မန်ယူဟာ တိုက်စစ်ပိုင်း အင်အားဖြည့်ဖို့ ဂျူဗင်တပ်တိုက်စစ်ကစားသမား ဒိုင်ဘာလာကို ခေါ်ယူရန် ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းဆိုတဲ့ ကမ်းလှမ်းမှုနဲ့ စတင်ကာ စကားပြောနေပြီလို့ သိရပါတယ်။

အသက် (၂၅) နှစ်အရွယ်ရှိ အာဂျင်တီးနား တိုက်စစ်ကစားသမား ဒိုင်ဘာလာ ဟာ စီရော်နယ်ဒို ရောက်ရှိလာပြီးနောက် ဂျူဗင်တပ် အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေသူလည်းဖြစ်ပါတယ်။ ဒိုင်ဘာလာဟာ ပွဲကစားချိန် နည်းပါးခြင်းအပေါ် မကျေမနပ်ဖြစ်နေပြီး အသင်းပြောင်းရွှေ့ရန် စဉ်းစားနေကြောင် သိရပါတယ်။

ဒိုင်ဘာလာကို ယခင်ကတည်းက ခေါ်ယူရန်စိတ်ဝင်စားခဲ့တဲ့ မန်ယူဟာ လာမည့်နွေရာသီ အပြောင်းအ ရွှေ့ ကာလမှာ အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးပမ်းမှာဖြစ်ကြောင်း သိရပါတယ်။ ဒိုင်ဘာလာဟာ ယခုရာသီတွင် ဂျူဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံမှာလည်း သွင်းဂိုးတွေ ကျဆင်းနေပါတယ်။

မန်ယူဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရမှာမဟုတ်လို့ အပြောင်းအရွေ့စရိတ် ဟန်ချက်ညီစွာ အသုံးပြုရေးအတွက် အသင်းရှိ တိုက်စစ်မူး လူကာကူအား စီးရီးအေကိုပဲ ပြန်လည် ရောင်းချသွားမယ်လို့ သိထားရသည်။

ဂျုဗင်တပ်အသင်းက တိုက်စစ်ကစားသမားကောင်းတွေ ပိုင်ဆိုင်လာတဲ့အပြင် နွေမှာ အသုံးစရိတ်ကောင်းတွေ ရှာဖွေဖို့ ရှိနေခြင်းကြောင့် ဒိုင်ဘာလာအား အရောင်းစာရင်းတင်ထာကြောင်း သိရပြီး မန်ယူဘက်မှ ပြောင်းရွေ့ကြေး ပေါင် ၈၅ သန်းဖြင့် ဆွေးနွေးမှုများ စတင်လာခဲ့တာဖြစ်တယ်။

၂၀၁၅ ဇွန်လမှာ ဂျူဗင်တပ်ဟာ ဒိုင်ဘာလာကို ပေါင် ၂၃ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်တယ်။ ဒါပေမယ့် စီးရီးအေကလပ် ဂျူဗင်တပ်မှာ လေးရာသီလောက် ကစားခဲ့တဲ့ သူ့ကို ပြန်လည်ခေါ်ယူလိုတဲ့ ဥရောပ ကလပ်အသင်းတွေက ပေါင် ၉၀ သန်းလောက် ပေးရမယ်လို့ သိရတယ်။

ဒိုင်ဘာလာအတွက် ကမ်းလှမ်းမှုတွေကို နားထောက်ပေးဖို့ တံခါးဖွင့်ထားပေးတဲ့ ဂျူဗင်တပ်ဟာ ကစားသမားအတွက် သက်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ငွေသားအဖြစ် တစ်လုံးတည်း ပေးချေမယ်ဆိုရင်တော့ ပြောင်းရွှေ့ခွင့် ပေးအပ်သွားမယ်လို့ သိရပါတယ်။