗာဒီဟာ အမှတ်ပေးဖလား ပြိုင်ဆိုင်မှုကို အဆုံးအဖြတ် ပေးသွားနိုင်တဲ့ ကစားသမားပါလို့ ထုတ်ဖော်ပြောဆိုပါတယ်။ အင်္ဂလန်တိုက်စစ်မှူးက ထိပ်တန်း ၆ သင်းတွေနဲ့ ရင်ဆိုင်ရာမှာ ဂိုးသွင်းရတာကို နှစ်သက်ပြီး ၃၄ ဂိုးထိ သွင်းယူထားပါတယ်။ အဲ့သည်ထဲမှာ မန်စီးတီးဘက်ကို သွင်းယူထားတဲ့ ၅ ဂိုးလည်း ပါဝင်ထားတာဖြစ်တယ်။