အီတလီ အားကစားသတင်းထောက် Chloe Beresford က မာဆေးဆိုဒ်အခြေစိုက် သတင်းနဲ့ စကားပြောဆိုမှုမှာ နွေကပဲ ဖီအိုရင်တီးနားကို ပြောင်းသွားခဲ့တဲ့ ဒွန်းကန့်ဟာ အီတလီမှာ အဆင်မပြေတဲ့အကြောင်း ပြောပြလာပါတယ်။

Chloe Beresford က ပြောရာမှာ ” လူငယ်အသင်းမှာ သူက ကောင်းကောင်း ကစားခဲ့ပေမယ့် စီနီယာအဆင့်တော့ မရောက်ခဲ့ပါဘူး။ အစောတုန်းက ကစားတာကောင်းပြီး ဂိုးတွေတောင် သွင်းခဲ့သေးတယ်။ ဒါပေမယ့် ဒီဇင်ဘာလ နောက်ပိုင်းမှာ ဂိုးထပ်သွင်းနိုင်ခြင်း မရှိတော့ပါဘူး။

ဖီအိုရင်တီးနားက သူ့ကို ပြန်ရောင်းထုတ်ဖို့ပါ စဉ်းစားလာနေပြီလို့ သိရတယ်။ သူ့အပေါ် မျှော်လင့်ထားမှုတွေက ကွာခြားလာပါပြီ။ ဒွန်းကန့်က စီနီယာအသင်းမှာ ကစားခွင့်ရမယ် မျှော်လင့်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။ ဆက်သွယ်မှုပိုင်းဆိုင်ရာမှာ လိုအပ်ချက် ရှိနေတာကြောင့်လည်း ပါပါတယ်။ မျှော်လင့်ထားသလို အလုပ်မဖြစ်ခဲ့တာပေါ့။

လူငယ်ကစားသမား တစ်ဦးအတွက်ကတော့ အီတလီမှာ အခြေကျနေပြီး စီနီယာအသင်းမှာ ပွဲထွက်ကစားခွင့်ရမယ်လို့ ထင်ခဲ့ပေမယ့် လူငယ်အသင်းမှာပဲ ဆက်နေနေရတယ်။ အဲ့တာက ယုံကြည်ချက်တွေကို ဆုံးရံှူးလာစေပါတယ်။ ဖီအိုရင်တီးနားနဲ့ ဒွန်းကန့်ကြားမှာ ကာလရှည် ဆက်ရှိနေမယ့် ဆက်ဆံရေးမျိုး မရှိတော့ပါဘူး ” လို့ ဖြစ်ပါတယ်။

ဒွန်းကန့်ဟာ စတီဗင်ဂျရတ်ရဲ့ ဝမ်းကွဲ တော်စပ်သူဖြစ်ပြီး မန်စီးတီးလူငယ်အသင်းကနေ စတီဗင်ဂျရတ်ကပဲ လီဗာပူးအတွက် ခေါ်ယူခဲ့တာပါ။ သူဟာ လူငယ်အသင်းမှာ ဂလေဇယ်နဲ့အတူ တောက်ပခဲ့ပြီး မနှစ်ကရာသီ အက်ဖ်အေဖလား အနိုင်ရ လူငယ်အသင်းအတွက် အဓိက တိုက်စစ်အတွဲ ဖြစ်ခဲ့တယ်။

နွေတုန်းကတော့ ဖီအိုရင်တီးနားက ကမ်းလှမ်းလာချိန်မှာ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုခဲ့သလို လီဗာပူးမှာ ဆက်မကစားဖို့ အေးဂျင့်ရဲ့ တိုက်တွန်းမှုကို လက်ခံခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

အီတလီ အားကစားသတင္းေထာက္ Chloe Beresford က မာေဆးဆိုဒ္အေျခစိုက္ သတင္းနဲ႔ စကားေျပာဆိုမႈမွာ ေႏြကပဲ ဖီအိုရင္တီးနားကို ေျပာင္းသြားခဲ့တဲ့ ဒြန္းကန္႔ဟာ အီတလီမွာ အဆင္မေျပတဲ့အေၾကာင္း ေျပာျပလာပါတယ္။

Chloe Beresford က ေျပာရာမွာ ” လူငယ္အသင္းမွာ သူက ေကာင္းေကာင္း ကစားခဲ့ေပမယ့္ စီနီယာအဆင့္ေတာ့ မေရာက္ခဲ့ပါဘူး။ အေစာတုန္းက ကစားတာေကာင္းျပီး ဂိုးေတြေတာင္ သြင္းခဲ့ေသးတယ္။ ဒါေပမယ့္ ဒီဇင္ဘာလ ေနာက္ပိုင္းမွာ ဂိုးထပ္သြင္းႏုိင္ျခင္း မရွိေတာ့ပါဘူး။

ဖီအိုရင္တီးနားက သူ႔ကို ျပန္ေရာင္းထုတ္ဖို႔ပါ စဥ္းစားလာေနျပီလုိ႔ သိရတယ္။ သူ႔အေပၚ ေမွ်ာ္လင့္ထားမႈေတြက ကြာျခားလာပါျပီ။ ဒြန္းကန္႔က စီနီယာအသင္းမွာ ကစားခြင့္ရမယ္ ေမွ်ာ္လင့္ခဲ့ေပမယ့္ ျဖစ္မလာခဲ့ပါဘူး။ ဆက္သြယ္မႈပိုင္းဆိုင္ရာမွာ လိုအပ္ခ်က္ ရွိေနတာေၾကာင့္လည္း ပါပါတယ္။ ေမွ်ာ္လင့့္ထားသလို အလုပ္မျဖစ္ခဲ့တာေပါ့။

လူငယ္ကစားသမား တစ္ဦးအတြက္ကေတာ့ အီတလီမွာ အေျခက်ေနျပီး စီနီယာအသင္းမွာ ပြဲထြက္ကစားခြင့္ရမယ္လို႔ ထင္ခဲ့ေပမယ့္ လူငယ္အသင္းမွာပဲ ဆက္ေနေနရတယ္။ အဲ့တာက ယံုၾကည္ခ်က္ေတြကို ဆံုးရံွဴးလာေစပါတယ္။ ဖီအိုရင္တီးနားနဲ႔ ဒြန္းကန္႔ၾကားမွာ ကာလရွည္ ဆက္ရွိေနမယ့္ ဆက္ဆံေရးမ်ိဳး မရွိေတာ့ပါဘူး ” လို႔ ျဖစ္ပါတယ္။

ဒြန္းကန္႔ဟာ စတီဗင္ဂ်ရတ္ရဲ႕ ဝမ္းကြဲ ေတာ္စပ္သူျဖစ္ျပီး မန္စီးတီးလူငယ္အသင္းကေန စတီဗင္ဂ်ရတ္ကပဲ လီဗာပူးအတြက္ ေခၚယူခဲ့တာပါ။ သူဟာ လူငယ္အသင္းမွာ ဂေလဇယ္နဲ႔အတူ ေတာက္ပခဲ့ျပီး မႏွစ္ကရာသီ အက္ဖ္ေအဖလား အႏုိင္ရ လူငယ္အသင္းအတြက္ အဓိက တိုက္စစ္အတြဲ ျဖစ္ခဲ့တယ္။

ေႏြတုန္းကေတာ့ ဖီအိုရင္တီးနားက ကမ္းလွမ္းလာခ်ိန္မွာ ထြက္ခြာခြင့္ေပးဖို႔ ေတာင္းဆိုခဲ့သလို လီဗာပူးမွာ ဆက္မကစားဖို႔ ေအးဂ်င့္ရဲ႕ တိုက္တြန္းမႈကို လက္ခံခဲ့တာ ျဖစ္ပါတယ္။