လီဗာပူးတိုက်စစ်မှူးဆာလက်ကို လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်က ခေါ်ယူူဖို့ ကမ်းလှမ်းခဲ့ပေမယ့် အီဂျစ်သားက ငြင်းဆန်ပြီး မာဆေးဆိုဒ်မှာ ဆက်နေဖို့ ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။
ဒီအကြောင်းကို အီဂျစ် လက်ထောက်နည်းပြဟောင်း Hany Ramzy က ထုတ်ပြောခဲ့တာဖြစ်တယ်။ ၂၀၁၈ ခုနှစ်ဟာ လီဗာပူးနဲ့အတူ ဆာလက် အထူးတောက်ပခဲ့ပြီး ချန်ပီယံလိဂ်နဲ့ ကမ္ဘာဖလားမှာ အောင်မြင်မယ်ဆိုရင် အဆိုပါနှစ်ရဲ့ ဘလွန်းဒီအော့ဆုကို အနိုင်ရလိမ့်မယ်လို့တောင် ရေပန်းစားနေခဲ့တာဖြစ်တယ်။
Ramzy က “ ကျနော် အီဂျစ်နည်းပြ Hector Cuper နဲ့ လက်တွဲ လုပ်ဆောင်နေတုန်းက ၂၀၁၈ မတ်လမှာ ဆွစ်ဇလန်ကို သွားပြီး လေ့ကျင့်ရေး ပြုလုပ်ခဲ့ကြပါတယ်။ အဲ့မှာ ဆာလက်နဲ့ စကားတွေပြောဖြစ်ပြီး သူက ရီးရဲလ်မက်ဒရစ်ဘက်က ကမ်းလှမ်းမှု ပေးလာတာကို ပြောပြခဲ့တာပါ။
ရီးရဲလ်မက်ဒရစ်ဘက်က ကမ်းလှမ်းမှုက အတော်လေး ကောင်းပါတယ်။ ဒါပေမယ့် ဆာလက်က ကျနော်ရယ်၊ မစ္စတာကူပါရယ်နဲ့ ဆွေးနွေးမ လုပ်ခဲ့တယ်။ နောက်တော့ သူက ကစားရတာ အဆင်ပြေနေတယ်လို့ ခံစားရတဲ့ လီဗာပူးမှာ ဆက်နေဖို့ကိုပဲ ရွေးချယ်ခဲ့ပါတယ် ” လို့ ထုတ်ဖော် ပြောဆိုခဲ့တာဖြစ်တယ်။
ရီးရဲလ်မက်ဒရစ်က ကမ်းလှမ်းမှုပေးခဲ့တာဟာ ကိဗ်မှာ ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမတိုင်ခင် လပိုင်းအလိုမှာဖြစ်တယ်။ ၂၀၁၈ ချန်ပီယံလိဂ်မှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးတို့ ထိပ်တိုက်တွေ့ခဲ့ပြီး ဆာလက်ဟာ ရာမိုဒ့်နဲ့ ထိတွေ့ရာကရတဲ့ ပုခုံးဒဏ်ရာကြောင့် ပွဲချိန် မိနစ် ၃၀ လောက်မှာတင် လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။
ZAWGYI
လီဗာပူးတိုက္စစ္မွဴးဆာလက္ကို လာလီဂါကလပ္ ရီးရဲလ္မက္ဒရစ္က ေခၚယူူဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ အီဂ်စ္သားက ျငင္းဆန္ျပီး မာေဆးဆိုဒ္မွာ ဆက္ေနဖို႔ ေရြးခ်ယ္ခဲ့တယ္လို႔ သိရပါတယ္။
ဒီအေၾကာင္းကို အီဂ်စ္ လက္ေထာက္နည္းျပေဟာင္း Hany Ramzy က ထုတ္ေျပာခဲ့တာျဖစ္တယ္။ ၂၀၁၈ ခုႏွစ္ဟာ လီဗာပူးနဲ႔အတူ ဆာလက္ အထူးေတာက္ပခဲ့ျပီး ခ်န္ပီယံလိဂ္နဲ႔ ကမၻာဖလားမွာ ေအာင္ျမင္မယ္ဆိုရင္ အဆိုပါႏွစ္ရဲ႕ ဘလြန္းဒီေအာ့ဆုကို အႏုိင္ရလိမ့္မယ္လို႔ေတာင္ ေရပန္းစားေနခဲ့တာျဖစ္တယ္။
Ramzy က “ က်ေနာ္ အီဂ်စ္နည္းျပ Hector Cuper နဲ႔ လက္တြဲ လုပ္ေဆာင္ေနတုန္းက ၂၀၁၈ မတ္လမွာ ဆြစ္ဇလန္ကို သြားျပီး ေလ့က်င့္ေရး ျပဳလုပ္ခဲ့ၾကပါတယ္။ အဲ့မွာ ဆာလက္နဲ႔ စကားေတြေျပာျဖစ္ျပီး သူက ရီးရဲလ္မက္ဒရစ္ဘက္က ကမ္းလွမ္းမႈ ေပးလာတာကို ေျပာျပခဲ့တာပါ။
ရီးရဲလ္မက္ဒရစ္ဘက္က ကမ္းလွမ္းမႈက အေတာ္ေလး ေကာင္းပါတယ္။ ဒါေပမယ့္ ဆာလက္က က်ေနာ္ရယ္၊ မစၥတာကူပါရယ္နဲ႔ ေဆြးေႏြးမ လုပ္ခဲ့တယ္။ ေနာက္ေတာ့ သူက ကစားရတာ အဆင္ေျပေနတယ္လို႔ ခံစားရတဲ့ လီဗာပူးမွာ ဆက္ေနဖို႔ကိုပဲ ေရြးခ်ယ္ခဲ့ပါတယ္ ” လို႔ ထုတ္ေဖာ္ ေျပာဆိုခဲ့တာျဖစ္တယ္။
ရီးရဲလ္မက္ဒရစ္က ကမ္းလွမ္းမႈေပးခဲ့တာဟာ ကိဗ္မွာ ယွဥ္ျပိဳင္ကစားတဲ့ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမတိုင္ခင္ လပိုင္းအလိုမွာျဖစ္တယ္။ ၂၀၁၈ ခ်န္ပီယံလိဂ္မွာေတာ့ ရီးရဲလ္မက္ဒရစ္နဲ႔ လီဗာပူးတို႔ ထိပ္တိုက္ေတြ႔ခဲ့ျပီး ဆာလက္ဟာ ရာမိုဒ့္နဲ႔ ထိေတြ႔ရာကရတဲ့ ပုခံုးဒဏ္ရာေၾကာင့္ ပြဲခ်ိန္ မိနစ္ ၃၀ ေလာက္မွာတင္ လူစားလဲခဲ့ရတာ ျဖစ္ပါတယ္။