လီဗာပူးအသင်းဟာ ဘဏ္ဍာရေး အခက်အခဲကြောင့် အဓိက ကစားသမားတွေ ရောင်းထုတ်ရနိုင်တဲ့ စီးရီးအေကလပ် ရိုးမားအသင်းမှ ကွင်းလယ်လူ Nicolo Zaniolo ကို စောင့်ကြည့်နေတယ်လို့ အီတလီသတင်းတွေက ဖော်ပြလာပါတယ်။

ရိုးမားအသင်းဟာ ဒီအပတ် အစောမှာတင် ကြွေးမှီး ပေါင် သန်း ၂၅၀ လောက် တင်ရှိနေပြီး ၎င်းတို့အသင်းကို Friedkin Group က လွဲပြောင်းယူမယ့် ကိစ္စကလည်း မသေချာတော့ဘူးလို့ သတင်းတွေ ထွက်နေတယ်။ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဲ့ ပြင်ပကို ရောက်နေတဲ့ ရိုးမားဟာ စီးရီအေပြန်စဖို့ မသေချာသေးခြင်းနဲ့အတူ ဥရောပဝင်ခွင့် တစ်နေရာကို လွဲဖို့ ရှိနေပါတယ်။

ရိုးမားဟာ ရန်ပုံငွေ ရှာဖွေဖို့အတွက် ကလပ်ရဲ့ နာမည်ကျော် ကစားသမားတွေကို ရောင်းထုတ်ရဖို့ ရှိနေကာ အဆိုပါ စာရင်းထဲ Nicolo Zaniolo ပါ ပါဝင်လာပါတယ်။ ကစားသမားရဲ့ တန်ကြေးက ကိုရိုနာ ကပ်ဘေးကြောင့်အပြင် ရိုးမားရဲ့ အခက်အခဲတွေကြောင့် အတော်လေး ဈေးကျဖွယ်ရှိတယ်။ သူဟာ ဒီဇင်ဘာနောက်ပိုင်း ဘောလုံးမကစားနိုင်ပေပမယ့် ဒီရာသီ ကိုယ်တိင် ၆ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၂ ကြိမ် လုပ်ထားပါတယ်။

ရိုးမားကတော့ အီတလီလက်ရွေးစင်အတွက် ၅ ပွဲ ကစားခွင့်ရထားတဲ့ Nicolo Zaniolo အပြင် အင်တာမီလန်၊ အေစီမီလန်တို့က စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ ပယ်ရီဂရီနီကိုလည်း ရောင်းထုတ်သွားဖို့ ရည်ရွယ်ထားပါတယ်။

မကြာသေးခင်ကပဲ ရိုးမားဟာ လီဗာပူးခံစစ်မှူး လိုဗရန်ကို ယူရို ၅ သန်းနဲ့ ချိတ်ဆက်လိုကြောင်း သတင်းတွေ ထွက်ပေါ်ထားခဲ့ပြီး ဒါဟာ ကိုရိုနာကပ်ဘေးကြောင့် တန်ကြေးချ ကမ်းလှမ်းဖို့ထက် ၎င်းတို့အသင်းမှာ အသုံးစရိတ် ပြတ်တောက်နေခြင်းကြောင့် ကြေးထပ်မတင်နိုင်တာ ဖြစ်မယ်လို့ ယူဆရပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဘ႑ာေရး အခက္အခဲေၾကာင့္ အဓိက ကစားသမားေတြ ေရာင္းထုတ္ရႏုိင္တဲ့ စီးရီးေအကလပ္ ရိုးမားအသင္းမွ ကြင္းလယ္လူ Nicolo Zaniolo ကို ေစာင့္ၾကည့္ေနတယ္လို႔ အီတလီသတင္းေတြက ေဖာ္ျပလာပါတယ္။

ရိုးမားအသင္းဟာ ဒီအပတ္ အေစာမွာတင္ ေၾကြးမွီး ေပါင္ သန္း ၂၅၀ ေလာက္ တင္ရွိေနျပီး ၄င္းတို႔အသင္းကို Friedkin Group က လြဲေျပာင္းယူမယ့္ ကိစၥကလည္း မေသခ်ာေတာ့ဘူးလို႔ သတင္းေတြ ထြက္ေနတယ္။ ဒီရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဲ႕ ျပင္ပကို ေရာက္ေနတဲ့ ရိုးမားဟာ စီးရီေအျပန္စဖို႔ မေသခ်ာေသးျခင္းနဲ႔အတူ ဥေရာပဝင္ခြင့္ တစ္ေနရာကို လြဲဖို႔ ရွိေနပါတယ္။

ရိုးမားဟာ ရန္ပံုေငြ ရွာေဖြဖို႔အတြက္ ကလပ္ရဲ႕ နာမည္ေက်ာ္ ကစားသမားေတြကို ေရာင္းထုတ္ရဖို႔ ရွိေနကာ အဆိုပါ စာရင္းထဲ Nicolo Zaniolo ပါ ပါဝင္လာပါတယ္။ ကစားသမားရဲ႕ တန္ေၾကးက ကိုရိုနာ ကပ္ေဘးေၾကာင့္အျပင္ ရိုးမားရဲ႕ အခက္အခဲေတြေၾကာင့္ အေတာ္ေလး ေစ်းက်ဖြယ္ရွိတယ္။ သူဟာ ဒီဇင္ဘာေနာက္ပိုင္း ေဘာလံုးမကစားႏုိင္ေပပမယ့္ ဒီရာသီ ကိုယ္တိင္ ၆ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၂ ၾကိမ္ လုပ္ထားပါတယ္။

ရိုးမားကေတာ့ အီတလီလက္ေရြးစင္အတြက္ ၅ ပြဲ ကစားခြင့္ရထားတဲ့ Nicolo Zaniolo အျပင္ အင္တာမီလန္၊ ေအစီမီလန္တို႔က စိတ္ဝင္စားေနတဲ့ ကြင္းလယ္လူ ပယ္ရီဂရီနီကိုလည္း ေရာင္းထုတ္သြားဖို႔ ရည္ရြယ္ထားပါတယ္။

မၾကာေသးခင္ကပဲ ရိုးမားဟာ လီဗာပူးခံစစ္မွဴး လိုဗရန္ကို ယူရို ၅ သန္းနဲ႔ ခ်ိတ္ဆက္လိုေၾကာင္း သတင္းေတြ ထြက္ေပၚထားခဲ့ျပီး ဒါဟာ ကိုရိုနာကပ္ေဘးေၾကာင့္ တန္ေၾကးခ် ကမ္းလွမ္းဖို႔ထက္ ၄င္းတို႔အသင္းမွာ အသံုးစရိတ္ ျပတ္ေတာက္ေနျခင္းေၾကာင့္ ေၾကးထပ္မတင္ႏုိင္တာ ျဖစ္မယ္လို႔ ယူဆရပါတယ္။