တစ်လကျော်ကြာ ရပ်နားထားရတဲ့ ဘွန်ဒက်လီဂါပွဲတွေကို မနေ့က ပြန်စခဲ့ပြီး ဟာသာဘာလင်အသင်းထဲ အငှားထွက်နေတဲ့ ကွင်းလယ်လူ ဂရုဂျစ်ကတော့ ပထမဆုံး ပြန်ကစားရတဲ့ ပွဲမှာလည်း ခြေစွမ်းကောင်းတွေ ပြသခဲ့ပြန်ပါတယ်။

ဟော့ဖန်ဟိမ်းအသင်းကို ၃-၀ နဲ့ အနိုင်ရရာမှာ ဟာသာဘာလင်အတွက် ဂိုးထောက်ပံ့မှုကော သွင်းဂိုးကိုပါ မလုပ်နိုင်ခဲ့ပေမယ့် ဂရုဂျစ်ရဲ့ စွမ်းဆောင်ရည်က အထင်ကြီးစရာ ကောင်းခဲ့တာပါ။ ဆားဘီးယား ကွင်းလယ်လူဟာ အငှားထွက်ကစားတဲ့ ကာလတွေမှာ ခြေစွမ်းကောင်းတွေ ပြသနေသူဖြစ်တယ်။

သူဟာ ဘာသာဘာလင်နဲ့ ၂ ရာသီ အငှားကစားနေတာဖြစ်ပြီး ဇွန်လ ၃၀ ရက် နောက်ပိုင်းမှာလည်း ဘွန်ဒက်လီဂါမှာပဲ ဆက်နေကာ နွေမှာ လီဗာပူးအသင်းထံ ပြန်လာမှာဖြစ်တယ်။ ကိုရိုနာကပ်ဘေးကြောင့် လီဗာပူးဟာ ကစားသမား ခေါ်ယူမှုတွေ အများကြီး မလုပ်နိုင်တာကြောင့် ဒီနွေမှာ ဂရုဂျစ်ကို နေရာပေးဖွယ်ရှိတယ်။

ကွင်းလယ်ခံစစ်သမားအဖြစ် လီဗာပူးပရိသတ်တွေ သိထားကြတဲ့ ဂရုဂျစ်ဟာ ဘွန်ဒက်လီဂါမှာ ကွင်းလယ်လူနေရာကို တိုးမြင့် ကစားခွင့် ရနေပါပြီ။ သူဟာ အခွင့်အရေးဖန်တီးမှုနဲ့ ဂိုးထောက်ပံ့မှုတွေမှာ အများကြီး တိုးတက်မလာပေမယ့် ကွင်းလယ်မှာ လှုပ်အားနှုန်းကို အသုံးပြုသူအဖြစ် ဘောလုံးရှင်းထုတ်မှု၊ ပြန်ဆယ်မှုအပြင် အမြင့်ဘော အောင်နိုင်မှုတွေမှာ အတော်လေး တိုးတက်လာနေပါတယ်။

ဂရုဂျစ်က လီဗာပူးကို ပြန်လာရင် ဖာဘင်ညို၊ ဟန်ဒါဆန်၊ ချိန်ဘာလိန်၊ ဝိုက်နယ်ဒမ်၊ ကီတာ၊ ဂျူံးတို့နဲ့ နေရာလုရမှာပါ။ ဒါပေမယ့် မီလ်နာ အသက်ရလာခြင်း၊ လယ်လာနာ ထွက်ခွာမှာဖြစ်ခြင်းနဲ့ ဂျုံး အတွေ့အကြုံ နုနယ်သေးခြင်းတို့မှာ ဂရုဂျစ်ကို မန်နေဂျာကလော့ပ် နေရာပေးမလားကလည်း စိတ်ဝင်စားဖို့ ကောင်းနေတာဖြစ်ပါတယ်။

Marko Grujić vs Hoffenheim (0-3 win)

  • Pass success percentage – 80
  • Chances created – 1
  • Accurate long balls – 9/11
  • Duels won – 8/15
  • Aerials won – 4/5
  • Clearances – 4
  • Recoveries – 6

တစ္လေက်ာ္ၾကာ ရပ္နားထားရတဲ့ ဘြန္ဒက္လီဂါပြဲေတြကို မေန႔က ျပန္စခဲ့ျပီး ဟာသာဘာလင္အသင္းထဲ အငွားထြက္ေနတဲ့ ကြင္းလယ္လူ ဂရုဂ်စ္ကေတာ့ ပထမဆံုး ျပန္ကစားရတဲ့ ပြဲမွာလည္း ေျခစြမ္းေကာင္းေတြ ျပသခဲ့ျပန္ပါတယ္။

ေဟာ့ဖန္ဟိမ္းအသင္းကို ၃-၀ နဲ႔ အႏုိင္ရရာမွာ ဟာသာဘာလင္အတြက္ ဂိုးေထာက္ပံ့မႈေကာ သြင္းဂိုးကိုပါ မလုပ္ႏုိင္ခဲ့ေပမယ့္ ဂရုဂ်စ္ရဲ႕ စြမ္းေဆာင္ရည္က အထင္ၾကီးစရာ ေကာင္းခဲ့တာပါ။ ဆားဘီးယား ကြင္းလယ္လူဟာ အငွားထြက္ကစားတဲ့ ကာလေတြမွာ ေျခစြမ္းေကာင္းေတြ ျပသေနသူျဖစ္တယ္။

သူဟာ ဘာသာဘာလင္နဲ႔ ၂ ရာသီ အငွားကစားေနတာျဖစ္ျပီး ဇြန္လ ၃၀ ရက္ ေနာက္ပိုင္းမွာလည္း ဘြန္ဒက္လီဂါမွာပဲ ဆက္ေနကာ ေႏြမွာ လီဗာပူးအသင္းထံ ျပန္လာမွာျဖစ္တယ္။ ကိုရိုနာကပ္ေဘးေၾကာင့္ လီဗာပူးဟာ ကစားသမား ေခၚယူမႈေတြ အမ်ားၾကီး မလုပ္ႏုိင္တာေၾကာင့္ ဒီေႏြမွာ ဂရုဂ်စ္ကို ေနရာေပးဖြယ္ရွိတယ္။

ကြင္းလယ္ခံစစ္သမားအျဖစ္ လီဗာပူးပရိသတ္ေတြ သိထားၾကတဲ့ ဂရုဂ်စ္ဟာ ဘြန္ဒက္လီဂါမွာ ကြင္းလယ္လူေနရာကို တိုးျမင့္ ကစားခြင့္ ရေနပါျပီ။ သူဟာ အခြင့္အေရးဖန္တီးမႈနဲ႔ ဂိုးေထာက္ပံ့မႈေတြမွာ အမ်ားၾကီး တိုးတက္မလာေပမယ့္ ကြင္းလယ္မွာ လႈပ္အားႏႈန္းကို အသံုးျပဳသူအျဖစ္ ေဘာလံုးရွင္းထုတ္မႈ၊ ျပန္ဆယ္မႈအျပင္ အျမင့္ေဘာ ေအာင္ႏုိင္မႈေတြမွာ အေတာ္ေလး တိုးတက္လာေနပါတယ္။

ဂရုဂ်စ္က လီဗာပူးကို ျပန္လာရင္ ဖာဘင္ညိဳ၊ ဟန္ဒါဆန္၊ ခ်ိန္ဘာလိန္၊ ဝိုက္နယ္ဒမ္၊ ကီတာ၊ ဂ်ံဴးတို႔နဲ႔ ေနရာလုရမွာပါ။ ဒါေပမယ့္ မီလ္နာ အသက္ရလာျခင္း၊ လယ္လာနာ ထြက္ခြာမွာျဖစ္ျခင္းနဲ႔ ဂ်ံဳး အေတြ႔အၾကံဳ ႏုနယ္ေသးျခင္းတို႔မွာ ဂရုဂ်စ္ကို မန္ေနဂ်ာကေလာ့ပ္ ေနရာေပးမလားကလည္း စိတ္ဝင္စားဖို႔ ေကာင္းေနတာျဖစ္ပါတယ္။