အင်္ဂါနေ့မှာ ပရီးမီးယားလိဂ်က လေ့ကျင့်ရေး ပြန်ဆင်းဖို့ ခွင့်ပြုမှာဖြစ်တာကြောင့် အကြို လုပ်ဆောင်မှုအဖြစ် လီဗာပူးအသင်းသားတွေနဲ့ ဝန်ထမ်းတွေ အပါအဝင် စုစုပေါင်း လူ ၄၀ ဟာ ခရာဘီကို ရောက်လာပြီး ကိုဗစ်စစ်ဆေးခံနေကြပါပြီ။
ကလပ် အကယ်ဒမီအခြေစိုက်ရာ ခရာဘီကို အခုပဲ ရောက်လာကြခြင်းဖြစ်ပြီး အားလုံးက တစ်ဦးချင်း အစီအစဉ်တွေနဲ့ ရောက်လာကြတာဖြစ်တယ်။ အားလုံးဟာ ကန့်သတ်ထားတဲ့ social distancing စည်းမျဉ်းတွေကို လိုက်နာပြီး စစ်ဆေးမှုတွေ ခံယူကြမှာဖြစ်တယ်။
ကိုဗစ် စစ်ဆေးမှုတွေရဲ့ ရလဒ်ကို လာမယ့် ၂၄ နာရီ (သို့) ၄၈ နာရီအတွင်း သိရမှာဖြစ်တယ်။ ဘွန်ဒက်လီဂါက စတင်နေပြီဖြစ်ကာ ပရီးမီးယားလိဂ်ကလည်း နောက်ကနေ လိုက်လံ လုပ်ဆောင်နေမှုတွေက အရှိန်ပိုကောင်းလာနေခဲ့ပါပြီ။ ကနဦးအဖြစ် အဖွဲ့ငယ်တွေနဲ့ လေ့ကျင့်မှာဖြစ်ကာ သက်မှတ်ကာလ အပြီးမှာ ဘောလုံးပွဲ ပြန်ကစားကြမှာပါ။
ပရီးမီးယားလိဂ် ပြန်လည်စတင်ခြင်းဆိုင်ရာ ကိစ္စတွေအတွက် ပြင်ဆင်မှုတွေလုပ်ဖို့ မေလ ၁၄ ရက်နေ့တုန်းက မန်နေဂျာကလော့ပ် မဲဝုဒ်ကို ပြန်ဝင်ခဲ့ပါသေးတယ်။ ကိုရိုနာကပ်ဘေးကြောင့် မတ်လမှာ မဲဝုဒ်လေ့ကျင့်ရေးကွင်းကို ပိတ်ထားအပြီး ပထမဆုံးအကြိမ်အဖြစ် မဲဝုဒ်ကို မန်နေဂျာကလော့ပ် ပြန်လည် ဝင်ရောက်ခြင်းလည်း ဖြစ်ပါတယ်။
ကိုဗစ်စစ်ဆေးမှု ကိစ္စတွေကိုတော့ လာမယ့်ရာသီ မစတင်ခင် အသုံးပြုမယ့် ခရာဘီ လေ့ကျင့်ရေးမှာ စတင်ဖို့ကိုပဲ ဆုံးဖြတ်ခဲ့ပြီး ရပ်နားထားတဲ့ လေ့ကျင့်ရေးကွင်း တည်ဆောက်မှုတွေကလည်း ပြန်လည် စတင်ထားပြီဖြစ်တယ်။ လေ့ကျင့်ရေး ပြန်စရရင်တော့ မဲဝုဒ်မှာပဲ ဆက်လက် လေ့ကျင့်မှာ ဖြစ်ပါတယ်။
ZAWGYI
အဂၤါေန႔မွာ ပရီးမီးယားလိဂ္က ေလ့က်င့္ေရး ျပန္ဆင္းဖို႔ ခြင့္ျပဳမွာျဖစ္တာေၾကာင့္ အၾကိဳ လုပ္ေဆာင္မႈအျဖစ္ လီဗာပူးအသင္းသားေတြနဲ႔ ဝန္ထမ္းေတြ အပါအဝင္ စုစုေပါင္း လူ ၄၀ ဟာ ခရာဘီကို ေရာက္လာျပီး ကိုဗစ္စစ္ေဆးခံေနၾကပါျပီ။
ကလပ္ အကယ္ဒမီအေျခစိုက္ရာ ခရာဘီကို အခုပဲ ေရာက္လာၾကျခင္းျဖစ္ျပီး အားလံုးက တစ္ဦးခ်င္း အစီအစဥ္ေတြနဲ႔ ေရာက္လာၾကတာျဖစ္တယ္။ အားလံုးဟာ ကန္႔သတ္ထားတဲ့ social distancing စည္းမ်ဥ္းေတြကို လုိက္နာျပီး စစ္ေဆးမႈေတြ ခံယူၾကမွာျဖစ္တယ္။
ကိုဗစ္ စစ္ေဆးမႈေတြရဲ႕ ရလဒ္ကို လာမယ့္ ၂၄ နာရီ (သို႔) ၄၈ နာရီအတြင္း သိရမွာျဖစ္တယ္။ ဘြန္ဒက္လီဂါက စတင္ေနျပီျဖစ္ကာ ပရီးမီးယားလိဂ္ကလည္း ေနာက္ကေန လိုက္လံ လုပ္ေဆာင္ေနမႈေတြက အရွိန္ပိုေကာင္းလာေနခဲ့ပါျပီ။ ကနဦးအျဖစ္ အဖြဲ႔ငယ္ေတြနဲ႔ ေလ့က်င့္မွာျဖစ္ကာ သက္မွတ္ကာလ အျပီးမွာ ေဘာလံုးပြဲ ျပန္ကစားၾကမွာပါ။
ပရီးမီးယားလိဂ္ ျပန္လည္စတင္ျခင္းဆိုင္ရာ ကိစၥေတြအတြက္ ျပင္ဆင္မႈေတြလုပ္ဖို႔ ေမလ ၁၄ ရက္ေန႔တုန္းက မန္ေနဂ်ာကေလာ့ပ္ မဲဝုဒ္ကို ျပန္ဝင္ခဲ့ပါေသးတယ္။ ကို႐ိုနာကပ္ေဘးေၾကာင့္ မတ္လမွာ မဲဝုဒ္ေလ့က်င့္ေရးကြင္းကို ပိတ္ထားအၿပီး ပထမဆုံးအႀကိမ္အျဖစ္ မဲဝုဒ္ကို မန္ေနဂ်ာကေလာ့ပ္ ျပန္လည္ ဝင္ေရာက္ျခင္းလည္း ျဖစ္ပါတယ္။
ကိုဗစ္စစ္ေဆးမႈ ကိစၥေတြကိုေတာ့ လာမယ့္ရာသီ မစတင္ခင္ အသံုုးျပဳမယ့္ ခရာဘီ ေလ့က်င့္ေရးမွာ စတင္ဖို႔ကိုပဲ ဆံုးျဖတ္ခဲ့ျပီး ရပ္နားထားတဲ့ ေလ့က်င့္ေရးကြင္း တည္ေဆာက္မႈေတြကလည္း ျပန္လည္ စတင္ထားျပီျဖစ္တယ္။ ေလ့က်င့္ေရး ျပန္စရရင္ေတာ့ မဲဝုဒ္မွာပဲ ဆက္လက္ ေလ့က်င့္မွာ ျဖစ္ပါတယ္။