လီဗာပူးအသင်းနဲ့ ချန်ပီယံလိဂ်ဖလားအနိုင်ရ ကစားသမားဖြစ်တဲ့ ကွင်းလယ်လူ ဝိုက်နယ်ဒမ်က သူ့ရဲ့ စိတ်ကြိုက် ကွင်းလယ်လူတစ်ဦးကို ထိပ်သီး ကစားသမားတွေရဲ့ အရည်အချင်းတွေကို ပေါင်းစပ်ပြီး ရွေးချယ်မှုအား ပြုလုပ်သွားပါတယ်။

Soccer AM အတွက် ပြုလုပ်တဲ့ ဒီရွေးချယ်မှုကတော့ ရှင်းပါတယ်။ အကောင်းဆုံးဆိုတဲ့ အစိတ်အပိုင်းတွေမှာ ကိုယ်နှစ်သက်တဲ့ ကစားသမားရဲ့ အရည်အချင်းကို ထည့်ရတာဖြစ်ပြီး တစ်ဦးကို နေရာနှစ်ခုအတွက် ရွေးချယ်ခွင့် မရှိပါဘူး။ ဝိုက်နယ်ဒမ်ကတော့ ဒီအတွက် သူ့ရဲ့ စိတ်ကြိုက် ကစားသမားကို အောက်ပါ အရည်အချင်းတွေနဲ့ ရွေးသွားပါတယ်။

Passing ability of… Steven Gerrard

ဘောလုံးပေးမှု စွမ်းရည်မှာတော့ လီဗာပူးဂန္တဝင်ကြီး စတီဗင်ဂျရတ်ဖြစ်ပါတယ်။ စတီဗင်ဟာ ပြီးပြည့်စုံမှု အရှိဆုံး ကွင်းလယ်လူတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

Strength of… Clarence Seedorf

နယ်သာလန်ကွင်းလယ်လူကြီးဟာ အေဂျက်ကနေ တောက်ပလာခဲ့ပြီး အေစီမီလန်မှာ နှစ်ပေါင်းများစွာ ကစားခဲ့ပါတယ်။ တကယ်ကို သန်မာသူဖြစ်ပါတယ်။

Engine of… James Milner

လှုပ်အားနှုန်းအတွက်က ဂျိမ်းမီလ်နာပါ။ သံသယရှိစရာ မလိုပါဘူး အသက် ၃၃ နှစ်အရွယ် ကွင်းလယ်လူက လီဗာပူးအသင်း ချန်ပီယံလိဂ်ဖလား အနိုင်ရမှုမှာ အရေးပါခဲ့ပါတယ်။

Football brain of… Xavi

ဘောလုံးဉာဏ်ရည်မှာတော့ ဇာဗီဟာ ပါရမီရှင်ဖြစ်ပါတယ်။ စပိန်ကွင်းလယ်လူဟာ ကွင်းလယ်လူတိုင်းရဲ့ စံပြလည်း ဖြစ်နေမှာပါ။

Skill of… Andrea Pirlo

အေစီမီလန်၊ ဂျူဗင်တပ်တွေမှာ တောက်ပခဲ့တဲ့ အီတလီသားကြီးဟာ ထူးချွန်တဲ့ ဘောလုံးစွမ်းရည်ကို ပိုင်ဆိုင်သူဖြစ်ပါတယ်။

Leadership of… Jordan Henderson

လီဗာပူးအဝတ်လဲခန်းကို တစ်သံတည်းထွက်စေသူလို့ ထင်ရှားတဲ့ ဟန်ဒါဆန်ရဲ့ ဦးဆောင်မှုကို ယုံကြည်တာက ဖြစ်သင့်ပါတယ်။ ကမ္ဘာထိပ်တန်းတွေဖြစ်တဲ့ အယ်လီဆန်၊ ဗန်ဒိုက်၊ ဆာလက်၊ မာနေး အစရှိတဲ့ ကစားသမားတွေ အားလုံးက ဟန်ဒါဆန်ရဲ့ ဦးဆောင်မှုအောက်မှာ ညီညွှတ်ကြပါတယ်။

Goalscoring of… Frank Lampard

စတီဗင်ဂျရတ်နဲ့ ခေတ်ပြိုင် အင်္ဂလန်သားကြီးက ချယ်ဆီးအသင်းသမိုင်းမှာ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ပြီး ဂိုးသွင်းစွမ်းရည် အရမ်းကို ကောင်းတဲ့သူပါ။

ZAWGYI

လီဗာပူးအသင္းနဲ႔ ခ်န္ပီယံလိဂ္ဖလားအႏုိင္ရ ကစားသမားျဖစ္တဲ့ ကြင္းလယ္လူ ဝိုက္နယ္ဒမ္က သူ႔ရဲ႕ စိတ္ၾကိဳက္ ကြင္းလယ္လူတစ္ဦးကို ထိပ္သီး ကစားသမားေတြရဲ႕ အရည္အခ်င္းေတြကို ေပါင္းစပ္ျပီး ေရြးခ်ယ္မႈအား ျပဳလုပ္သြားပါတယ္။

Soccer AM အတြက္ ျပဳလုပ္တဲ့ ဒီေရြးခ်ယ္မႈကေတာ့ ရွင္းပါတယ္။ အေကာင္းဆံုးဆိုတဲ့ အစိတ္အပိုင္းေတြမွာ ကိုယ္ႏွစ္သက္တဲ့ ကစားသမားရဲ႕ အရည္အခ်င္းကို ထည့္ရတာျဖစ္ျပီး တစ္ဦးကို ေနရာႏွစ္ခုအတြက္ ေရြးခ်ယ္ခြင့္ မရွိပါဘူး။ ဝိုက္နယ္ဒမ္ကေတာ့ ဒီအတြက္ သူ႔ရဲ႕ စိတ္ၾကိဳက္ ကစားသမားကို ေအာက္ပါ အရည္အခ်င္းေတြနဲ႔ ေရြးသြားပါတယ္။

Passing ability of… Steven Gerrard

ေဘာလံုးေပးမႈ စြမ္းရည္မွာေတာ့ လီဗာပူးဂႏၱဝင္ၾကီး စတီဗင္ဂ်ရတ္ျဖစ္ပါတယ္။ စတီဗင္ဟာ ျပီးျပည့္စံုမႈ အရွိဆံုး ကြင္းလယ္လူေတြထဲက တစ္ဦးလည္း ျဖစ္ပါတယ္။

Strength of… Clarence Seedorf

နယ္သာလန္ကြင္းလယ္လူၾကီးဟာ ေအဂ်က္ကေန ေတာက္ပလာခဲ့ျပီး ေအစီမီလန္မွာ ႏွစ္ေပါင္းမ်ားစြာ ကစားခဲ့ပါတယ္။ တကယ္ကို သန္မာသူျဖစ္ပါတယ္။

Engine of… James Milner

လႈပ္အားႏႈန္းအတြက္က ဂ်ိမ္းမီလ္နာပါ။ သံသယရွိစရာ မလိုပါဘူး အသက္ ၃၃ ႏွစ္အရြယ္ ကြင္းလယ္လူက လီဗာပူးအသင္း ခ်န္ပီယံလိဂ္ဖလား အႏုိင္ရမႈမွာ အေရးပါခဲ့ပါတယ္။

Football brain of… Xavi

ေဘာလံုးဥာဏ္ရည္မွာေတာ့ ဇာဗီဟာ ပါရမီရွင္ျဖစ္ပါတယ္။ စပိန္ကြင္းလယ္လူဟာ ကြင္းလယ္လူတိုင္းရဲ႕ စံျပလည္း ျဖစ္ေနမွာပါ။

Skill of… Andrea Pirlo

ေအစီမီလန္၊ ဂ်ဴဗင္တပ္ေတြမွာ ေတာက္ပခဲ့တဲ့ အီတလီသားၾကီးဟာ ထူးခၽြန္တဲ့ ေဘာလံုးစြမ္းရည္ကို ပိုင္ဆိုင္သူျဖစ္ပါတယ္။

Leadership of… Jordan Henderson

လီဗာပူးအဝတ္လဲခန္းကို တစ္သံတည္းထြက္ေစသူလို႔ ထင္ရွားတဲ့ ဟန္ဒါဆန္ရဲ႕ ဦးေဆာင္မႈကို ယံုၾကည္တာက ျဖစ္သင့္ပါတယ္။ ကမၻာထိပ္တန္းေတြျဖစ္တဲ့ အယ္လီဆန္၊ ဗန္ဒိုက္၊ ဆာလက္၊ မာေနး အစရွိတဲ့ ကစားသမားေတြ အားလံုးက ဟန္ဒါဆန္ရဲ႔ ဦးေဆာင္မႈေအာက္မွာ ညီညႊတ္ၾကပါတယ္။

Goalscoring of… Frank Lampard

စတီဗင္ဂ်ရတ္နဲ႔ ေခတ္ျပိဳင္ အဂၤလန္သားၾကီးက ခ်ယ္ဆီးအသင္းသမိုင္းမွာ ဂိုးသြင္းအမ်ားဆံုး ကစားသမားျဖစ္ျပီး ဂိုးသြင္းစြမ္းရည္ အရမ္းကို ေကာင္းတဲ့သူပါ။