လီဗာပူးနဲ့ ဝါနာကြား အပြောင်းအရွှေ့ကတော့ ရှင်းလင်းတဲ့ အနေအထားကို ရောက်ရှိသွားပါပြီ။
ကစားသမားဘက်ကတော့ နွေအပြောင်းအရွှေ့မှာ လီဗာပူးကို မပြောင်းနိုင်ဘူးဆိုရင် အခြားအသင်း မရှာပဲ လိုက်ဇစ်မှာပဲ ၁ နှစ် ဆက်နေမှာပါ။ လီဗာပူးဘက်ကလည်း တီမိုဝါနာကို မခေါ်ယူနိုင်ဘူးဆိုရင် နောက်ထပ် တိုက်စစ်သမား အစားထိုးစရာ ထပ်ရှာသွားမှာ မဟုတ်တော့ပါဘူး။
The Athletic မှ ဂျိမ်းပီရက်စ်က အဆိုပါသတင်းကို ထုတ်ပြောလိုက်တာဖြစ်ပြီး နွေမှာ ဝါနာကို မခေါ်နိုင်ရင် လီဗာပူးအသင်းကို အခြား တိုက်စစ်သမား တစ်ဦးမှ ရောက်လာဖို့တောင် မရှိတော့ပါဘူး။ နွေဈေးကွက် ဘယ်အချိန် ဖွင့်မလဲဆိုတာကို မသိရသေးခြင်းနဲ့အတူ လီဗာပူးနဲ့ ဝါနာ အပြောင်းအရွှေ့ကတော့ လာမယ့် လတွေမှပဲ သိရမှာဖြစ်ပါတယ်။
ဂျိမ်းပီရက်စ်က ” ပြီးခဲ့တဲ့ တင်ပြမှုတွေလိုပါပဲ။ လီဗာပူးက ဝါနာကို သိပ်လိုချင်ပါတယ်။ ကလော့ပ်က သူ့ကို သိပ်အထင်ကြီးတားကလည်း ဖုန်းကွယ်ထားရမယ့် ကိစ္စ မဟုတ်တော့ပါဘူး။
ဒါပေမယ့် အပြောင်းအရွှေ့ ကိစ္စတွေအားလုံးက ကိုဗစ်-၁၉ ကြောင့် ရပ်ဆိုင်းထားကြရပါတယ်။ အပြောင်းအရွှေ့ လုပ်ရှားမှုကြီးတွေလုပ်ဖို့က အခုချိန်ဟာ သင့်လျော်မှန်ကန်တဲ့ အချိန် မဟုတ်ပါဘူး။ အခုကိစ္စက ဝါနာအတွက် ငွေပေးရင်ပေး မဟုတ်ရင် ရှိတာနဲ့ပဲ သွားကြပါတော့မယ် ” လို့ဖြစ်ပါတယ်။
အပြောင်းအရွှေ့ ကိစ္စတွေကို ရပ်ဆိုင်သွားမှာက လီဗာပူးတစ်သင်းတည်း မဟုတ်ဘဲ ဥရောပအသင်းတိုင်းနီးပါး ဖြစ်ပါတယ်။ ဒီနွေမှာတော့ အင်္ဂလန်အသင်း ၃ သင်းလောက်ကပဲ ငွေသုံးဖွယ်ရှိပြီး လက်တလောအထိတော့ အဆိုပါ အသင်းတွေထဲ လီဗာပူး မပါသေးတာ ဖြစ်ပါတယ်။
ZAWGYI
လီဗာပူးနဲ႔ ဝါနာၾကား အေျပာင္းအေရႊ႔ကေတာ့ ရွင္းလင္းတဲ့ အေနအထားကို ေရာက္ရွိသြားပါျပီ။
ကစားသမားဘက္ကေတာ့ ေႏြအေျပာင္းအေရႊ႔မွာ လီဗာပူးကို မေျပာင္းႏုိင္ဘူးဆိုရင္ အျခားအသင္း မရွာပဲ လိုက္ဇစ္မွာပဲ ၁ ႏွစ္ ဆက္ေနမွာပါ။ လီဗာပူးဘက္ကလည္း တီမိုဝါနာကို မေခၚယူႏုိင္ဘူးဆိုရင္ ေနာက္ထပ္ တိုက္စစ္သမား အစားထိုးစရာ ထပ္ရွာသြားမွာ မဟုတ္ေတာ့ပါဘူး။
The Athletic မွ ဂ်ိမ္းပီရက္စ္က အဆိုပါသတင္းကို ထုတ္ေျပာလိုက္တာျဖစ္ျပီး ေႏြမွာ ဝါနာကို မေခၚႏုိင္ရင္ လီဗာပူးအသင္းကို အျခား တိုက္စစ္သမား တစ္ဦးမွ ေရာက္လာဖို႔ေတာင္ မရွိေတာ့ပါဘူး။ ေႏြေစ်းကြက္ ဘယ္အခ်ိန္ ဖြင့္မလဲဆိုတာကို မသိရေသးျခင္းနဲ႔အတူ လီဗာပူးနဲ႔ ဝါနာ အေျပာင္းအေရႊ႔ကေတာ့ လာမယ့္ လေတြမွပဲ သိရမွာျဖစ္ပါတယ္။
ဂ်ိမ္းပီရက္စ္က ” ျပီးခဲ့တဲ့ တင္ျပမႈေတြလိုပါပဲ။ လီဗာပူးက ဝါနာကို သိပ္လိုခ်င္ပါတယ္။ ကေလာ့ပ္က သူ႔ကို သိပ္အထင္ၾကီးတားကလည္း ဖုန္းကြယ္ထားရမယ့္ ကိစၥ မဟုတ္ေတာ့ပါဘူး။
ဒါေပမယ့္ အေျပာင္းအေရႊ႔ ကိစၥေတြအားလံုးက ကိုဗစ္-၁၉ ေၾကာင့္ ရပ္ဆုိင္းထားၾကရပါတယ္။ အေျပာင္းအေရႊ႔ လုပ္ရွားမႈၾကီးေတြလုပ္ဖို႔က အခုခ်ိန္ဟာ သင့္ေလ်ာ္မွန္ကန္တဲ့ အခ်ိန္ မဟုတ္ပါဘူး။ အခုကိစၥက ဝါနာအတြက္ ေငြေပးရင္ေပး မဟုတ္ရင္ ရွိတာနဲ႔ပဲ သြားၾကပါေတာ့မယ္ ” လို႔ျဖစ္ပါတယ္။
အေျပာင္းအေရႊ႔ ကိစၥေတြကို ရပ္ဆိုင္သြားမွာက လီဗာပူးတစ္သင္းတည္း မဟုတ္ဘဲ ဥေရာပအသင္းတိုင္းနီးပါး ျဖစ္ပါတယ္။ ဒီေႏြမွာေတာ့ အဂၤလန္အသင္း ၃ သင္းေလာက္ကပဲ ေငြသံုးဖြယ္ရွိျပီး လက္တေလာအထိေတာ့ အဆိုပါ အသင္းေတြထဲ လီဗာပူး မပါေသးတာ ျဖစ္ပါတယ္။