နေးရှင်းလိဂ်ပွဲစဉ်မှာ စပိန်အသင်းက အင်္ဂလန်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် စပိန်သတင်းစာတွေက ၄င်းတို့ ကစားသမားတွေအပေါ် ဝေဖန် ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ပြီး ယူနိုက်တက် ဂိုးသမား ဒီဂီယာလည်း ပထမပိုင်းမှာတင် ၃ ဂိုးပေးခဲ့ရတာကြောင့် ဝေဖန်ခံနေရပါတယ်။

မန်ယူနိုက်တက်ကစားသမား ဖယ်လိုင်နီဟာ ဘယ်လ်ဂျီယံအသင်း ဟော်လန်နဲ့ သရေကျတဲ့ပွဲကို လွဲချော်ခဲ့ပေမယ့် စနေနေ့ ချယ်ဆီးနဲ့ပွဲမှာပန်လည် ပါဝင် ကစားနိုင်ဖွယ် ရှိပါတယ်။ ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ် က သီတင်းပတ်အကုန်မှာ အရေးကြီးပွဲ ကစားရန် ရှိတဲ့အပြင် ရာနှုန်းပြည့် ကြံ့ခိုင်မှုမရှိတဲ့ အတွက် ဖယ်လိုင်နီကို အနားပေးခဲ့တာ ဖြစ်တယ်လို့ ပွဲအပြီးမှာပြောခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ မော်ရင်ညိုက အက်ဝုဒ်ကို မာတာနဲ့ ဟာရဲရားအတွက် စာချုပ်သစ် ကမ်းလှမ်းဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ ၄င်းကစားသမားနှစ်ယောက်လုံးက မော်ရင်ညို အကြိုက် ကစားသမားတွေ ဖြစ်ကြပြီး ရာသီအကုန်မှာ အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် သူတွေ ဖြစ်ပါတယ်။

မန်စီးတီး ခံစစ်မှူး ဒန်နီလိုဟာ ဘရာဇီးနဲ့ အာဂျင်တီနား ခြေစမ်းပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာ ရသွားခဲ့ပါတယ်။ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ ဘရာဇီးသားဟာ ပြီးခဲ့တဲ့လကမှတင် ဒဏ်ရာက ပြန်ကောင်းလာတာ ဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားမှာ ခြေကျင်းဝတ်နဲ့ တင်ပါးဒဏ်ရာတွေ ရခဲ့ပါတယ်။

မိုနာကိုအသင်း မန်နေဂျာ ဖြစ်လာတဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီက မန်စီးတီးအသင်း မန်နေဂျာ ပက် ဂွာဒီယိုလာကို စံနမူနာထား အတုယူသွားမယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ စပိန်ကလပ် ဘာစီလိုနာမှာ ဂွာဒီယိုလာနဲ့ ဆုံစဉ်တည်းက ဘောလုံးပွဲတစ်ပွဲကို ဘယ်လို ကစားရမယ်ဆိုတာ သင်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

ဘန်လေကစားသမား လီနွန်က မန်စီးတီးနဲ့ အင်္ဂလန် တိုက်စစ်မှူး စတားလင်းဟာ မမျှတတဲ့ ဝေဖန်မှုတွေ ခံနေရတယ်လို့ ၄င်းရဲ့ အမြင်ကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ စတားလင်းက အင်္ဂလန်အတွက် စူပါစတား ကစားသမား ဖြစ်ပြီး ပရိသတ်တွေအတွက် အရေးပါတဲ့သူ ဖြစ်တယ်လို့ လီနွန်က ပြောကြားခဲ့ပါတယ်။

စက်တင်ဘာလအတွက် လီဗာပူးအသင်းရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို တိုက်စစ်မှူး စတားရစ်က ရရှိသွားပါတယ်။ စတားရစ်ဟာ ပီအက်ဂျီအသင်းနဲ့ ချဲလ်ဆီး (နှစ်ကြိမ်) ပွဲတွေမှာ လှပတဲ့ သွင်းဂိုးတွေကို သွင်းယူခဲ့ပြီး ပုံစံကောင်းတွေ ပြသနိုင်ခဲ့သူဖြစ်ပါတယ်။

လီဗာပူး ဒုတိယဂိုးသမား မင်ညိုလက်ဟာ ဘယ်ဂျီယံအသင်းနဲ့ နယ်သာလန်အသင်းတို့ သရေကျတဲ့ပွဲမှာ ပွဲထွက်ခွင့် ရခဲ့ပါတယ်။ ပွဲကစားရတာကို ပျော်ရွှင်ကျေနပ်နေတဲ့ မင်ညိုလက်က ရလာတဲ့ အခွင့်အရေးတိုင်းကို အသုံးချနိုင်ဖို့ လေ့ကျင့်ရေးမှာ အမြဲကြိုးစားနေပါကြောင်း ထုတ်ပြောလာခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဇန်နဝါရီမှာ ကလပ်အသင်းရဲ့ ကစားသမားအချို့ကို ရောင်းထုတ်ဖွယ်ရှိသလို ကစားသမားသစ်တွေ ထပ်ဖြည့်မှုတွေ လုပ်လာဖို့ရှိပါတယ်။ အထွက်စာရင်းမှာတော့ တိုက်စစ်မှူး အိုရီဂီ ပါဝင်လာနေပြီး ထူးထူးခြားခြားအနေနဲ့ သူ့ကိုခေါ်ဖို့ မြို့ခံပြိုင်ဘက် အဲဗာတန်အသင်းက အဓိက အလိုရှိနေပါတယ်။

ချယ်ဆီးအသင်း ဥက္ကဌ Bruce Buck ကတော့ အသင်းအနေနဲ့ ဟာဇက်ကို ဆက်လက်ထိန်းသိမ်းဖို့အတွက် လုပ်နိုင်တာမှန်သမျှ အားလုံး လုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။ သတင်းများအရ ချယ်ဆီးအသင်းဟာ ဟာဇက်ကို တစ်ပတ် ပေါင် ၃သိန်း လုပ်ခလစာ ပါဝင်မယ့် စာချုပ်သစ် ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး ကစားသမားဘက်ကလည်း လက်ခံဖွယ် ရှိတယ်လို့ ဆိုပါတယ်။

ချယ်ဆီးကစားသမား ဖာဘဂီရတ်စ်ဟာ ပရီးမီးယားလိဂ် ဂိုးထောက်ပံ့မှု (Assists) အကြိမ် ၁၀၀ ထိ ပြုလုပ်ပြီး ဂင်းနစ်စံချိန်တင် မှတ်တမ်းဝင်သွားပါတယ်။ ဂိုးထောက်ပံ့မှု အကြိမ် ၁၀၀ ပြည့်ဖို့ ဖာဘရီဂတ်စ်က ၂၉၃ ပွဲ ကြာခဲ့ပြီး ဒုတိယနေရာမှာ ပွဲ ၃၆၇ ပွဲ ကြာခဲ့တဲ့ ရွိုင်ယန်ဂစ်ထက် ၇၄ပွဲ မြန်ခဲ့ပါတယ်။

အေစီမီလန်အသင်းငဟာ အငှားလာရောက် ကစားနေတဲ့ ဘာကိုယိုကိုကို ဇန်န၀ါရီ အပြောင်းအရွှေ့မှာ မိခင်ကလပ် ချယ်ဆီးအသင်းထံ ပြန် လွှတ်မှာ မဟုတ်ကြောင်း ကစားသမားရဲ့ အေးဂျင့် Federico Pastorello က အခိုင်အမာ ဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်း မန်နေဂျာဟောင်း အာဆင်ဝင်းဂါးကတော့ ဘောလုံးလောကကို ပြန်လာဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ အာဆင်နယ်နဲ့အတူ ၂၂ နှစ်ကြာခဲ့တဲ့အချိန်မှာ အတက်အကျ အနိမ့်အမြင့်မျိုးစုံအပြင် အတွေ့အကြုံကောင်းတွေ များစွာ ရခဲ့တာကြောင်း ကမ္ဘာတ၀ှမ်းက ကမ်းလှမ်းမှုတွေ အများအပြားရခဲ့တယ်လို့ ၄င်းက ဆိုပါတယ်။ ကမ်းလှမ်းမှုတွေထဲမှာ ဘောလုံးအဖွဲ့ချုပ်တွေ၊ လက်ရွေးစင်အသင်းတွေလည်း ပါဝင်ပြီး ဂျပန်သို့လည်း ရောက်သွားနိုင်တယ်လို့ သိရပါတယ်။

ကစားသမားတွေကို ဘယ်လိုကစားရမယ်ဆိုတာ ကောင်းစွာ ညွှန်ကြားနိုင်ပြီး သူပြောတဲ့အတိုင်းလည်း ကစားနိုင်တဲ့အတွက် ကျေနပ်ပျော်ရွှင်တယ် သူ့အလုပ်သူ ချစ်တယ်လို့ ပြောဖူးတဲ့ အမ်မရီကို အာဆင်နယ်အသင်းသားတွေနဲ့ ထရိနင်မှာ ပျော်ပျော်ရွှင်ရွှင်တွေ့ရပါတယ်။

လီဗာပူးအသင်းကလည်း ပစ်မှတ်ထားနေတဲ့ စီးရီးအေကလပ် Cagliari အသင်း ကွင်းလယ်ကစားသမား Nicolo Barella အခြေအနေကို သွားကြည့်ဖို့ အာဆင်နယ်ကလည်း ကင်းထောက်အဖွဲ့ စေလွှတ်ထားတယ်လို့ အီတလီသတင်းဌာနများမှာ ဖော်ပြထားပါတယ်။

တော့တင်ဟမ် စပါး ကွင်းလယ်ကစားသမား ၀မ်ယာမာဟာ ဒီသီတင်းပတ်အကုန် ၀က်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာလည်း ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ ၀မ်ယာမာက ဒီအပတ် နိုင်ငံပွဲတွေမှာ ကင်ညာနဲ့ အီသီယိုးပီးယားပွဲစဉ်မှာ နာသွားတဲ့အတွက် လူစားလဲခဲ့ရပါတယ်။

ပြင်သစ်နဲ့ စပါးဂိုးသမား ဟူဂိုလိုရစ်ဟာ ပြင်သစ်ဘောလုံးအသင်း အောင်မြင်မှုအတွက် အထူး credit ပေးရမယ့်သူ ဖြစ်ပြီး Ballon d’Or ဆုအတွက် ထည့်သွင်းစဉ်းစားသင့်သူ ဖြစ်ကြောင်း ဂါးဒီးယန်းသတင်းမှာ သုံးသပ်ဖော်ပြသွားပါတယ်။

စပါးအသင်းကွင်းသစ်ကြီးကို ဒီသီတင်းပတ်အကုန်မှာ အများပြည်သူဆီ ဖွင့်လှစ်ပြသနိုင်ဖို့ ရည်မှန်းထားပါတယ်။ ကွင်းအတွက် တည်ဆောက်ရေးလုပ်ငန်းများ အားလုံးလိုလို ပြီးစီးလုပြီ ဖြစ်ပြီး Mega Store အတွက်သာ ပြီးစီးဖို့ ကျန်တာဖြစ်ပါတယ်။