စပါးအသင်းဟာ ဒိန်းမတ်သားကွင်းလယ်ကစားသမား အဲရစ်ဆန်ကို လက်လွှတ်ရဖွယ် ရှိနေတာကြောင့် အေဂျက် ကွင်းလယ် ဗန်ဒါဘိကို ကြိုးစားရန် ကြံရွယ်နေပါတယ်။ ဗန်ဒိဘိကို ရီးရဲလ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေကလည်း ချိတ်ဆက်နေပါတယ်။

စကော့တလန်ကလပ် ဆဲလ်တစ်က ယခင် ယူနိုက်တက်နဲ့ ချယ်ဆီးနည်းပြဟောင်း ဂျို့စ် မော်ရင်ညိုကို အသင်းကို ကိုင်တွယ်ဖို့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မော်ရင်ညိုကို ရိုးမားနဲ့ လိုင်ယွန်အသင်းတို့ကလည်း ချိတ်ဆက်နေပါတယ်။

အက်သလက်တီကို မက်ဒရစ် ခံစစ်မှူး ဂေါ်ဒင်က လာမယ့်နွေမှာ အင်တာမီလန်သို့ ပြောင်းရွှေ့မှာဖြစ်ပြီး အင်တာရဲ့ လုပ်ခအမြင့်ဆုံး ကစားသမား ဖြစ်လာမှာပါ။ အကြိုသဘောတူညီမှု ရပြီး ဖြစ်တဲ့ ဂေါ်ဒင်က အက်သလက်တီကိုနဲ့ ၉ နှစ်ကြာ ပွဲ ၃၀၀ ကျော် ကစားပေးခဲ့သူပါ။

ချဲလ်ဆီးအသင်းဟာ အဲဗာတန်မှာ အငှားချထားတဲ့ ဗဟိုခံစစ်မှူး ဇူးမားကို ကလပ်အသင်းထံ ပြန်လည်ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အဲဗာတန်ဟာ ခံစစ်သမားကို လာမယ့် နွေရာသီမှာ အပြီးသတ်ခေါ်ယူသွားလိုပေမယ့်လည်း ချဲလ်ဆီးနဲ့ ညှိနှိုင်းဖို့ ခက်ခဲနေတတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်စ် တိုက်စစ်မှူး ပေါ်လိုဒိုင်ဘာလာကို ခေါ်ယူဖို့ စိတ်ဝင်စားမှုပြသလာတယ်လို့ သိရပါတယ်။ ဂျူဗင်တပ်က ၄င်းတို့ရဲ့တိုက်စစ်မှူးအတွက် ယူရိုသန်း(၁၀၀) ရရှိပါကလက်လွှတ်ပေးသွားဖို့ ရှိနေတယ်လို့သိရပါတယ်။

လီဗာပူးလ်အသင်းက ခေါ်ယူဖို့စိတ်ဝင်စားခြင်းကို ခံနေရတဲ့ နာပိုလီတိုက်စစ်မှူး အင်ဆီဂနီဟာ အသင်းရဲ့စာချုပ်သစ် ကမ်းလှမ်းမှုကို စောင့်မျှော်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လမှာတုန်းကတော့ ၄င်းအနေနဲ့ နာပိုလီမဟုတ်တဲ့ ကလပ်အသင်းတွေက ငြင်းပယ်နိုင်စွမ်းမရှိတဲ့ ကမ်းလှမ်းမှုတွေ ရရှိလာနိုင်တယ်လို့ ဝန်ခံထားပါတယ်။

ဘာစီလိုနာအသင်းဟာ အာဆင်နယ်တိုက်စစ်မှူး လာကာဇက်ကို ခေါ်ယူကမ်းလှမ်းသွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။ လာကာဇက်ဟာ လက်ရှိရာသီမှာ အသင်းဖော်တိုက်စစ်မှူး အော်ဘာမီရန်းနဲ့အတူ ထက်မြက်တဲ့ ဂိုးသွင်းစွမ်းရည်ကို ပြသထားပါတယ်။ ဘာစီလိုနာဟာ လူးဝစ်ဆွာရက်စ်နေရာ အစားထိုးဖို့ ပြင်သစ်သားကို အလိုရှိနေပါတယ်။

မန်စီးတီးနဲ့ မန်ယူတို့ဟာ နွေအပြောင်းအရွှေ့မှာ ကစားသမားခေါ်ယူမှုတွေအတွက် ကြိုတင်ချိတ်ဆက်မှုတွေ ပြုလုပ်လာနေကြပြီး စပို့တင်းအသင်းမှ ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ဖို့ အပြိုင်ကြိုးစားနေပါတယ်။ ဖာနန်ဒက်စ်ကလည်း မန်စီးတီးကို ပြောင်းရွှေ့လိုနေပြီး လက်ရှိအချိန်မှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်အတွက် ဆွေးနွေးနေပြီဖြစ်တယ်လို့ သိရပါတယ်။

ရီးရဲလ်နည်းပြ ဇီဒန်းဟာ ကွင်းလယ်လူ လူကာမိုဒရစ် အကောင်းဆုံးခြေပြန်မရတော့မှာကို စိုးရိမ်နေပြီး နွေမှာ ရောင်းထုတ်လိုနေပါတယ်။ ခရိုအေးရှားသား မိုဒရစ်ကို ပြီးခဲ့တဲ့ဆောင်းရာသီမှာ အင်တာမီလန်က ချိတ်ဆက်ခဲ့ပေမယ့် ကစားသမားကအသင်းကို စွန့်ခွာလိုခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ အငှားစာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်၊ အာဆင်နယ်တို့အပြင် စီးရီးအေထိပ်သီးကလပ် နာပိုလီအသင်းက ပစ်မှတ်ထားနေပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်မှူး မာရီယာနိုဟာ ကလပ်အသင်းအနေနဲ့ ဖရန့်ဖတ်တိုက်စစ်မှူး လူကာဂျိုဗစ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပေမယ့်လည်း ဘာနေဗျူးမှာပဲ ဆက်ရှိသွားလိုတယ်လို့ သိရပါတယ်။ လူကာဂျိုဗစ်ဟာ လာမယ့်နွေရာသီမှာ ဇီဒန်းရဲ့လက်အောက်ကို များပြားလှတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ရောက်လာတော့မယ်လို့ သတင်းကြီးနေပါတယ်။