လီဗာပူးအသင်းဟာ ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်တိုက်စစ်မှူး ဝါနာကို ခေါ်ယူမှုမှာ အခြား မည်သည့် အသင်းထက်မဆို အထူး အခွင့်အရေး ရရှိမယ်လို့ သိရပါတယ်။
လိုက်ဇစ်နဲ့ ၂၀၂၃ ခုနှစ်ထိ စာချုပ်ရှိထားတဲ့ တီမိုဝါနာဟာ လာမယ့်ရာသီမှာ လီဗာပူးတစ်သင်းကလွဲလို့ အခြား မည်သည့် ဥရောပကလပ်ကိုမှ ပြောင်းမှာ မဟုတ်ပါဘူး။ ဂျာမနီတိုက်စစ်သမားကတော့ လီဗာပူးကို ပြောင်းခွင့်မရဘူးဆိုရင် လိုက်ဇစ်နဲ့ နောက်ထပ် တစ်ရာသီ ဆက်ကစားဖို့ကိုပဲ ရွေးချယ်မှာဖြစ်ပါတယ်။
ကိုရိုနာကပ်ဘေးကြောင့် လာမယ့် ၁၂ လဟာ ကလပ်အသင်းတွေ အပြောင်းအရွှေ့ လုပ်ရ အခက်ဆုံး ရာသီ ဖြစ်လာမှာဖြစ်တယ်။ The Athletic က ဖော်ပြမှုအရ လိုက်ဇစ်ဟာ သူတို့နဲ့ ဆက်ဆံရေးကောင်းရှိတဲ့ လီဗာပူးကို အထူး အခွင့်အရေး ပေးဖို့ ရှိနေပါတယ်။ လီဗာပူးနဲ့ လိုက်ဇစ်ဟာ နာဘီကီတာ အပြောင်းအရွှေ့တုန်းကလည်း ကောင်းမွန်တဲ့ ညိနှိုင်းမှုတွေ ရှိခဲ့တာပါ။
နွေမှာ လီဗာပူးဘက်က ဆန္ဒရှိရင် စာချုပ်ပါအတိုင်း ပေါင် ၅၂ သန်းနဲ့ ရောင်းထုတ်ဖို့အစား ပေါင် ၄၅ သန်းထိ ဈေးချပေးမှာဖြစ်တယ်။ အတွင်းသတင်းက ဖော်ပြမှုအရ လီဗာပူးဘက်ကတော့ ပေါင် ၄၂ သန်းထိကို ဈေးချပြီး ညိနှိုင်းမယ်လို့ သိရပါတယ်။ အကယ်လို နွေမှာ အပြောင်းအရွှေ့ မဖြစ်ပဲ နောက်ရာသီမှ ခေါ်ယူမယ်ဆိုရင်တော့ ပေါင် ၃၆ သန်းနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။
တီမိုဝါနာကို ရောင်းချရာမှာ ဆောင်းရာသီ အပြောင်းအရွှေ့တွေမှာ ရောင်းထုတ်မှာ မဟုတ်ဘဲ နွေအပြောင်းအရွှေ့ တစ်ခုတည်းမှာ ထွက်ခွာခွင့် ပေးမှာပါ။ မန်နေဂျာယာဂင်ကလော့ပ်က တီမိုဝါနာကို နွေမှာ ဦးစားပေးခေါ်ယူရမယ့် ပစ်မှတ်အဖြစ် သက်မှတ်ထားတာ ဖြစ်ပါတယ်။
ZAWGYI
လီဗာပူးအသင္းဟာ ဘြန္ဒက္လီဂါကလပ္ လိုက္ဇစ္တိုက္စစ္မွဴး ဝါနာကို ေခၚယူမႈမွာ အျခား မည္သည့္ အသင္းထက္မဆို အထူး အခြင့္အေရး ရရွိမယ္လို႔ သိရပါတယ္။
လိုက္ဇစ္နဲ႔ ၂၀၂၃ ခုႏွစ္ထိ စာခ်ဳပ္ရွိထားတဲ့ တီမိုဝါနာဟာ လာမယ့္ရာသီမွာ လီဗာပူးတစ္သင္းကလြဲလို႔ အျခား မည္သည့္ ဥေရာပကလပ္ကိုမွ ေျပာင္းမွာ မဟုတ္ပါဘူး။ ဂ်ာမနီတိုက္စစ္သမားကေတာ့ လီဗာပူးကို ေျပာင္းခြင့္မရဘူးဆိုရင္ လိုက္ဇစ္နဲ႔ ေနာက္ထပ္ တစ္ရာသီ ဆက္ကစားဖို႔ကိုပဲ ေရြးခ်ယ္မွာျဖစ္ပါတယ္။
ကိုရိုနာကပ္ေဘးေၾကာင့္ လာမယ့္ ၁၂ လဟာ ကလပ္အသင္းေတြ အေျပာင္းအေရႊ႔ လုပ္ရ အခက္ဆံုး ရာသီ ျဖစ္လာမွာျဖစ္တယ္။ The Athletic က ေဖာ္ျပမႈအရ လိုက္ဇစ္ဟာ သူတို႔နဲ႔ ဆက္ဆံေရးေကာင္းရွိတဲ့ လီဗာပူးကို အထူး အခြင့္အေရး ေပးဖို႔ ရွိေနပါတယ္။ လီဗာပူးနဲ႔ လိုက္ဇစ္ဟာ နာဘီကီတာ အေျပာင္းအေရႊ႔တုန္းကလည္း ေကာင္းမြန္တဲ့ ညိႏိႈင္းမႈေတြ ရွိခဲ့တာပါ။
ေႏြမွာ လီဗာပူးဘက္က ဆႏၵရွိရင္ စာခ်ဳပ္ပါအတိုင္း ေပါင္ ၅၂ သန္းနဲ႔ ေရာင္းထုတ္ဖို႔အစား ေပါင္ ၄၅ သန္းထိ ေစ်းခ်ေပးမွာျဖစ္တယ္။ အတြင္းသတင္းက ေဖာ္ျပမႈအရ လီဗာပူးဘက္ကေတာ့ ေပါင္ ၄၂ သန္းထိကို ေစ်းခ်ျပီး ညိႏိႈင္းမယ္လို႔ သိရပါတယ္။ အကယ္လို ေႏြမွာ အေျပာင္းအေရႊ႔ မျဖစ္ပဲ ေနာက္ရာသီမွ ေခၚယူမယ္ဆိုရင္ေတာ့ ေပါင္ ၃၆ သန္းနဲ႔ ေခၚယူႏုိင္မွာ ျဖစ္ပါတယ္။
တီမိုဝါနာကို ေရာင္းခ်ရာမွာ ေဆာင္းရာသီ အေျပာင္းအေရႊ႔ေတြမွာ ေရာင္းထုတ္မွာ မဟုတ္ဘဲ ေႏြအေျပာင္းအေရႊ႔ တစ္ခုတည္းမွာ ထြက္ခြာခြင့္ ေပးမွာပါ။ မန္ေနဂ်ာယာဂင္ကေလာ့ပ္က တီမိုဝါနာကို ေႏြမွာ ဦးစားေပးေခၚယူရမယ့္ ပစ္မွတ္အျဖစ္ သက္မွတ္ထားတာ ျဖစ္ပါတယ္။