လီဗာပူးဟာ ၂၀၀၇ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အေစီမီလန်ကို ရင်ဆိုင်ပြီး အရေးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ပွဲမတိုင်ခင် ချယ်ဆီးနဲ့ ယှဉ်ပြိုင်ကစားရတဲ့ ဆီမီးဖိုင်နယ်ပွဲတွေက ကလပ်သမိုင်းမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဥရောပပွဲတွေထဲ ပါဝင်ခဲ့သေးတာဖြစ်တယ်။

ထိုစဉ်ကလည်း လီဗာပူးက ချန်ပီယံလိဂ်မှာ အသင်းတိုင်းရှိန်ရတဲ့ အသင်းဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာ ချန်ပီယံဖြစ်ကာ၊ ၂၀၀၇ မှာ ဗိုလ်လုပွဲကို ထပ်တက်နိုင်ခဲ့တာပါ။ လီဗာပူးကစားသမားဟောင်း ပီတာခရော့က သူ့ရဲ့ အန်ဖီးကစားသမားဘဝမှာ ကွင်းကြီးတစ်ခုလုံး ပွင့်ထွက်သွားမယ်တောင် ထင်ခဲ့တဲ့ ပွဲအကြောင်း ပြောပြရာမှာတော့ ဥရောပဗိုလ်လုပွဲကို တက်ရောက်စေခဲ့တဲ့ အန်ဖီးကွင်းက အဆုံးအဖြတ်ပွဲအကြောင်း ပြောပြခဲ့ပါတယ်။

၂၀၀၆-၂၀၀၇ ခုနှစ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ချယ်ဆီးက ဂျိုးကိုးရဲ့ တစ်လုံးတည်းသော သွင်းဂိုးဖြင့် ဦးဆောင်ခဲ့ပြီး ဒုတိယအကျော့ အန်ဖီးကွင်းက ပွဲမှာတော့ အဂ္ဂါက တစ်လုံးတည်းသော ခြေပဂိုး ပြန်သွင်းခဲ့တယ်။ အချိန်ပို ဆက်ကစားပြီး ဂိုးမသွင်းနိုင်လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာမှာ ၄-၁ ရလဒ် ထွက်ခဲ့ပါတယ်။ အဆိုပါပွဲ နောက်ဆုံး ပင်နယ်တီကို ဒက်ကွတ်က သွင်းယူခဲ့ခြင်းဖြသ်တယ်။

ခရော့က ” ၂၀၀၇ ခုနှစ်တုန်းက ချယ်ဆီးနဲ့ ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲ ပြင်းထန်မှုကတော့ မယုံနိုင်လောက်အောင်ပါပဲ။ ဒတ်ကွတ်ရဲ့ ပင်နယ်တီ ဝင်သွားပြီး အသင်း အနိုင်ရသွားချိန်မှာ အန်ဖီးကွင်းအမိုး ပွင့်ထွက်သွားလောက်တဲ့ ပရိသတ်တွေရဲ့ အားပေးသံမျိုးက တစ်ခါမှကို မယုံဖူးလောက်အောင်ပါပဲ။

အဲ့လိုပွဲမှာ ပြိုင်ဆိုင်မှုနဲ့ ပြိုင်ဘက်ရဲ့ အရည်အချင်းက မယုံနိုင်လောက်အောင် ထူးချွန်လွန်းလှပါတယ်။ ကျနေ်ာတို့က ကြိုးတန်းပေါ် လမ်းလျှေက်နေရသလို အနေအထားဖြစ်ကာ အမှားတစ်ခုလေး လုပ်လိုက်မိတာနဲ့ အိပ်မက်တွေ အဆုံးသတ်သွားမယ့် အနေအထားပါ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ထိုစဉ်က ချယ်ဆီးအသင်းဟာ အင်္ဂလန်ရဲ့ အကောင်းဆုံးအသင်းဖြစ်ပြီး ၂၀၀၇ ခုနှစ် ဆီမီးဖိုင်နယ်မှာ လန်ဒန်အသင်းကို အနိုင်ယူခြင်းက သုံးနှစ်အတွင်း မော်ရင်ညို ဦးဆောင်တဲ့ အသင်းကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကနေ ၂ ကြိမ်ထိ နောက်ကောက်ချခြင်းလည်း ဖြစ်ခဲ့ပါတယ်။ အဲ့ပွဲကို အမှတ်ရတဲ့ လီဗာပူးပရိသတ်တွေ ရှိကြဦးမလားဗျာ။

ZAWGYI

လီဗာပူးဟာ ၂၀၀၇ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ေအစီမီလန္ကို ရင္ဆုိင္ျပီး အေရးနိမ့္ခဲ့ပါတယ္။ ဒါေပမယ့္ အဲ့ပြဲမတိုင္ခင္ ခ်ယ္ဆီးနဲ႔ ယွဥ္ျပိဳင္ကစားရတဲ့ ဆီမီးဖိုင္နယ္ပြဲေတြက ကလပ္သမိုင္းမွာ စိတ္လႈပ္ရွားစရာ အေကာင္းဆံုး ဥေရာပပြဲေတြထဲ ပါဝင္ခဲ့ေသးတာျဖစ္တယ္။

ထိုစဥ္ကလည္း လီဗာပူးက ခ်န္ပီယံလိဂ္မွာ အသင္းတိုင္းရွိန္ရတဲ့ အသင္းျဖစ္ျပီး ၂၀၀၅ ခုႏွစ္မွာ ခ်န္ပီယံျဖစ္ကာ၊ ၂၀၀၇ မွာ ဗိုလ္လုပြဲကို ထပ္တက္ႏုိင္ခ့ဲတာပါ။ လီဗာပူးကစားသမားေဟာင္း ပီတာခေရာ့က သူ႔ရဲ႕ အန္ဖီးကစားသမားဘဝမွာ ကြင္းၾကီးတစ္ခုလံုး ပြင့္ထြက္သြားမယ္ေတာင္ ထင္ခဲ့တဲ့ ပြဲအေၾကာင္း ေျပာျပရာမွာေတာ့ ဥေရာပဗိုလ္လုပြဲကို တက္ေရာက္ေစခဲ့တဲ့ အန္ဖီးကြင္းက အဆံုးအျဖတ္ပြဲအေၾကာင္း ေျပာျပခဲ့ပါတယ္။

၂၀၀၆-၂၀၀၇ ခုႏွစ္ ဆီမီးဖိုင္နယ္ ပထမအေက်ာ့မွာ ခ်ယ္ဆီးက ဂ်ိဳးကိုးရဲ႕ တစ္လံုးတည္းေသာ သြင္းဂိုးျဖင့္ ဦးေဆာင္ခဲ့ျပီး ဒုတိယအေက်ာ့ အန္ဖီးကြင္းက ပြဲမွာေတာ့ အဂၢါက တစ္လံုးတည္းေသာ ေျခပဂိုး ျပန္သြင္းခဲ့တယ္။ အခ်ိန္ပို ဆက္ကစားျပီး ဂိုးမသြင္းႏုိင္လုိ႔ ပင္နယ္တီ အဆံုးအျဖတ္ ခံယူခဲ့ရာမွာ ၄-၁ ရလဒ္ ထြက္ခဲ့ပါတယ္။ အဆိုပါပြဲ ေနာက္ဆံုး ပင္နယ္တီကို ဒက္ကြတ္က သြင္းယူခဲ့ျခင္းျဖသ္တယ္။

ခေရာ့က ” ၂၀၀၇ ခုႏွစ္တုန္းက ခ်ယ္ဆီးနဲ႔ ယွဥ္ျပိဳင္ကစားတဲ့ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ပြဲ ျပင္းထန္မႈကေတာ့ မယံုႏုိင္ေလာက္ေအာင္ပါပဲ။ ဒတ္ကြတ္ရဲ႕ ပင္နယ္တီ ဝင္သြားျပီး အသင္း အႏုိင္ရသြားခ်ိန္မွာ အန္ဖီးကြင္းအမိုး ပြင့္ထြက္သြားေလာက္တဲ့ ပရိသတ္ေတြရဲ႕ အားေပးသံမ်ိဳးက တစ္ခါမွကို မယံုဖူးေလာက္ေအာင္ပါပဲ။

အဲ့လိုပြဲမွာ ျပိဳင္ဆိုင္မႈနဲ႔ ျပိဳင္ဘက္ရဲ႕ အရည္အခ်င္းက မယံုႏုိင္ေလာက္ေအာင္ ထူးခၽြန္လြန္းလွပါတယ္။ က်ေန္ာတို႔က ၾကိဳးတန္းေပၚ လမ္းေလွ်က္ေနရသလို အေနအထားျဖစ္ကာ အမွားတစ္ခုေလး လုပ္လိုက္မိတာနဲ႔ အိပ္မက္ေတြ အဆံုးသတ္သြားမယ့္ အေနအထားပါ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ထိုစဥ္က ခ်ယ္ဆီးအသင္းဟာ အဂၤလန္ရဲ႕ အေကာင္းဆံုးအသင္းျဖစ္ျပီး ၂၀၀၇ ခုႏွစ္ ဆီမီးဖိုင္နယ္မွာ လန္ဒန္အသင္းကို အႏုိင္ယူျခင္းက သံုးႏွစ္အတြင္း ေမာ္ရင္ညိဳ ဦးေဆာင္တဲ့ အသင္းကို ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ကေန ၂ ၾကိမ္ထိ ေနာက္ေကာက္ခ်ျခင္းလည္း ျဖစ္ခဲ့ပါတယ္။ အဲ့ပြဲကို အမွတ္ရတဲ့ လီဗာပူးပရိသတ္ေတြ ရွိၾကဦးမလားဗ်ာ။