ယာဂင်ကလော့ပ်ရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတဲ့ ဂယ်ရီနဗီးက သူ့ရဲ့ တွစ်တာကနေ ပြန်လည် တုန့်ပြန်မှုတစ်ခုကို ပြုလုပ်ပြီး အခြေအနေတွေကို ပေါ့ပေါ့ပါးပါးဖြစ်ဖို့ ဖန်းတီးလိုက်ပါတယ်။
မန်နေဂျာကလော့ပ်က ထင်တိုင်းအဲပြီး ချပြမပြီးနိုင်တဲ့ အမြင်တွေ လုပ်နေတဲ့ ဂယ်ရီနဗီးအား ‘ ဒီလော့ဒေါင်းကာလကြီးမှာ ဂယ်ရီနဗီးက ကိစ္စအားလုံးမှာ ဖြေရှင်နိုင်တဲ့ အမြင်ရှိသူပါလား ဆိုတာကလွဲလို့ ဘာတစ်ခုကိုမှ ငါမသင်ယူနိုင်ခဲ့ပါဘူး။ ဒါက မယုံနိုင်လောက်အောင်ပါပဲ ‘ လို့ ရယ်မောပြီး ဟာသလုပ် ပြောဆိုခဲ့တာပါ။
ကလော့ပ်ရဲ့ မှတ်ချက်ကို ဂယ်ရီနဗီးက သူ့ရဲ့ တွစ်တာ လူမှုကွန်ယက်ကနေပဲ တုန့်ပြန်ခဲ့ခြင်းဖြစ်ကာ ” ပြောတာတွေ ကလော့ပ် နားထောင်တာအတွက် ဝမ်းမြောက်မိပါတယ် ” လို့ ဖြစ်ပါတယ်။ ကလော့ပ်နဲ့ နဗီးတို့ရဲက လေတိုက်မှုတွေက အေးအေးဆေးဆေး အနေအထားပဲဖြစ်တယ်။
ဂယ်ရီနဗီးဟာ လော့ဒေါင်းကာလမှာ နေအိမ်တွင်းကနေပဲ စကိုင်းစပေါ့ရဲ့ တီဗီရှိုးတွေကို ပါဝင်တင်ဆက်နေသူပါ။ သူက လာမယ့်ရာသီမှာ ယူနိုက်တက်ဟာ အမှတ်ပေးဖလား စိန်ခေါ်မှာဖြစ်ကြောင်းနဲ့ ယူနိုက်တက် ခံစစ်သမား ဘစ်ဆာကာဟာ ထရန့်ထက် ပိုကောင်းတဲ့ ခံစစ်သမားလို ဆွေးနွေးမှုတွေ အများကြီးလည်း လုပ်ခဲ့သူဖြစ်တယ်။
ကလော့ပ်ကတော့ နဗီးညီအကိုက အကျိုးမရှိတဲ့ ဝေဖန်ရေးမျိုးတွေကိုပဲ လုပ်လေ့ရှိတဲ့ လေသမားတွေဖြစ်ပြီး ဘောလုံးပွဲတွေမှာ သူတို့အသံကို ပိတ်ပြီး ကြည့်ကြောင်း ဆိုထားခဲ့သလို အခုတစ်ကြိမ်မှာ ဂယ်ရီနဗီးအား အားလုံးကို သိတတ်နေသူလို့ ထပ်မံ လှောင်ပြောင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ZAWGYI