ပရီးမီးယားလိဂ်ကို ဇွန်လဝက် (သို့) ဇွန်လနောင်းပိုင်း ကာလတွေမှာ ပြန်လည်စတင်နိုင်ဖို့ ပြင်ဆင်နေကြပြီး တနင်္လာနေ့မှာတော့ လေ့ကျင့်ရေး ပြန်စရက်ကို မဲခွဲမှု ပြုလုပ်ကြမှာဖြစ်ပါတယ်။
၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို ပြန်စနိုင်ခြင်းက လီဗာပူးကို ချန်ပီယံဖြစ်စေဖို့အပြင် အသင်းသား အချို့ကိုလည်း အကျိုးအမြတ် ရစေဖို့ ရှိနေပါတယ်။ သူတို့တွေက ဒီရာသီမှာ ကြံ့ခိုင်မှု ရုန်းကန်နေရတဲ့ ကစားသမားတွေနဲ့ ပွဲအတွေ့အကြုံ ပိုမို လိုအပ်နေတဲ့ ကစားသမားတွေ ဖြစ်ကြပါတယ်။
Alisson
လီဗာပူးအဓိက ဂိုးသမား အယ်လီဆန်ဟာ ရာသီစမှပဲ မမျှော်လင့်ပဲ ရခဲ့တဲ့ ကြွက်သားဒဏ်ရာအပြင် ရာသီဝက် အားလပ်ရက်တွေမှာ ရခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဒီရာသီမှာ ပုံမှန်ကစားချိန်တွေ အများအပြားကို လက်လွတ်ထားခဲ့ရတယ်။ ဒုတိယ ဦးစားပေး ဂိုးသမား အတ်ဒရီယန်ထက်တောင် ၁၀ ပွဲပဲ ပိုကစားထားနိုင်ခဲ့ပါတယ်။ ဒဏ်ရာလုံးဝ ကင်းစင်နေပြီဖြစ်တဲ့ အယ်လီဆန်ကို ကြံ့ခိုင်မှု ကောင်းကောင်း ပြန်မြင်ရဖို့ ရှိနေပါတယ်။
Xherdan Shaqiri
လီဗာပူးက ထွက်ခွာရမယ်လို့ သတင်းကြီးနေတဲ့ ရှာကွီရီဟာလည်း ဒဏ်ရာကြောင့် တစ်ရာသီလုံးနီးပါး အနားယူနေရပါတယ်။ သူ့ရဲ့ ခြေထောက် ကြွက်သား ဒဏ်ရာက ပြန်ကောင်းလာနေပြီး လက်ကျန် ရာသီမှာတော့ အရန်စာရင်းကို ပိုမို အင်အားတောင့်တင်း လာစေမှာပါ။
Naby Keita
ဒီရာသီမှာ ခြေစွမ်းပြခဲ့တဲ့ပွဲတွေ ရှိပေမယ့် ကာလရှည် ဒဏ်ရာတွေကြောင့် အနားယူချိန် လိုအပ်နေခဲ့တယ်။ ကလပ်နဲ့ လက်ရွေးစင်အသင်းကြား ဗျာများရတဲ့ ကီတာက ဒီကာလတွေမှာ ကောင်းကောင်း အနားယူခွင့်ရခဲ့ပါတယ်။ ကလော့ပ်ရဲ့ စိတ်ကြိုက် ကွင်းလယ်လူဖြစ်ပြီး သူ့ကို ယုံကြည်ပြီး အခွင့်အရေး ပေးလိုတာကြောင့် လာမယ့်ရာသီမှာ ကွင်းလယ်ပိုင်းကို အင်အားမဖြည့်ဖို့ထိ နည်းပြအဖွဲ့က ဆုံးဖြတ်ထားပါတယ်။
Takumi Minamino
ရာသီဝက်မှာ ရောက်လာရတဲ့ မီနာမီနိုက နယ်မြေသစ်မှာ အထိုင်ကျဖို့ အချိန်ယူခဲ့ရတယ်။ သူဟာ နေအိမ်သစ်မှာ ဘာသာစကားသစ်ကို အကောင်းဆုံး သင်ယူပြီး ဘောလုံးပွဲတွေ မရှိစဉ် ကာလတွေကို အကောင်းဆုံး အသုံးချနိုင်မယ်လို့ ယုံကြည်ထားရတယ်။
Harvey Elliott or Curtis Jones
လက်ကျန်ပွဲတွေမှာ ချန်ပီယံဖြစ်ဖို့ သေချာပြီးခဲ့ရင် လာမယ့်ရာသီအတွက် ရည်ရွယ်ပြီး သူတို့ နှစ်ဦးကို မန်နေဂျာကလော့ပ်က ပွဲထွက်ခွင့် ပေးဖို့ ရည်ရွယ်ထားပါတယ်။ ကာတစ်ဂျုံးဟာ လာမယ့်ရာသီ လယ်လာနာအစား အရန်စာရင်းကို အင်အားဖြည့်မှာဖြစ်ကာ အီလီယော့ကလည်း တောင်ပံတိုက်စစ်နေရာတွေမှာ အားဖြည့်စေဖို့ ကလော့ပ်က ရည်ရွယ်ထားပါတယ်။
ZAWGYI
ပရီးမီးယားလိဂ္ကို ဇြန္လဝက္ (သို႔) ဇြန္လေနာင္းပိုင္း ကာလေတြမွာ ျပန္လည္စတင္ႏုိင္ဖို႔ ျပင္ဆင္ေနၾကျပီး တနလၤာေန႔မွာေတာ့ ေလ့က်င့္ေရး ျပန္စရက္ကို မဲခြဲမႈ ျပဳလုပ္ၾကမွာျဖစ္ပါတယ္။
၂၀၁၉-၂၀၂၀ ေဘာလံုးရာသီကို ျပန္စႏုိင္ျခင္းက လီဗာပူးကို ခ်န္ပီယံျဖစ္ေစဖို႔အျပင္ အသင္းသား အခ်ိဳ႔ကိုလည္း အက်ိဳးအျမတ္ ရေစဖို႔ ရွိေနပါတယ္။ သူတို႔ေတြက ဒီရာသီမွာ ၾကံ႕ခိုင္မႈ ရုန္းကန္ေနရတဲ့ ကစားသမားေတြနဲ႔ ပြဲအေတြ႔အၾကံဳ ပိုမို လိုအပ္ေနတဲ့ ကစားသမားေတြ ျဖစ္ၾကပါတယ္။
Alisson
လီဗာပူးအဓိက ဂိုးသမား အယ္လီဆန္ဟာ ရာသီစမွပဲ မေမွ်ာ္လင့္ပဲ ရခဲ့တဲ့ ၾကြက္သားဒဏ္ရာအျပင္ ရာသီဝက္ အားလပ္ရက္ေတြမွာ ရခဲ့တဲ့ ဒဏ္ရာေတြေၾကာင့္ ဒီရာသီမွာ ပံုမွန္ကစားခ်ိန္ေတြ အမ်ားအျပားကို လက္လြတ္ထားခဲ့ရတယ္။ ဒုတိယ ဦးစားေပး ဂိုးသမား အတ္ဒရီယန္ထက္ေတာင္ ၁၀ ပြဲပဲ ပိုကစားထားႏုိင္ခဲ့ပါတယ္။ ဒဏ္ရာလံုးဝ ကင္းစင္ေနျပီျဖစ္တဲ့ အယ္လီဆန္ကို ၾကံ႕ခိုင္မႈ ေကာင္းေကာင္း ျပန္ျမင္ရဖို႔ ရွိေနပါတယ္။
Xherdan Shaqiri
လီဗာပူးက ထြက္ခြာရမယ္လို႔ သတင္းၾကီးေနတဲ့ ရွာကီြရီဟာလည္း ဒဏ္ရာေၾကာင့္ တစ္ရာသီလံုးနီးပါး အနားယူေနရပါတယ္။ သူ႔ရဲ႕ ေျခေထာက္ ၾကြက္သား ဒဏ္ရာက ျပန္ေကာင္းလာေနျပီး လက္က်န္ ရာသီမွာေတာ့ အရန္စာရင္းကို ပိုမို အင္အားေတာင့္တင္း လာေစမွာပါ။
Naby Keita
ဒီရာသီမွာ ေျခစြမ္းျပခဲ့တဲ့ပြဲေတြ ရွိေပမယ့္ ကာလရွည္ ဒဏ္ရာေတြေၾကာင့္ အနားယူခ်ိန္ လိုအပ္ေနခဲ့တယ္။ ကလပ္နဲ႔ လက္ေရြးစင္အသင္းၾကား ဗ်ာမ်ားရတဲ့ ကီတာက ဒီကာလေတြမွာ ေကာင္းေကာင္း အနားယူခြင့္ရခဲ့ပါတယ္။ ကေလာ့ပ္ရဲ႕ စိတ္ၾကိဳက္ ကြင္းလယ္လူျဖစ္ျပီး သူ႔ကို ယံုၾကည္ျပီး အခြင့္အေရး ေပးလိုတာေၾကာင့္ လာမယ့္ရာသီမွာ ကြင္းလယ္ပိုင္းကို အင္အားမျဖည့္ဖို႔ထိ နည္းျပအဖြဲ႔က ဆံုးျဖတ္ထားပါတယ္။
Takumi Minamino
ရာသီဝက္မွာ ေရာက္လာရတဲ့ မီနာမီႏိုက နယ္ေျမသစ္မွာ အထုိင္က်ဖို႔ အခ်ိန္ယူခဲ့ရတယ္။ သူဟာ ေနအိမ္သစ္မွာ ဘာသာစကားသစ္ကို အေကာင္းဆံုး သင္ယူျပီး ေဘာလံုးပြဲေတြ မရွိစဥ္ ကာလေတြကို အေကာင္းဆံုး အသံုးခ်ႏုိင္မယ္လို႔ ယံုၾကည္ထားရတယ္။
Harvey Elliott or Curtis Jones
လက္က်န္ပြဲေတြမွာ ခ်န္ပီယံျဖစ္ဖို႔ ေသခ်ာျပီးခဲ့ရင္ လာမယ့္ရာသီအတြက္ ရည္ရြယ္ျပီး သူတို႔ ႏွစ္ဦးကို မန္ေနဂ်ာကေလာ့ပ္က ပြဲထြက္ခြင့္ ေပးဖို႔ ရည္ရြယ္ထားပါတယ္။ ကာတစ္ဂ်ံဳးဟာ လာမယ့္ရာသီ လယ္လာနာအစား အရန္စာရင္းကို အင္အားျဖည့္မွာျဖစ္ကာ အီလီေယာ့ကလည္း ေတာင္ပံတိုက္စစ္ေနရာေတြမွာ အားျဖည့္ေစဖို႔ ကေလာ့ပ္က ရည္ရြယ္ထားပါတယ္။