မကြာတော့တဲ့ အချိန်မှာ ဘာစီလိုနာဟာ တိုက်စစ်မှူးဆွာရက်စ်နေရာမှာ အစားထိုးစရာ စတင်ကာ ရှာဖွေရတော့မှာဖြစ်ပြီး သူ့နေရာအတွက် အူဘာမီယန်၊ မာနေးတို့လို ကစားသမားတွေနဲ့ သတင်းထွက်နေပါတယ်။

မာနေးဟာ ၂၀၁၉ ခုနှစ်အတွင်း လီဗာပူးနဲ့အတူ ချန်ပီယံလိဂ်ဖလား၊ စူပါဖလားနဲ့ ဖီဖာကမ္ဘာဖလားတို့ကို အနိုင်ရခဲ့တာဖြစ်တယ်။ ဒီရာသီမှာလည်း အမှတ်ပေးဇယားကို ၂၅ မှတ်ဖြတ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေးမှာ အတော်လေး အရေးပါသူဖြစ်ထားခဲ့ပါတယ်။

ဘာစီလိုနာဟာ မနှစ်က ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို အနိုင်ရခဲ့တဲ့ မာနေးကို ခေါ်ယူမယ်လို့ သတင်းတွေ ထွက်ပေမယ့်လည်း ဇာဗီကတော့ အဆိုပါ အမြင်ကို ငြင်းဆန်ခဲ့တယ်။ မာနေးက တိုက်စစ်သမားကောင်းအဖြစ် ဇာဗီက ချီးကျူးပေမယ့် ဘာစီလိုနာရဲ့ ဘောလုံးကစားဟန်ဟာ မာနေးလို ကစားသမားကို ခေါ်လို့ မရဘူးလို့ သူက မြင်ပါတယ်။

ဇာဗီက ” မာနေးနဲ့ အူဘာမီယန်တို့က ပွင့်နေတဲ့ နေရာလွတ်တွေကို အသုံးချပြီး ပြိုင်ဘက်ကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်တဲ့ ကစားသမားတွေပါ။ ဒါပေမယ့် ဘာစီလိုနာ လိုအပ်နေတဲ့ ကစားသမားမျိးက နေရာလွတ် သေးသေးတွေမှာ လှုပ်ရှားနိုင်တဲ့ ကစားသမားမျိုး ဖြစ်ပါတယ်။ ဘာစီလိုနာ ကစားဟန်နဲ့ အသားကျမယ့် တိုက်စစ်သမား တစ်ဦးကို ရှာဖွေဖို့က မလွယ်လှပါဘူး ” လို့ ဆိုခဲ့တာပါ။

ဇာဗီပြောဆိုမှုကလည်း မှန်ကန်ပါတယ်။ ဘာစီလိုနာဟာ ပိုင်ဆိုင်မှု အသားပေးရာမှာ တွဲလုံးတွေနဲ့ ထိုးဖောက်တဲ့ ကစားဟန်ကို ပိုင်ဆိုင်ထားပြီး မားနေးကတော့ ကောင်တာတိုက်စစ်ပုံစံ ဖိအားပေး ကစားတဲ့ လီဗာပူးတိုက်စစ်မှာ ခြေစွမ်းပြနေသူဖြစ်တယ်။ သူ့ကို ဘာစီလိုနာက မခေါ်ယူသင့်ဘူးဆိုတဲ့ ကိစ္စက ပရိသတ်တွေအတွက် သတင်းကောင်းလည်း ဖြစ်ပါတယ်။

ZAWGYI

မၾကာေတာ့တဲ့ အခ်ိန္မွာ ဘာစီလိုနာဟာ တိုက္စစ္မွဴးဆြာရက္စ္ေနရာမွာ အစားထိုးစရာ စတင္ကာ ရွာေဖြရေတာ့မွာျဖစ္ျပီး သူ႔ေနရာအတြက္ အူဘာမီယန္၊ မာေနးတို႔လို ကစားသမားေတြနဲ႔ သတင္းထြက္ေနပါတယ္။

မာေနးဟာ ၂၀၁၉ ခုႏွစ္အတြင္း လီဗာပူးနဲ႔အတူ ခ်န္ပီယံလိဂ္ဖလား၊ စူပါဖလားနဲ႔ ဖီဖာကမၻာဖလားတို႔ကို အႏုိင္ရခဲ့တာျဖစ္တယ္။ ဒီရာသီမွာလည္း အမွတ္ေပးဇယားကို ၂၅ မွတ္ျဖတ္ျပီး ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ေရးမွာ အေတာ္ေလး အေရးပါသူျဖစ္ထားခဲ့ပါတယ္။

ဘာစီလိုနာဟာ မႏွစ္က ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုကို အႏုိင္ရခဲ့တဲ့ မာေနးကို ေခၚယူမယ္လို႔ သတင္းေတြ ထြက္ေပမယ့္လည္း ဇာဗီကေတာ့ အဆိုပါ အျမင္ကို ျငင္းဆန္ခဲ့တယ္။ မာေနးက တိုက္စစ္သမားေကာင္းအျဖစ္ ဇာဗီက ခ်ီးက်ဴးေပမယ့္ ဘာစီလိုနာရဲ႕ ေဘာလံုးကစားဟန္ဟာ မာေနးလို ကစားသမားကို ေခၚလို႔ မရဘူးလို႔ သူက ျမင္ပါတယ္။

ဇာဗီက ” မာေနးနဲ႔ အူဘာမီယန္တို႔က ပြင့္ေနတဲ့ ေနရာလြတ္ေတြကို အသံုးခ်ျပီး ျပိဳင္ဘက္ကို ေကာင္းေကာင္းၾကီး ဒုကၡေပးနုိင္တဲ့ ကစားသမားေတြပါ။ ဒါေပမယ့္ ဘာစီလိုနာ လိုအပ္ေနတဲ့ ကစားသမားမ်ိးက ေနရာလြတ္ ေသးေသးေတြမွာ လႈပ္ရွားႏုိင္တဲ့ ကစားသမားမ်ိဳး ျဖစ္ပါတယ္။ ဘာစီလိုနာ ကစားဟန္နဲ႔ အသားက်မယ့္ တိုက္စစ္သမား တစ္ဦးကို ရွာေဖြဖို႔က မလြယ္လွပါဘူး ” လို႔ ဆိုခဲ့တာပါ။

ဇာဗီေျပာဆိုမႈကလည္း မွန္ကန္ပါတယ္။ ဘာစီလိုနာဟာ ပိုင္ဆုိင္မႈ အသားေပးရာမွာ တြဲလံုးေတြနဲ႔ ထိုးေဖာက္တဲ့ ကစားဟန္ကို ပိုင္ဆိုင္ထားျပီး မားေနးကေတာ့ ေကာင္တာတိုက္စစ္ပံုစံ ဖိအားေပး ကစားတဲ့ လီဗာပူးတိုက္စစ္မွာ ေျခစြမ္းျပေနသူျဖစ္တယ္။ သူ႔ကို ဘာစီလိုနာက မေခၚယူသင့္ဘူးဆိုတဲ့ ကိစၥက ပရိသတ္ေတြအတြက္ သတင္းေကာင္းလည္း ျဖစ္ပါတယ္။