အင်္ဂလန်ဟာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရမှုနှုန်းမြင့်တဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး ကပ်ဘေးမှာ ပိတ်ဆို့မှုတွေ အများကြီး လုပ်ခဲ့ရပါတယ်။
အင်္ဂလန်အနောက်မြောက်ပိုင်းက မာဆေးဆိုဒ်ဒေသမှာလည်း တူညီတဲ့ အနေအထားအဖြစ် လူတွေဟာ နေအိမ်တွေမှာပဲ နေထိုင်ခဲ့ရတယ်။ ဒီအခြေအနေမှာ မာဆေးဆိုဒ်က တက်ဆီသမား တစ်ဦးကတော့ ဒေသတွင်းက လိုအပ်သူတွေထံ အစားအသောက် လိုက်လံ ပို့ဆောင်မှုတွေ လုပ်ပေးခဲ့ပါတယ်။
သူကတော့ Spirit Of Shankly အဖွဲ့သားတစ်ဦးဖြစ်တဲ့ လီဗာပူးအမာခံ ပရိသတ်ကြီး Tony Cavener ဖြစ်ပါတယ်။ တိုနီဟာ ကိုရိုနာကပ်ဘေးကြားမှာပဲ မာဆေးဆိုဒ်ဒေသတွင်း ပစ္စည်း လိုက်ပို့မှုတွေကို လုပ်ဆောင်ပေးခဲ့တာပါ။ သူတစ်ဦးတည်း မဟုတ်ဘဲ လီဗာပူးအားပေးသူ ပရိသတ်အဖွဲ့အစည်းဖြစ်တဲ့ Spirit Of Shankly မှ အဖွဲ့သားတွေဟာ ဒေသတွင်း လိုအပ်သူတွေထံ ကပ်ဘေးကြားမှာ ပစ္စည်းလိုက်ပို့သူတွေအဖြစ် လုပ်ပေးခဲ့ကြတာပါ။
ထောင်ပေါင်းများစွာသော ပို့ဆောင်မှုတွေကို လုပ်ပေးခဲ့ကြတဲ့ တိုနီတို့ တစ်သိုက်ကို ထရန့်က ” ကလပ်ကိုယ်စား၊ ရှေ့တန်းမှာ ကြိုးစားပေးကြပြီး လူတွေအတွက် အကောင်းဆုံး လုပ်ဆောင်ပေးကာ ကိုယ်ရဲ့ ကျန်းမာရေး၊ လုံခြုံမှုတွေထက် အခြားသူတွေအတွက်ပဲ ကြည့်ပေးကြတဲ့ ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ်။ ဒီအခြေအနေမှာ ကျေးဇူးတင်ပါတယ်ဆိုတာလောက်ပဲ ကျနေ်ာတို့မှာ လုပ်ပေးနိုင်ပါတယ်။ ဒီတော့ ခင်ဗျားတို့ လုပ်ပေးတာအတွက် အများကြီး ကျေးဇူးတင်ပါတယ် တိုနီ ” လို့ ဗီဒီယိုကနေ ဆက်သွယ်ပြီး ကျေးဇူးတင်စရာ ပြောခဲ့တာပါ။
မိနစ်အတန်ကြာတဲ့ အဆိုပါ စကားပြောမှုမှာ တိုနီကတော့ ကျေးဇူးတင်စကားကို လက်မခံပါဘူး။ အချင်းချင်း မျှဝေစည်းလုံးရမှာက ရှန်ကလေအမွေပေးခဲ့တဲ့ လီဗာပူးရဲ့ စိတ်ဓါတ်ပဲဖြစ်ကာ ဒါဟာ ကျေးဇူးတင်စရာလိုတဲ့ ကိစ္စ မဟုတ်ပါဘူးလို့ တုန့်ပြန်ခဲ့တယ်။
ဒီဗီဒီယိုက လီဗာပူးပရိသတ်တွေကြားမှာ ပျံ့နှံ့ခဲ့ပြီး ရိုင်းပင်းစိတ်ရှိတဲ့ လီဗာပူးပရိသတ် အဖွဲ့သားတွေကိုကော အသင်းနဲ့ ပရိသတ်တွေကိုယ်စား ကျေးဇူးတင်စရာကို ရိုးသားစွာ ပြောခဲ့တဲ့ ထရန့်ကိုပါ ချီးကျူးမှုတွေ လုပ်ခဲ့ကြပါတယ်။
ZAWGYI
အဂၤလန္ဟာ ကိုရိုနာဗိုင္းရပ္ ကူးစက္ခံရမႈႏႈန္းျမင့္တဲ့ ႏုိင္ငံေတြထဲက တစ္ႏုိင္ငံျဖစ္ျပီး ကပ္ေဘးမွာ ပိတ္ဆို႕မႈေတြ အမ်ားၾကီး လုပ္ခဲ့ရပါတယ္။
အဂၤလန္အေနာက္ေျမာက္ပိုင္းက မာေဆးဆိုဒ္ေဒသမွာလည္း တူညီတဲ့ အေနအထားအျဖစ္ လူေတြဟာ ေနအိမ္ေတြမွာပဲ ေနထိုင္ခဲ့ရတယ္။ ဒီအေျခအေနမွာ မာေဆးဆိုဒ္က တက္ဆီသမား တစ္ဦးကေတာ့ ေဒသတြင္းက လိုအပ္သူေတြထံ အစားအေသာက္ လိုက္လံ ပို႔ေဆာင္မႈေတြ လုပ္ေပးခဲ့ပါတယ္။
သူကေတာ့ Spirit Of Shankly အဖြဲ႔သားတစ္ဦးျဖစ္တဲ့ လီဗာပူးအမာခံ ပရိသတ္ၾကီး Tony Cavener ျဖစ္ပါတယ္။ တိုနီဟာ ကိုရိုနာကပ္ေဘးၾကားမွာပဲ မာေဆးဆိုဒ္ေဒသတြင္း ပစၥည္း လိုက္ပို႔မႈေတြကို လုပ္ေဆာင္ေပးခဲ့တာပါ။ သူတစ္ဦးတည္း မဟုတ္ဘဲ လီဗာပူးအားေပးသူ ပရိသတ္အဖြဲ႔အစည္းျဖစ္တဲ့ Spirit Of Shankly မွ အဖြဲ႔သားေတြဟာ ေဒသတြင္း လိုအပ္သူေတြထံ ကပ္ေဘးၾကားမွာ ပစၥည္းလိုက္ပို႔သူေတြအျဖစ္ လုပ္ေပးခဲ့ၾကတာပါ။
ေထာင္ေပါင္းမ်ားစြာေသာ ပို႔ေဆာင္မႈေတြကို လုပ္ေပးခဲ့ၾကတဲ့ တိုနီတို႔ တစ္သိုက္ကို ထရန္႔က ” ကလပ္ကိုယ္စား၊ ေရွ႔တန္းမွာ ၾကိဳးစားေပးၾကျပီး လူေတြအတြက္ အေကာင္းဆံုး လုပ္ေဆာင္ေပးကာ ကိုယ္ရဲ႕ က်န္းမာေရး၊ လံုျခံဳမႈေတြထက္ အျခားသူေတြအတြက္ပဲ ၾကည့္ေပးၾကတဲ့ ခင္ဗ်ားတို႔ကို ေက်းဇူးတင္ပါတယ္။ ဒီအေျခအေနမွာ ေက်းဇူးတင္ပါတယ္ဆိုတာေလာက္ပဲ က်ေန္ာတို႔မွာ လုပ္ေပးႏုိင္ပါတယ္။ ဒီေတာ့ ခင္ဗ်ားတို႔ လုပ္ေပးတာအတြက္ အမ်ားၾကီး ေက်းဇူးတင္ပါတယ္ တိုနီ ” လို႔ ဗီဒီယိုကေန ဆက္သြယ္ျပီး ေက်းဇူးတင္စရာ ေျပာခဲ့တာပါ။
မိနစ္အတန္ၾကာတဲ့ အဆိုပါ စကားေျပာမႈမွာ တိုနီကေတာ့ ေက်းဇူးတင္စကားကို လက္မခံပါဘူး။ အခ်င္းခ်င္း မွ်ေဝစည္းလံုးရမွာက ရွန္ကေလအေမြေပးခဲ့တဲ့ လီဗာပူးရဲ႕ စိတ္ဓါတ္ပဲျဖစ္ကာ ဒါဟာ ေက်းဇူးတင္စရာလိုတဲ့ ကိစၥ မဟုတ္ပါဘူးလို႔ တုန္႔ျပန္ခဲ့တယ္။
ဒီဗီဒီယိုက လီဗာပူးပရိသတ္ေတြၾကားမွာ ပ်ံ႔ႏွံ႔ခဲ့ျပီး ရိုင္းပင္းစိတ္ရွိတဲ့ လီဗာပူးပရိသတ္ အဖြဲ႔သားေတြကိုေကာ အသင္းနဲ႔ ပရိသတ္ေတြကိုယ္စား ေက်းဇူးတင္စရာကို ရိုးသားစြာ ေျပာခဲ့တဲ့ ထရန္႔ကိုပါ ခ်ီးက်ဴးမႈေတြ လုပ္ခဲ့ၾကပါတယ္။