ပရီးမီးယားလိဂ် ပွဲစဉ်တွေ ပြန်မစခင် ပြုလုပ်ရမယ့် ထိတွေ့မှုရှိတဲ့ ကြိုတင်ပြင်ဆင်ရေး လေ့ကျင့်ရေး အစီအစဉ်တွေမှာ စိတ်ပိုင်းဆိုင်ရာဟာ ကလပ်တွေ အကြီးမားဆုံး ရင်ဆိုင်ရမယ့် ကိစ္စဖြစ်လာပါမယ်။
လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က စိတ်ပိုင်းဆိုင်ရာကိစ္စမှာ အခြားအသင်းတွေ ပြဿနာရှိနိုင်ကောင်း ရှိနိုင်ပေမယ့် လီဗာပူးအသင်းမှာတော့ မရှိနိုင်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ လေ့ကျင့်ရေး ပြန်ဝင်ဖို့ ကိစ္စနဲ့ ပက်သက်ပြီး လီဗာပူးအသင်းသားတွေထဲမှာ ငြင်းဆန်သူ မရှိဘဲ အားလုံးက ညီညီညွှတ်ညွှတ် သဘောတူကြပါတယ်။
The Athletic ရဲ့ အမေးအဖြေ ကဏ္ဍမှာ ဂျိမ်းပီရက်စ်က ” လီဗာပူးကစားသမားတွေထဲမှာ လေ့ကျင့်ရေး ပြန်မဝင်လိုဘူး၊ မကစားလိုဘူးဆိုတဲ့ ငြင်းဆန်တဲ့ တစ်ဦးတစ်ယောက်ထံကမှ ထွက်လာခြင်း မရှိပါဘူး။ ဖြစ်လာကြမှာပြောတာထက် ကြိုတင်ပြီးတော့ အသင်းသားတွေထံက တုန့်ပြန်မှုကို လီဗာပူးဘက်က ရယူထားတာဖြစ်တယ်။
လီဗာပူးကစားသမားတွေဘက်က စိုးရိမ်ပူပန်မှုတွေ လုံးဝရှိမနေဖို့လည်း ကလပ်ဘက်က ကြိုးစားထားပါတယ်။ ကလပ်ဘက်ကတော့ လီဗာပူးကစားသမားတွေရဲ့ လုံခြုံရေးကပဲ အဓိက ဦးစားပေးဖြစ်ပါတယ်။ လုံခြုံမှုမရှိခင်မှာ ကစားသမားတွေ ပြန်ကစားကို ကစားရမယ်ဆိုပြီး ခပ်ကြမ်းကြမ်း တွန်းအားပေးတယ်လို့ ကစားသမားတစ်ဦး တစ်ယောက်ကိုမှ မခံစားရစေလိုပါဘူး ” လို့ ပြောပြခဲ့တာဖြစ်တယ်။
မန်စီးတီးတိုက်စစ်မှူး အဂွယ်ရို၊ ချယ်ဆီးတိုက်စစ်သမား ဝီလီယမ်အပြင် နယူးကာဆယ်အစွန်လူ ဒန်နီရိုစ့်တို့က ဘောလုံးမကစားလိုကြောင်းကို ထုတ်ပြောထားကြတာပါ။ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြောက်ခွင့်ဟာ လီဗာပူးအသင်းသားတွေကို စည်းလုံးစေတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အခုလို အဝတ်လဲခန်းက ညီညွှတ်မှုရှိနေသေးတာကပဲ လက်ကျန် ပွဲတွေအတွက် အားတက်စရာ ဖြစ်ပါတယ်။
ZAWGYI
ပရီးမီးယားလိဂ္ ပြဲစဥ္ေတြ ျပန္မစခင္ ျပဳလုပ္ရမယ့္ ထိေတြ႔မႈရွိတဲ့ ၾကိဳတင္ျပင္ဆင္ေရး ေလ့က်င့္ေရး အစီအစဥ္ေတြမွာ စိတ္ပိုင္းဆိုင္ရာဟာ ကလပ္ေတြ အၾကီးမားဆံုး ရင္ဆိုင္ရမယ့္ ကိစၥျဖစ္လာပါမယ္။
လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္က စိတ္ပိုင္းဆိုင္ရာကိစၥမွာ အျခားအသင္းေတြ ျပႆနာရွိႏုိင္ေကာင္း ရွိႏုိင္ေပမယ့္ လီဗာပူးအသင္းမွာေတာ့ မရွိႏုိင္ဘူးလို႔ ေျပာဆိုလိုက္ပါတယ္။ ေလ့က်င့္ေရး ျပန္ဝင္ဖို႔ ကိစၥနဲ႔ ပက္သက္ျပီး လီဗာပူးအသင္းသားေတြထဲမွာ ျငင္းဆန္သူ မရွိဘဲ အားလံုးက ညီညီညႊတ္ညႊတ္ သေဘာတူၾကပါတယ္။
The Athletic ရဲ႕ အေမးအေျဖ က႑မွာ ဂ်ိမ္းပီရက္စ္က ” လီဗာပူးကစားသမားေတြထဲမွာ ေလ့က်င့္ေရး ျပန္မဝင္လိုဘူး၊ မကစားလိုဘူးဆိုတဲ့ ျငင္းဆန္တဲ့ တစ္ဦးတစ္ေယာက္ထံကမွ ထြက္လာျခင္း မရွိပါဘူး။ ျဖစ္လာၾကမွာေျပာတာထက္ ၾကိဳတင္ျပီးေတာ့ အသင္းသားေတြထံက တုန္႔ျပန္မႈကို လီဗာပူးဘက္က ရယူထားတာျဖစ္တယ္။
လီဗာပူးကစားသမားေတြဘက္က စိုးရိမ္ပူပန္မႈေတြ လံုးဝရွိမေနဖို႔လည္း ကလပ္ဘက္က ၾကိဳးစားထားပါတယ္။ ကလပ္ဘက္ကေတာ့ လီဗာပူးကစားသမားေတြရဲ႕ လံုျခံဳေရးကပဲ အဓိက ဦးစားေပးျဖစ္ပါတယ္။ လံုျခံဳမႈမရွိခင္မွာ ကစားသမားေတြ ျပန္ကစားကို ကစားရမယ္ဆိုျပီး ခပ္ၾကမ္းၾကမ္း တြန္းအားေပးတယ္လို႔ ကစားသမားတစ္ဦး တစ္ေယာက္ကိုမွ မခံစားရေစလိုပါဘူး ” လို႔ ေျပာျပခဲ့တာျဖစ္တယ္။
မန္စီးတီးတိုက္စစ္မွဴး အဂြယ္ရို၊ ခ်ယ္ဆီးတိုက္စစ္သမား ဝီလီယမ္အျပင္ နယူးကာဆယ္အစြန္လူ ဒန္နီရိုစ့္တို႔က ေဘာလံုးမကစားလိုေၾကာင္းကို ထုတ္ေျပာထားၾကတာပါ။ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမာက္ခြင့္ဟာ လီဗာပူးအသင္းသားေတြကို စည္းလံုးေစတာ ျဖစ္ေကာင္းျဖစ္ႏုိင္ေပမယ့္ အခုလို အဝတ္လဲခန္းက ညီညႊတ္မႈရွိေနေသးတာကပဲ လက္က်န္ ပြဲေတြအတြက္ အားတက္စရာ ျဖစ္ပါတယ္။