မန်စီးတီးနဲ့ မန်ယူတို့ဟာ နွေအပြောင်းအရွှေ့မှာ ကစားသမားခေါ်ယူမှုတွေအတွက် ကြိုတင်ချိတ်ဆက်မှုတွေ ပြုလုပ်လာနေကြပြီး ကွင်းလယ်လူနှစ်ဦးကို တူညီစွာ ချိန်ရွယ်လာနေကြတယ်လို့ သိရပါတယ်။

မန်ယူဟာ ပြင်သစ်ကလပ် လိုင်ယွန်အသင်းမှ ကွင်းလယ်လူ အန်ဒွမ်ဘီဘီ၊ ပေါ်တူဂီကလပ် စပို့တင်းအသင်းမှ ကွင်းလယ်လူ ဖာနန်ဒက်စ်တို့ကို နွေအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကြိုးစားနေတာပါ။ ဒါပေမယ့် အဲ့သည် ကစားသမား နှစ်ဦးလုံးကို လွတ်လွတ်လပ်လပ် ခေါ်ယူနိုင်မှာ မဟုတ်ပဲ ပြိုင်ဘက် မန်စီးတီးကလည်း ချိန်ရွယ်နေပါတယ်။

မနှစ်က နွေအပြောင်းအရွှေ့မှာ ကွင်းလယ်လူသစ် အားဖြည့်မှုအဖြစ် ရှက်တာဒိုးနက်အသင်းမှ ဖရက်ကို ခေါ်ယူထားပေမယ့် အထိုင်မကျဖြစ်နေလို့ မန်ယူဟာ နောက်ထပ် ကွင်းလယ်လူသစ်တစ်ဦးကို ရှာဖွေနေပါတယ်။ ကွင်းလယ်လူ ပေါ့ဘာကလည်း အနာဂတ် မသေချာသေးပါဘူး။

ပြင်သစ်လက်ရွေးစင်အသင်းမှာ ပေါ့ဘာနေရာ အစားဝင်ကစားမှုတွေ ရှိနေတဲ့ အန်ဒွမ်ဘီလီကို မန်ယူ ဘုတ်အဖွဲ့က သဘောကျရင်းစွဲ ရှိနေတယ်လို့ သိထားရတာဖြစ်တယ်။ ကစားသမားကို ခေါ်ယူဖို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဆွဲဆောင်နိုင်မှာ မဟုတ်တာကတော့ မန်ယူအတွက် သတိထားစရာလည်း ဖြစ်ပါတယ်။

စိတ်ဝင်စားတဲ့ ဥရောပကလပ်တွေ များပြားပေမယ့်လည်း အလေးသာမှုမှာတော့ မန်ယူနဲ့ မန်စီးတီးက ထိပ်ဆုံးမှာ ရှိနေတာကြောင့် နွေအပြောင်းအရွှေ့မှာ ပြင်သစ်ကွင်းလယ်လူဟာ မန်ချက်စတာမြေကိုပဲ ခြေချလာနိုင်တာဖြစ်ပြီး အပြာရောင်နဲ့ အနီရောင် ဂျာစီတွေထဲက တစ်ခုကို ရွေးချယ်သွားနိုင်တာဖြစ်ပါတယ်။

နှစ်သင်းလုံးက ဒမ်ဘီလီနဲ့ တစ်ပြိုင်နက်မှာ စပို့တင်းမှ ဖာနန်ဒက်စ်ကိုလည်း ခေါ်ယူလိုနေပါတယ်။ ပရီးမီးယားလိဂ်ကို ပြောင်းလာဖို့ စိတ်ဝင်စားတဲ့ ဖာနန်ဒက်စ်ကို မန်ယူက အတော်လေး စိတ်ဝင်စားနေပြီး ကြိုတင်ချိတ်ဆက်မှုတွေ ပြုလုပ်ထားခဲ့ကြောင်းလည်း သိထားခဲ့ရပြီဖြစ်တယ်။

မန်စီးတီးဘက်ကလည်း ကစားသမားရဲ့ အေးဂျန့်ဖြစ်သူ ဂျော့မန်ဒက်စ်နဲ့ တွေ့ဆုံ စကားပြောခဲ့ကာ အပြောင်းအရွှေ့အတွက် မန်ယူထက် ခြေတစ်လှမ်းသာနေတယ်လို့ သတင်းတွေထွက်နေတယ်။ မန်စီးတီးက ဖာနန်ဒက်စ်ကို ဦးတည်ခဲ့ရင် မန်ယူက အမ်ဒွန်ဘီလီကို အဓိက ခေါ်ယူဖို့ ကြိုးစားသွားနိုင်ပါတယ်။