မန်နေဂျာ ယာဂင်ကလော့ပ်က နောက်လတွေမှာ ပြန်လည် စတင်တော့မယ့် ပရီးမီးယားလိဂ်ပွဲတွေအတွက် အဆင်သင့်ဖြစ်နေစေရမယ်လို့ ကတိပေးစကား ပြောဆိုခဲ့ပါတယ်။

ကလော့ပ်က သူဟာ လေ့ကျင့်ရေးတွေ ပြန်ဝင်ရတော့မယ့် ကစားသမားတွေကို ဖိအားတွေ အရမ်းပေးမှာ မဟုတ်ဘူးလို့ ဆိုတယ်။ ဆက်လက်ပြီးလည်း ပြိုင်ပွဲတွေနည်းတူ တူညီစွာရရှိမယ့် ပြင်ဆင်ချိန်တွေမှာ အသင်းကို အကောင်းဆုံး ပြင်ဆင်သွားမယ်လို့ ထုတ်ပြောခဲ့ပါတယ်။

ကလော့ပ်က ” ဘောလုံးဆိုတာ ကျနော်တို့ ရင်ဆိုင်ရတဲ့ အသင်းတိုင်းကလည်း တူညီတဲ့ အခြေအနေမှာ ပါဝင်ရတဲ့ ကစားပွဲတစ်ခုပါပဲ။ ကျနေ်ာတို့ စွမ်းဆောင်နိုင်ခဲ့သမျှထဲမှာ အကောင်းဆုံး စွမ်းဆောင် ရှိနေဖို့ထက် အကောင်းဆုံးတွေကို တတ်နိုင်သလောက် လုပ်ပြဖို့ပဲ လိုပါတယ်။ ဒါက အခြားအသင်းတွေအတွက်လည်း အတူတူပါပဲ။

ဘယ်အချိန်ပဲ ပြန်စသည်ဖြစ်စေ ကျနေ်ာတို့တွေက ပြင်ဆင်ချိန်တွေကို တူညီစွာ ရကြမှာဖြစ်ပြီး ကျနေ်ာတို့ရဲ့ အလုပ်က ကိုယ်ရမယ့် အချိန်အတွင်းမှာ အကောင်းဆုံး လုပ်ဆောင်ဖို့ပါပဲ။ ဖြစ်နိုင်သလောက် ပုံစံကောင်းတွေမှာ ရှိနေဖို့ ကြိုးစားသွားပါမယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဗြိတိန်အစိုးရဟာ ဇွန်လ ၁ ရက်နေ့က စတင်ပြီး ဘောလုံးကစားခွင့်တွေ ပြန်စတင်နိုင်ပြီလို့ ခွင့်ပြုပေးထားပါပြီ။ ပရီးမီးယားလိဂ်ကတော့ ပုံမှန် လေ့ကျင့်ချိန် ၄ ပတ် ခွင့်ပြုပေးရဦးမှာဖြစ်လို့ ဘောလုံးပွဲတွေကို ဇွန်လ ၁၉ ရက်နေ့တွေမှာ ပြန်လည် စတင်လာနိုင်မယ်လို့ မျှော်လင့်ထားရတာ ဖြစ်ပါတယ်။လ

ZAWGYI

မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ေနာက္လေတြမွာ ျပန္လည္ စတင္ေတာ့မယ့္ ပရီးမီးယားလိဂ္ပြဲေတြအတြက္ အဆင္သင့္ျဖစ္ေနေစရမယ္လို႔ ကတိေပးစကား ေျပာဆိုခဲ့ပါတယ္။

ကေလာ့ပ္က သူဟာ ေလ့က်င့္ေရးေတြ ျပန္ဝင္ရေတာ့မယ့္ ကစားသမားေတြကို ဖိအားေတြ အရမ္းေပးမွာ မဟုတ္ဘူးလို႔ ဆိုတယ္။ ဆက္လက္ျပီးလည္း ျပိဳင္ပြဲေတြနည္းတူ တူညီစြာရရွိမယ့္ ျပင္ဆင္ခ်ိန္ေတြမွာ အသင္းကို အေကာင္းဆံုး ျပင္ဆင္သြားမယ္လို႔ ထုတ္ေျပာခဲ့ပါတယ္။

ကေလာ့ပ္က ” ေဘာလံုးဆိုတာ က်ေနာ္တို႔ ရင္ဆိုင္ရတဲ့ အသင္းတိုင္းကလည္း တူညီတဲ့ အေျခအေနမွာ ပါဝင္ရတဲ့ ကစားပြဲတစ္ခုပါပဲ။ က်ေန္ာတို႔ စြမ္းေဆာင္ႏုိင္ခဲ့သမွ်ထဲမွာ အေကာင္းဆံုး စြမ္းေဆာင္ ရွိေနဖို႔ထက္ အေကာင္းဆံုးေတြကို တတ္ႏုိင္သေလာက္ လုပ္ျပဖို႔ပဲ လိုပါတယ္။ ဒါက အျခားအသင္းေတြအတြက္လည္း အတူတူပါပဲ။

ဘယ္အခ်ိန္ပဲ ျပန္စသည္ျဖစ္ေစ က်ေန္ာတို႔ေတြက ျပင္ဆင္ခ်ိန္ေတြကို တူညီစြာ ရၾကမွာျဖစ္ျပီး က်ေန္ာတို႔ရဲ႕ အလုပ္က ကိုယ္ရမယ့္ အခ်ိန္အတြင္းမွာ အေကာင္းဆံုး လုပ္ေဆာင္ဖို႔ပါပဲ။ ျဖစ္ႏုိင္သေလာက္ ပံုစံေကာင္းေတြမွာ ရွိေနဖို႔ ၾကိဳးစားသြားပါမယ္ ” လို႔ ဆိုခ့ဲတာျဖစ္ပါတယ္။

ျဗိတိန္အစိုးရဟာ ဇြန္လ ၁ ရက္ေန႔က စတင္ျပီး ေဘာလံုးကစားခြင့္ေတြ ျပန္စတင္ႏုိင္ျပီလို႔ ခြင့္ျပဳေပးထားပါျပီ။ ပရီးမီးယားလိဂ္ကေတာ့ ပံုမွန္ ေလ့က်င့္ခ်ိန္ ၄ ပတ္ ခြင့္ျပဳေပးရဦးမွာျဖစ္လို႔ ေဘာလံုးပြဲေတြကို ဇြန္လ ၁၉ ရက္ေန႔ေတြမွာ ျပန္လည္ စတင္လာႏုိင္မယ္လို႔ ေမွ်ာ္လင့္ထားရတာ ျဖစ္ပါတယ္။