ဒီကနေ့ရက်စွဲပါ ပရီးမီးယားလိဂ်ကြေညာချက်အရ မနက်ဖြန်ကစပြီး ကလပ်တွေဟာ လေ့ကျင့်ရေးကွင်းထဲကို ပြန်ဝင်ပြီး အုပ်စုငယ်တွေဖြင့် လေ့ကျင့်မှုဆိုင်ရာ ကိစ္စတွေကို တရားဝင် စတင်ခွင့်ရရှိလိုက်ပါပြီ။
မန်နေဂျာတွေ ကစားသမားတွေနဲ့ ဆွေးနွေးမှုတွေအရ လေ့ကျင့်ရေး ပြန်လည်စတင်ခြင်း၊ ထိတွေ့မှုရှိတဲ့ အပြည့်အဝ လေ့ကျင့်မှုကို လုပ်ဆောင်ခြင်းနဲ့ ဘောလုံးပွဲတွေ ပြန်လည် စတင်ဖို့ရာ လုပ်ဆောင်ခြင်းဆိုတဲ့ အဆင့်အလိုက် လုပ်ငန်းစဉ်တွေကို ပြင်ဆင်လာတာပါ။ ယခု ခွင့်ပြုလိုက်တာက ပထမအဆင့်ဖြစ်တဲ့ လေ့ကျင့်ရေး ပြန်လည်စတင်ခြင်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ပြန်စတင်ရေး လုပ်ငန်းစဉ်-၁ မှာ နည်းပြတွေ၊ ကစားသမားတွေ ပါဝင်တဲ့ အဖွဲ့ငယ်နဲ့ လေ့ကျင့်ရေး ပြန်ဆင်းနိုင်ဖို့ဖြစ်တယ်။ ကစားသမား ၅ ဦးလောက်ပါတဲ့ အဖွဲ့ငယ်နဲ့ လေ့ကျင့်ရေး လုပ်ဆောင်ခွင့်ဖြစ်ပါတယ်။ ဒီအဆင့်ကို အောင်မြင်ပြီးရင်တော့ လုပ်ငန်းစဉ်-၂ ဖြစ်တဲ့ ထိတွေ့မှုရှိမယ့် လေ့ကျင့်ရေးကို စတင်သွားမှာပါ။
ကနေ့ ထုတ်ပြန်တဲ့ သဘောတူညီချက်ဟာ ပရီးမီးယားလိဂ် ကစားသမားတွေ၊ မန်နေဂျာတွေ၊ ကလပ်ဆရာဝန်တွေ၊ ဘောလုံးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ အစိုးရအဖွဲ့တို့ ပါဝင်တဲ့ ဘုံသဘောတူညီမှုလည်း ဖြစ်ပါတယ်။ လေ့ကျင့်ရေးမှာတော့ ပတ်ဝန်းကျင် ဘေးကင်းလုံခြုံရေးအတွက် အန္တရာယ်အကင်းဆုံးနဲ့ အမြင့်ဆုံး စောင့်ရှောက်မှုတွေကိုလည်း ပေးသွားမှာဖြစ်တယ်။
ဒီကနေ့ ခွင့်ပြုမှုအရ ပရီးမီးယားလိဂ် ပြန်လည်စတင်နိုင်ဖို့ကိစ္စဟာ အသက်ဝင်လာခဲ့ပါပြီ။ ရုပ်သံလွှင့်ကုမ္ပဏီတွေကတော့ ဘောလုံးပွဲတွေ ပြန်စတင်နိုင်တဲ့ ဇွန်လ ၁၂ ရက်အတွက်ကော ဇွန်လ ၁၉ ရက်အတွက်ပါ ကြိုတင်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
ZAWGYI
ဒီကေန႔ရက္စြဲပါ ပရီးမီးယားလိဂ္ေၾကညာခ်က္အရ မနက္ျဖန္ကစျပီး ကလပ္ေတြဟာ ေလ့က်င့္ေရးကြင္းထဲကို ျပန္ဝင္ျပီး အုပ္စုငယ္ေတြျဖင့္ ေလ့က်င့္မႈဆိုင္ရာ ကိစၥေတြကို တရားဝင္ စတင္ခြင့္ရရွိလိုက္ပါျပီ။
မန္ေနဂ်ာေတြ ကစားသမားေတြနဲ႔ ေဆြးေႏြးမႈေတြအရ ေလ့က်င့္ေရး ျပန္လည္စတင္ျခင္း၊ ထိေတြ႔မႈရွိတဲ့ အျပည့္အဝ ေလ့က်င့္မႈကို လုပ္ေဆာင္ျခင္းနဲ႔ ေဘာလံုးပြဲေတြ ျပန္လည္ စတင္ဖို႔ရာ လုပ္ေဆာင္ျခင္းဆိုတဲ့ အဆင့္အလိုက္ လုပ္ငန္းစဥ္ေတြကို ျပင္ဆင္လာတာပါ။ ယခု ခြင့္ျပဳလုိက္တာက ပထမအဆင့္ျဖစ္တဲ့ ေလ့က်င့္ေရး ျပန္လည္စတင္ျခင္း ျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ ျပန္စတင္ေရး လုပ္ငန္းစဥ္-၁ မွာ နည္းျပေတြ၊ ကစားသမားေတြ ပါဝင္တဲ့ အဖြဲ႔ငယ္နဲ႔ ေလ့က်င့္ေရး ျပန္ဆင္းႏုိင္ဖို႔ျဖစ္တယ္။ ကစားသမား ၅ ဦးေလာက္ပါတဲ့ အဖြဲ႔ငယ္နဲ႔ ေလ့က်င့္ေရး လုပ္ေဆာင္ခြင့္ျဖစ္ပါတယ္။ ဒီအဆင့္ကို ေအာင္ျမင္ျပီးရင္ေတာ့ လုပ္ငန္းစဥ္-၂ ျဖစ္တဲ့ ထိေတြ႔မႈရွိမယ့္ ေလ့က်င့္ေရးကို စတင္သြားမွာပါ။
ကေန႔ ထုတ္ျပန္တဲ့ သေဘာတူညီခ်က္ဟာ ပရီးမီးယားလိဂ္ ကစားသမားေတြ၊ မန္ေနဂ်ာေတြ၊ ကလပ္ဆရာဝန္ေတြ၊ ေဘာလံုးဆိုင္ရာ ကၽြမ္းက်င္သူေတြနဲ႔ အစိုးရအဖြဲ႔တို႔ ပါဝင္တဲ့ ဘံုသေဘာတူညီမႈလည္း ျဖစ္ပါတယ္။ ေလ့က်င့္ေရးမွာေတာ့ ပတ္ဝန္းက်င္ ေဘးကင္းလံုျခံဳေရးအတြက္ အႏၱရာယ္အကင္းဆံုးနဲ႔ အျမင့္ဆံုး ေစာင့္ေရွာက္မႈေတြကိုလည္း ေပးသြားမွာျဖစ္တယ္။
ဒီကေန႔ ခြင့္ျပဳမႈအရ ပရီးမီးယားလိဂ္ ျပန္လည္စတင္နုိင္ဖို႔ကိစၥဟာ အသက္ဝင္လာခဲ့ပါျပီ။ ရုပ္သံလႊင့္ကုမၸဏီေတြကေတာ့ ေဘာလံုးပြဲေတြ ျပန္စတင္ႏုိင္တဲ့ ဇြန္လ ၁၂ ရက္အတြက္ေကာ ဇြန္လ ၁၉ ရက္အတြက္ပါ ၾကိဳတင္ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။