ပရီးမီးယားလိဂ်ကို အဘက်ဘက်က ဦးဆောင်နေတဲ့ လီဗာပူးအသင်းကို ဒီရာသီ ချန်ပီယံမဖြစ်စေဘဲ ဘောလုံးရာသီ ပယ်ဖျက်လိုက်ဖို့ကိုပဲ ကလပ်တွေဘက်က တောင်းဆိုမှုတွေ မြင့်မားခဲ့ပါတယ်။
အင်္ဂလန်မီဒီယာတွေမှာနဲ့ လီဗာပူးမီဒီယာတွေမှာ ဒီအကြောင်းကို ကလော့ပ်က လုံးဝ မပြောခဲ့ပေမယ့် ဂျာမနီဘောလုံးအဖွဲ့ချုပ်နဲ့ အင်တာဗျူးမှာတော့ ပြိုင်ဘက်တွေရဲ့ လိဂ်ကို ပယ်ဖျက်လိုမှုကို သိပ်အံ့သြရပါကြောင်း ကလော့ပ်က ပြောသွားခဲ့ပါတယ်။
ကလော့ပ်က ” အင်္ဂလန်မှာ လူတွေက ဘောလုံးရာသီကို ပယ်ဖျက်စေလိုကြတယ်။ အရမ်းအံသြရတာပေါ့။ ဘောလုံးရာသီရဲ့ ၇၆% လောက်ရှိမယ့် ပွဲတွေကို ကစားခဲ့ပြီးတာကို သူတို့တွေက ဘာလို့ ပယ်ဖျက်လိုကြတာလဲ?
ပုဂ္ဂိုလ်ရေးအရပြောရရင် အဲ့တာက မမျှတဘူးလို့ထင်တယ်။ ဒီရာသီက မရှိခဲ့ဘူးလို့ သက်မှတ်ရမယ်ပေါ့။ အမှတ်ပေးဇယားကိုကြည့် အိမ်ကွင်းနိုင်ပွဲမှာ ငါတို့က ထိပ်ဆုံးပဲ၊ အဝေးကွင်းနိုင်ပွဲမှာ ထိပ်ဆုံးကလည်း ငါတို့ပဲ။ ငါတို့ ချန်ပီယံကို ဖြစ်သင့်တဲ့ ဘောလုံးရာသီဖြစ်တယ်။
ကပ်ဘေးကို ဘယ်လို ရင်ဆိုင်မလဲက အရေးကြီးပါတယ်။ ဒါပေမယ့် အဲ့တာနဲ့ပဲတော့ အခြားကိစ္စတွေ အရေးမပါတော့တာ မဟုတ်ပါဘူး။ သိပ်အရေးမကြီးတဲ့ ကိစ္စတွေက အရေးမပါတော့တာမျိုး မဟုတ်ပါဘူး။ လူတွေကပြောတယ်။ အပြင်မှာ လူတွေသေနေတာကို ဘာလို့များ ဘောလုံးပြန်ကစားလိုနေတာလဲတဲ့။
ဘယ်သူမှလည်း အဲ့လို မလုပ်ချင်ဘူး။ ဒါပေမယ့် အခြားသော စီးပွားရေးလုပ်ငန်းတွေ ပြန်စနေသလိုပဲ ကျနေ်ာတို့လည်း ရှေ့ဆက်သွားနိုင်အောင် လုပ်ဖို့လိုတယ်။ ဘာလို့လည်းဆိုတော့ အဲ့လို လုပ်လာရမှာပဲလေ ” လို့ တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။
ကလော့ပ်ရဲ့ ပြောဆိုမှုဟာ နည်းမှန် လမ်းမှန်ရှိပါတယ်။ ဘောလုံးဟာ ကမ္ဘာပေါ်မှာ အရေးကြီးဆုံးပါလို့ ဘယ်သူကမှ မပြောပါဘူး။ ဒါပေမယ့် ဒီအကြောင်းပြချက်နဲ့ အရေးမပါတဲ့ ကိစ္စပါဆိုပြီး ဆက်မလုပ်ဘဲ ဘေးဖယ်ထားလို့မှ မရနိုင်တာဘဲ မဟုတ်လား။
ZAWGYI
ပရီးမီးယားလိဂ္ကို အဘက္ဘက္က ဦးေဆာင္ေနတဲ့ လီဗာပူးအသင္းကို ဒီရာသီ ခ်န္ပီယံမျဖစ္ေစဘဲ ေဘာလံုးရာသီ ပယ္ဖ်က္လုိက္ဖို႔ကိုပဲ ကလပ္ေတြဘက္က ေတာင္းဆိုမႈေတြ ျမင့္မားခဲ့ပါတယ္။
အဂၤလန္မီဒီယာေတြမွာနဲ႔ လီဗာပူးမီဒီယာေတြမွာ ဒီအေၾကာင္းကို ကေလာ့ပ္က လံုးဝ မေျပာခဲ့ေပမယ့္ ဂ်ာမနီေဘာလံုးအဖြဲ႔ခ်ဳပ္နဲ႔ အင္တာဗ်ဴးမွာေတာ့ ျပိဳင္ဘက္ေတြရဲ႕ လိဂ္ကို ပယ္ဖ်က္လိုမႈကို သိပ္အံ့ၾသရပါေၾကာင္း ကေလာ့ပ္က ေျပာသြားခဲ့ပါတယ္။
ကေလာ့ပ္က ” အဂၤလန္မွာ လူေတြက ေဘာလံုးရာသီကို ပယ္ဖ်က္ေစလိုၾကတယ္။ အရမ္းအံၾသရတာေပါ့။ ေဘာလံုးရာသီရဲ႕ ၇၆% ေလာက္ရွိမယ့္ ပြဲေတြကို ကစားခဲ့ျပီးတာကို သူတို႔ေတြက ဘာလို႔ ပယ္ဖ်က္လိုၾကတာလဲ?
ပုဂၢိဳလ္ေရးအရေျပာရရင္ အဲ့တာက မမွ်တဘူးလို႔ထင္တယ္။ ဒီရာသီက မရွိခဲ့ဘူးလို႔ သက္မွတ္ရမယ္ေပါ့။ အမွတ္ေပးဇယားကိုၾကည့္ အိမ္ကြင္းႏုိင္ပြဲမွာ ငါတို႔က ထိပ္ဆံုးပဲ၊ အေဝးကြင္းႏုိင္ပြဲမွာ ထိပ္ဆံုးကလည္း ငါတို႔ပဲ။ ငါတို႔ ခ်န္ပီယံကို ျဖစ္သင့္တဲ့ ေဘာလံုးရာသီျဖစ္တယ္။
ကပ္ေဘးကို ဘယ္လို ရင္ဆိုင္မလဲက အေရးၾကီးပါတယ္။ ဒါေပမယ့္ အဲ့တာနဲ႔ပဲေတာ့ အျခားကိစၥေတြ အေရးမပါေတာ့တာ မဟုတ္ပါဘူး။ သိပ္အေရးမၾကီးတဲ့ ကိစၥေတြက အေရးမပါေတာ့တာမ်ိဳး မဟုတ္ပါဘူး။ လူေတြကေျပာတယ္။ အျပင္မွာ လူေတြေသေနတာကို ဘာလို႔မ်ား ေဘာလံုးျပန္ကစားလိုေနတာလဲတဲ့။
ဘယ္သူမွလည္း အဲ့လို မလုပ္ခ်င္ဘူး။ ဒါေပမယ့္ အျခားေသာ စီးပြားေရးလုပ္ငန္းေတြ ျပန္စေနသလိုပဲ က်ေန္ာတို႔လည္း ေရွ႔ဆက္သြားႏုိင္ေအာင္ လုပ္ဖို႔လိုတယ္။ ဘာလို႔လည္းဆိုေတာ့ အဲ့လို လုပ္လာရမွာပဲေလ ” လို႔ တုန္႔ျပန္ခဲ့တာျဖစ္ပါတယ္။
ကေလာ့ပ္ရဲ႔ ေျပာဆိုမႈဟာ နည္းမွန္ လမ္းမွန္ရွိပါတယ္။ ေဘာလံုးဟာ ကမၻာေပၚမွာ အေရးၾကီးဆံုးပါလို႔ ဘယ္သူကမွ မေျပာပါဘူး။ ဒါေပမယ့္ ဒီအေၾကာင္းျပခ်က္နဲ႔ အေရးမပါတဲ့ ကိစၥပါဆိုျပီး ဆက္မလုပ္ဘဲ ေဘးဖယ္ထားလို႔မွ မရႏုိင္တာဘဲ မဟုတ္လား။