မန်နေဂျာယာဂင်ကလော့ပ်ရဲ့ လက်ထောက်နည်းပြဖြစ်သူ ပီတာ ခရာဝစ်ဇ်က လီဗာပူးကို နည်းပြရတဲ့ နေ့ရက်တွေ မတိုင်ခင် ရက်ပိုင်းအလိုက အကြောင်းတွေကို လော့ဒေါင်းကာလ လီဗာပူးအသင်းနဲ့ အင်တာဗျူးမှာ ထုတ်ပြောလာပါတယ်။
ထိုစဉ်တုန်းက ဒေါ့မွန်အသင်းကနေ နုတ်ထွက်လာခဲ့တဲ့ ကလော့ပ်နဲ့ နည်းပြတစ်သိုက်က တစ်နှစ်တိတိ နည်းပြအလုပ်ထဲ ပြန်မဝင်ပဲ အေးအေးဆေးဆေး အနားယူဖို့ ကတိပြုထားကြတာပါ။ ကလော့ပ်နည်းတူ အခြားသော လက်ထောက်နည်းပြတွေက ကိုယ်မြို့တွေပြန်ပြီး အနားယူတာ ခရီးထွက်တာတွေလုပ်ဖို့ စီစဉ်ထားခဲ့ပါတယ်။
ခရာဝစ်ဇ်က ” ယုံရခက်ကြီးပါပဲ။ ကျနေ်ာတို့ တစ်နှစ်လောက် အနားယူခွင့်ရမယ်လို့ တကယ်ကို ထင်ခဲ့တာပါ။ ကျနော်က ဒေါ့မွန်ကနေ ဇာတိမြို့ မိန့်ကို ပြန်မယ် သားကို ကျောင်းပို့ပေးမယ် နွေအားလပ်ရက်မှာ စပိန်တို့ ဂရိတို့ကို သွားလည်မယ်လို့ လုပ်ထားကြတာပါ။ ဒီဇင်ဘာမှာ မွေးနေ့ပါတီ အကြီးကြီးလုပ်ဖို့ထိ အစီအစဉ်ရှိပါတယ်။
အဲ့မှာပဲ ကလော့ပ်က ‘ နားထောင် စိတ်ဝင်စားစရာပဲ လီဗာပူးဘက်က ဖုန်းခေါ်လာတယ်ကွ’ လို့ပြောတယ်။ ရိုးရိုးသားသား ပြောရရင် ကျနော်ကလည်း တစ်နှစ်လောက်နားမယ် ပြောထားတယ်လေကွာ အခုမှ သုံးလလောက်ပဲ ရှိသေးတယ်လို့ ပြန်ပြောခဲ့ပြီး ကလော့ပ်က ‘ အေ့လေး ခုကမ်းလှမ်းလာတာက အသင်းကြီးလေးကွာ’ လို့ ဆိုခဲ့တယ်။
လီဗာပူးက ခေါ်တယ်ကြားတော့ ဆိုဖာကနေ ခုန်ထပြီး ခရီးဆောင်အိတ် ဘယ်မှာလဲ လီဗာပူးကို သွားမယ်ဆိုပြီးတော့ မဖြစ်ခဲ့ပါဘူး။ စိတ်ထဲမှာတော့ ဒီအကြောင်းကို စဉ်းစားပြီး ဇနီးသည်ကို ပြောဖြစ်အောင် ပြောမယ်တော့ တွေးမိခဲ့တယ်။ လီဗာပူးဆိုတာက အသင်းကြီးဖြစ်ပြီး အင်္ဂလန်နဲ့ ပရီးမီးယားလိဂ်က စိန်ခေါ်မှုဆိုတာ ရှင်းပါတယ်။ ကလော့ပ့်က ကျနော်ကို ခပ်မြန်မြန်ပဲ စည်းရုံးတယ်။
တစ်နာရီ၊ နှစ်နာရီလောက် စဉ်းစားအပြီးမှာတော့ ဘာအားလပ်ရက်မှ မယူတော့ဘူး၊ ဘယ်ခရီးမှ မထွက်တော့ဘူး။ အားလုံးသွားမယ်၊ အားလုံး သွားကြမယ်ဆိုပြီး လီဗာပူးကို လာဖို့ ဖြစ်လာခဲ့တာပါပဲ ” လို့ ပြောပြခဲ့ပါတယ်။
ကလော့ပ်ဟာ သူ့နဲ့အတူ လက်ထောက်နှစ်ဦးကို ခေါ်ယူလာခဲ့တာဖြစ်ပေမယ့် လက်ရှိမှာတော့ ခရာဝစ်ဇ်ပဲ ကျန်ခဲ့တော့တာဖြစ်တယ်။ ကလော့ပ်ရဲ့ နည်းပြသက်တမ်းတစ်လျှောက်လုံးမှာ ဘေးက အတူရှိခဲ့တဲ့ ခရာဝစ်ဇ်ဟာ သူ့ရဲ့တာဝန်ဖြစ်တဲ့ နည်းစနစ်ရေးရာ ခွဲခြမ်းစိတ်ဖြာမှုကို အကောင်းဆုံး ဆက်လုပ်ပေးနေဆဲ ဖြစ်ပါတယ်။
ZAWGYI
မန္ေနဂ်ာယာဂင္ကေလာ့ပ္ရဲ႕ လက္ေထာက္နည္းျပျဖစ္သူ ပီတာ ခရာဝစ္ဇ္က လီဗာပူးကို နည္းျပရတဲ့ ေန႔ရက္ေတြ မတိုင္ခင္ ရက္ပိုင္းအလိုက အေၾကာင္းေတြကို ေလာ့ေဒါင္းကာလ လီဗာပူးအသင္းနဲ႔ အင္တာဗ်ဴးမွာ ထုတ္ေျပာလာပါတယ္။
ထိုစဥ္တုန္းက ေဒါ့မြန္အသင္းကေန ႏုတ္ထြက္လာခဲ့တဲ့ ကေလာ့ပ္နဲ႔ နည္းျပတစ္သိုက္က တစ္ႏွစ္တိတိ နည္းျပအလုပ္ထဲ ျပန္မဝင္ပဲ ေအးေအးေဆးေဆး အနားယူဖို႔ ကတိျပဳထားၾကတာပါ။ ကေလာ့ပ္နည္းတူ အျခားေသာ လက္ေထာက္နည္းျပေတြက ကိုယ္ျမိဳ႕ေတြျပန္ျပီး အနားယူတာ ခရီးထြက္တာေတြလုပ္ဖို႔ စီစဥ္ထားခဲ့ပါတယ္။
ခရာဝစ္ဇ္က ” ယံုရခက္ၾကီးပါပဲ။ က်ေန္ာတို႔ တစ္ႏွစ္ေလာက္ အနားယူခြင့္ရမယ္လို႔ တကယ္ကို ထင္ခဲ့တာပါ။ က်ေနာ္က ေဒါ့မြန္ကေန ဇာတိျမိဳ႕ မိန္႔ကို ျပန္မယ္ သားကို ေက်ာင္းပို႔ေပးမယ္ ေႏြအားလပ္ရက္မွာ စပိန္တို႔ ဂရိတို႔ကို သြားလည္မယ္လို႔ လုပ္ထားၾကတာပါ။ ဒီဇင္ဘာမွာ ေမြးေန႔ပါတီ အၾကီးၾကီးလုပ္ဖို႔ထိ အစီအစဥ္ရွိပါတယ္။
အဲ့မွာပဲ ကေလာ့ပ္က ‘ နားေထာင္ စိတ္ဝင္စားစရာပဲ လီဗာပူးဘက္က ဖုန္းေခၚလာတယ္ကြ’ လို႔ေျပာတယ္။ ရိုးရိုးသားသား ေျပာရရင္ က်ေနာ္ကလည္း တစ္ႏွစ္ေလာက္နားမယ္ ေျပာထားတယ္ေလကြာ အခုမွ သံုးလေလာက္ပဲ ရွိေသးတယ္လို႔ ျပန္ေျပာခဲ့ျပီး ကေလာ့ပ္က ‘ ေအ့ေလး ခုကမ္းလွမ္းလာတာက အသင္းၾကီးေလးကြာ’ လို႔ ဆိုခဲ့တယ္။
လီဗာပူးက ေခၚတယ္ၾကားေတာ့ ဆိုဖာကေန ခုန္ထျပီး ခရီးေဆာင္အိတ္ ဘယ္မွာလဲ လီဗာပူးကို သြားမယ္ဆိုျပီးေတာ့ မျဖစ္ခဲ့ပါဘူး။ စိတ္ထဲမွာေတာ့ ဒီအေၾကာင္းကို စဥ္းစားျပီး ဇနီးသည္ကို ေျပာျဖစ္ေအာင္ ေျပာမယ္ေတာ့ ေတြးမိခဲ့တယ္။ လီဗာပူးဆိုတာက အသင္းၾကီးျဖစ္ျပီး အဂၤလန္နဲ႔ ပရီးမီးယားလိဂ္က စိန္ေခၚမႈဆိုတာ ရွင္းပါတယ္။ ကေလာ့ပ့္က က်ေနာ္ကို ခပ္ျမန္ျမန္ပဲ စည္းရံုးတယ္။
တစ္နာရီ၊ ႏွစ္နာရီေလာက္ စဥ္းစားအျပီးမွာေတာ့ ဘာအားလပ္ရက္မွ မယူေတာ့ဘူး၊ ဘယ္ခရီးမွ မထြက္ေတာ့ဘူး။ အားလံုးသြားမယ္၊ အားလံုး သြားၾကမယ္ဆိုျပီး လီဗာပူးကို လာဖို႔ ျဖစ္လာခဲ့တာပါပဲ ” လို႔ ေျပာျပခဲ့ပါတယ္။
ကေလာ့ပ္ဟာ သူ႔နဲ႔အတူ လက္ေထာက္ႏွစ္ဦးကို ေခၚယူလာခဲ့တာျဖစ္ေပမယ့္ လက္ရွိမွာေတာ့ ခရာဝစ္ဇ္ပဲ က်န္ခဲ့ေတာ့တာျဖစ္တယ္။ ကေလာ့ပ္ရဲ႕ နည္းျပသက္တမ္းတစ္ေလွ်ာက္လံုးမွာ ေဘးက အတူရွိခဲ့တဲ့ ခရာဝစ္ဇ္ဟာ သူ႔ရဲ႕တာဝန္ျဖစ္တဲ့ နည္းစနစ္ေရးရာ ခြဲျခမ္းစိတ္ျဖာမႈကို အေကာင္းဆုံး ဆက္လုပ္ေပးေနဆဲ ျဖစ္ပါတယ္။