အာဆင်နယ်ဟာ အိမ်ကွင်းအမ်းမရိတ်မှာ ဘရိုက်တန်ကို ဧည့်ခံ ကစားခဲ့ပေမယ့် နိုင်ပွဲ မရခဲ့ဘဲ ၁ဂိုးစီ သရေကျသွားခဲ့ပါတယ်။ အူဘာမီယန်းရဲ့ အစောပိုင်း ပင်နယ်တီ ဂိုးနဲ့ အာဆင်နယ်တို့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဂလန်းမူရေးကလည်း ပင်နယ်တီနဲ့ပဲ ချေပဂိုး ပြန်သွင်းသွားခဲ့ပါတယ်။ ဒီရလဒ်ကြောင့် အာဆင်နယ်တို့ ချန်ပီယံလိဂ် ၀င်ခွင့် အိပ်မက်ကလည်း ပျယ်ပြယ်ခဲ့ပြီ ဆိုရတော့မှာပါ။

အာဆင်နယ်ဟာ ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူး ဇာဟာကို ပစ်မှတ်ထားနေပြီး အခြား အင်္ဂလန်လူငယ် ကစားသမားများနဲ့ ၀ိုင်းဝန်းကာ အသင်းကို ပြန်လည် တည်ဆောက်ရန် အမ်မရီက ကြံရွယ်နေပါတယ်။

အာရွန်ရမ်ဆေးဟာ ဘရိုက်တန်နဲ့ ပွဲအပြီးမှာ ၁၁ နှစ်ကြာ လက်တွဲခဲ့တဲ့ အာဆယ်နယ်နဲ့ အသင်းပရိသတ်များကို မျက်ရည်လည်ရွဲနဲ့ နှုတ်ဆက်သွားခဲ့ပါတယ်။ ရမ်ဆေးနည်းတူ ပီတာချက်နဲ့ ၀ဲဘတ်တို့လည်း ရာသီကုန်ရင် အသင်းကနေ အသီးသီး ထွက်ခွာတော့မှာ ဖြစ်လို့ နှုတ်ဆက်သွားခဲ့ပါတယ်။

ဘာစီလိုနာက အာဆင်နယ်နဲ့ ပြင်သစ် တိုက်စစ်မှူး လာကာဖက်တီကို ပေါင် သန်း ၇၀ နဲ့ လာမယ့်နွေမှာ ကမ်းလှမ်းမှု ပြုလုပ်ရန် ပြင်ဆင် နေပါတယ်။

အာဆင်နယ်အသင်း နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးဟာ နယူးကာဆယ်ကို တာဝန်ယူပြီး ပရီးမီးယားလိဂ်ထံ ပြန်လာဖွယ် ရှိတယ်လို့ သိရပါတယ်။ လက်ရှိ နယူးကာဆယ် နည်းပြ ဘင်နီတက်ဇ်ရဲ့ စာချုပ်က ရာသီကုန်ရင် ကုန်ဆုံးတော့မှာ ဖြစ်ကာ သက်တမ်းတိုးဖို့ သဘောတူညီမှု မရသေးပါဘူး။