လီဗာပူးဂိုးသမား အယ်လီဆန်ရဲ့ အရည်အချင်းတစ်ရပ်က ဂိုးသမားနေရာကနေ ပွဲကို ဖတ်နေမှုဖြစ်ပြီး သူက ဖိအားတွေကို ကိုင်တွယ်နိုင်သလို အသင်းဖော်တွေအတွက် အခွင့်အရေး ဖန်တီးမှုတွေကို လုပ်ပေးနိုင်တယ်လို့ ပထမအသင်းနည်းပြက ထုတ်ပြောလာပါတယ်။
လီဗာပူး ပထမအသင်းနည်းပြ ရော်ဘင်ဆန်က ” မယုံနိုင်စရာပဲ အယ်လီဆန်က ပီယာလိုကဲ့သလို့ ကွင်းလယ်လူတစ်ယောက်လို ကစားနိုင်စွမ်းရှိပါတယ် ” လို့ ချီးကျူးလိုက်ပါတယ်။ ဒါကိုလည်း လီဗာပူးပရိသတ်တွေ မကြာခဏ မြင်ဖူးကြမှာပါ။ ယူနိုက်တက်နဲ့ ပွဲမှာဆိုရင် ဆာလက်ကို အကွက်မြင်မြင်နဲ့ ပေးပို့မှုက လီဗာပူးကို ၂-၀ ဆိုတဲ့ ရလဒ် ထွက်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။
သူကပဲ “ အယ်လီဆန်က ဘောလုံးနဲ့ ပက်သက်ပြီး သက်သောင့်သက်သာ ရှိပါတယ်၊ ဖိအားတွေအောက်မှာ ဘောလုံးလည်း ရယူလိုစိတ်ရှိတယ်။ ပွဲတွေမှာ မြင်ရသလိုပဲ တည်ငြိမ်လွန်းပြီး သူ့ပတ်ဝန်းကျင်မှာ ပွက်လောရိုက်နေရင်တောင် ကိုင်တွယ်နိုင်စွမ်း ရှိသူဖြစ်တယ်။
အသင်းက ဖိအားပေးကစားခြင်းကို လုပ်နေချိန်မှာ အသင်းနဲ့ အယ်လီဆန်ကြားမှာ နေရာလွတ်ကြီးရှိနေတာ မြင်ရပါမယ်။ အယ်လီဆန်က ဆာလက်၊ မာနေး၊ ဘောဘီတို့ကို ပြေးလမ်းတွေရအောင်နဲ့ ကွင်းလယ်လူတွေအတွက် အခွင့်အရေး ရှာပေးမှုတွေကို လုပ်နိုင်တယ်။ နောက်ကနေပြီး ဒီလို လုပ်ပေးဖို့ကိုပဲ သူကြည့်နေတာပါ။ ဘယ်နေရာလွတ်ကို သူ အခွင့်အရေး လုပ်ပေးရမလဲပေါ့။
ကျနေ်ာတို့အသင်း ကစားတဲ့ ပင်ကိုယ် သဘောဝကိုက မြန်ဆန်တဲ့ တိုက်စစ်ကစားဟန်ဖြစ်ပါတယ်။ ကျနေ်ာတို့က မြန်မြန်ဆန်ဆန် ချိုးဖောက်ဖို့ လုပ်ဆောင်ကြပြီး ဂိုသမားက နေရာလွတ်တွေနဲ့ ပွဲရဲ့ အခြေအနေကို အမြဲတမ်း ကြည့်ပေးနေရပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ZAWGYI
လီဗာပူးဂိုးသမား အယ္လီဆန္ရဲ႕ အရည္အခ်င္းတစ္ရပ္က ဂိုးသမားေနရာကေန ပဲြကို ဖတ္ေနမႈျဖစ္ျပီး သူက ဖိအားေတြကို ကိုင္တြယ္ႏုိင္သလို အသင္းေဖာ္ေတြအတြက္ အခြင့္အေရး ဖန္တီးမႈေတြကို လုပ္ေပးႏုိင္တယ္လို႔ ပထမအသင္းနည္းျပက ထုတ္ေျပာလာပါတယ္။
လီဗာပူး ပထမအသင္းနည္းျပ ေရာ္ဘင္ဆန္က ” မယံုႏုိင္စရာပဲ အယ္လီဆန္က ပီယာလိုကဲ့သလို႔ ကြင္းလယ္လူတစ္ေယာက္လို ကစားႏုိင္စြမ္းရွိပါတယ္ ” လို႔ ခ်ီးက်ဴးလိုက္ပါတယ္။ ဒါကိုလည္း လီဗာပူးပရိသတ္ေတြ မၾကာခဏ ျမင္ဖူးၾကမွာပါ။ ယူႏုိက္တက္နဲ႔ ပြဲမွာဆိုရင္ ဆာလက္ကို အကြက္ျမင္ျမင္နဲ႔ ေပးပို႔မႈက လီဗာပူးကို ၂-၀ ဆိုတဲ့ ရလဒ္ ထြက္ေပၚေစခဲ့တာ ျဖစ္ပါတယ္။
သူကပဲ “ အယ္လီဆန္က ေဘာလံုးနဲ႔ ပက္သက္ျပီး သက္ေသာင့္သက္သာ ရွိပါတယ္၊ ဖိအားေတြေအာက္မွာ ေဘာလံုးလည္း ရယူလိုစိတ္ရွိတယ္။ ပြဲေတြမွာ ျမင္ရသလိုပဲ တည္ျငိမ္လြန္းျပီး သူ႔ပတ္ဝန္းက်င္မွာ ပြက္ေလာရိုက္ေနရင္ေတာင္ ကိုင္တြယ္ႏုိင္စြမ္း ရွိသူျဖစ္တယ္။
အသင္းက ဖိအားေပးကစားျခင္းကို လုပ္ေနခ်ိန္မွာ အသင္းနဲ႔ အယ္လီဆန္ၾကားမွာ ေနရာလြတ္ၾကီးရွိေနတာ ျမင္ရပါမယ္။ အယ္လီဆန္က ဆာလက္၊ မာေနး၊ ေဘာဘီတို႔ကို ေျပးလမ္းေတြရေအာင္နဲ႔ ကြင္းလယ္လူေတြအတြက္ အခြင့္အေရး ရွာေပးမႈေတြကို လုပ္ႏုိင္တယ္။ ေနာက္ကေနျပီး ဒီလို လုပ္ေပးဖို႔ကိုပဲ သူၾကည့္ေနတာပါ။ ဘယ္ေနရာလြတ္ကို သူ အခြင့္အေရး လုပ္ေပးရမလဲေပါ့။
က်ေန္ာတို႔အသင္း ကစားတဲ့ ပင္ကိုယ္ သေဘာဝကိုက ျမန္ဆန္တဲ့ တိုက္စစ္ကစားဟန္ျဖစ္ပါတယ္။ က်ေန္ာတို႔က ျမန္ျမန္ဆန္ဆန္ ခ်ိဳးေဖာက္ဖို႔ လုပ္ေဆာင္ၾကျပီး ဂိုသမားက ေနရာလြတ္ေတြနဲ႔ ပြဲရဲ႕ အေျခအေနကို အျမဲတမ္း ၾကည့္ေပးေနရပါတယ္ ” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။