လီဗာပူးအသင်းဟာ ဒီနှစ်မှာ ချန်ပီယံဖြစ်လာဖို့က မန်စီးတီး အမှတ်လျော့မှာကို စောင့်နေရပြီး ကံတရားရဲ့ဖေးမမှု လိုအပ်နေပါတယ်။ ဒါ့ကြောင့် လီဗာပူး အသင်းခေါင်းဆောင် ဟန်ဒါဆန်က ကံကောင်းဖို့ ဆုတောင်းနေရတော့မှာဖြစ်ကြောင်း ၀န်ခံပြောကြားလိုက်ပါတယ်။

ဘာစီလိုနာ တိုက်စစ်မှူး ဒမ်ဘီလီဟာ လက်ရှိအချိန်မှာ ညာဘက်ပေါင်ခြံ ဒဏ်ရာရနေတာကြောင့် လီဗာပူးနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲကို လွဲချော်မှာဖြစ်ပါတယ်။

လီဗာပူးခံစစ်မှူး အန်ဒီရော်ဘတ်ဆန်က လက်စတာအသင်း နဲ့ မန်စီးတီးပွဲကို စောင့်ကြည့်ဖြစ်မယ်လို့ ၀န်ခံလိုက်ပြီး လက်စတာ အနိုင်ရဖို့လည်း မျှော်လင့်နေပါတယ်။ မန်စီးတီးတို့ ခြေချော်မယ်လို့ မမျှော်လင့်ပေမယ့် ချန်ပီယံ ကာကွယ်သူအသင်းကို ဆက်လက် ဖိအားပေးဖို့ရာ အစွမ်းကုန် ကြိုးစားသွားပါမယ်လို့ ထုတ်ပြောလာခဲ့ပါတယ်။

နယူးကာဆယ်နဲ့ ပွဲနေ့မှာ ဂိုးထောက်ပံ့မှု ပြုလုပ်ခဲ့တဲ့ လီဗာပူး ခံစစ်မှူး ထရန့် အလက်ဇန္ဒါး အာနိုးရဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးထောက်ပံ့မှုက ၁၁ ကြိမ် ထိ ရှိသွားပြီ ဖြစ်ပြီး ရော်ဘတ်ဆန်နဲ့ အတူ ပရီးမီယားလိဂ် စံချိန် ကို မှီသွားခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးတိုက်စစ်သမားတွေဖြစ်တဲ့ ဆာလက်နဲ့ ဖာမင်နိုတို့ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲအဖြစ် ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲကို လွဲချော်ပြီဖြစ်ကြောင်း လီဗာပူးအသင်းက အတည်ပြုလိုက်ပါပြီ။

ဆာလက်က နယူးကာဆယ်ဂိုးသမား ဒူဘရက်ဗ်ကာနဲ့ ထိခိုက်မိခဲ့ပြီး ဦးခေါင်းဒဏ်ရာ ရခဲ့ပါတယ်။ ဆာလက်ဒဏ်ရာကြောင့် ဘယ်လောက် နားရမလဲ ဆိုတာ မသိရသေးဘဲ ဘာစီလိုနာပွဲမှာ ဝင်ကစားနိုင်ဖို့က အခက်အခဲရှိနေပါတယ်။

ဂျူဗင်တပ် တိုက်စစ်သမား စီရိုနယ်ဒိုက လီဗာပူး တိုက်စစ်မှူး ဆာလက်ကို ခေါ်ပေးဖို့ ဂျူဗင်တပ် အသင်းတာဝန်ရှိသူတွေကို တိုက်တွန်းနေကြောင်း စပိန် သတင်းများမှာ ဖော်ပြလာပါတယ်။