လီဗာပူး ပထမအသင်း လက်ထောက် ဂိုးနည်းပြဖြစ်သူ ဂျက် ရော်ဘင်ဆန်က လေ့ကျင့်ရေးမှာ ကာတစ်ဂျုံး၊ ဘရူးစတား၊ အီလီယက်တို့ကို အယ်လီဆန် အပါအဝင် ဂိုးသမားတွေနဲ့ စမ်းသပ်ရတာ အရမ်းကို ကောင်းပါတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

မာဆေးဆိုဒ်မှာတော့ ကလော့ပ် ကြီးကြပ်တဲ့ လီဗာပူးနည်းပြအဖွဲ့ဟာ ဗစ်တာ မာတိုစ့် ဦးဆောင်တဲ့ လူငယ်အဖွဲ့တွေကို ပပ်လင်ဒါး၊ ပီတာ ခရာဝစ်ဇ် ဦးဆောင်းတဲ့ နည်းစနစ်ပိုင်း လမ်းညွှန်သူတွေနဲ့အတူ လေ့ကျင့်ပြီး ရော်ဘင်ဆန်ပါတဲ့ ဂိုးသမားအဖွဲ့နဲ့ ထိပ်တိုက်တွေ့စေတာဖြစ်တယ်။ ဒီယှဉ်ပြိုင်မှုကနေမှ လီဗာပူး လူငယ် တိုက်စစ်သမားတွေက တကယ်ကို အိပ်မက်ဆိုးတွေဖြစ်ကြောင်း မြင်တွေ့လာရပါတ်။

ရော်ဘင်ဆန်က ” သူတို့တွေ ဘယ်လောက်ကောင်းလဲ ခင်ဗျားတို့ မသိပါဘူး။ သူတို့ကို ဗစ်တာနဲ့အတူ ပထမအသင်းနဲ့ လေ့ကျင့်ဏေတယ်။ ပပ်နဲ့ ပီတီ တို့နဲ့အတူ အဆုံးသတ် လေ့ကျင့်ရေးကိုလည်း လုပ်စေတယ်။ ဒီကောင်လေးတွေက တကယ်ကို အိပ်မက်ဆိုးတွေပါပဲ။

ဘောလုံးကို အရှိန်တွေနဲ့ တိကျမှုတွေနဲ့ အတူ ကန်သွင်းမှုတွေ လုပ်ကြတယ်။ သူတို့တွေက ကျနေ်ာတို့ရဲ့ ဂိုးသမားတွေအတွက် တကယ်ကို စမ်းသပ်မှုကောင်းတွေပါပဲ။ ဒါကို ကျနေ်ာတို့ လိုချင်တာပါ။ သူတို့နဲ့ ကျနေ်ာတို့ရဲ့ ဂိုးသမားတွေကို စမ်းသပ်လိုတယ်။ ကွင်းထဲမှာဆိုရင်လည်း သူတို့က ကမ္ဘာအကောင်းဆုံး ကစားသမားတွေကို ရင်ဆိုင်ကြရတယ်။

ယူ-၂၃ အသင်းပဲဖြစ်ဖြစ်၊ ချန်ပီယံလိဂ်ဖလား အနိုင်ရထားတဲ့ စီနီယာအသင်းပဲဖြစ်ဖြစ် သူတို့တွေကို လေ့ကျင့်ရေးမှာ စမ်းသပ်ပါတယ်။ ကျနေ်ာတို့အတွက် ဒါက သိပ်ကောင်းပါတယ်။ ကမ္ဘာအကောင်းဆုံး ဂိုးသမားဖြစ်တဲ့ အယ်လီဆန်ကို ကျော်ဖြတ်ပြီး ဂိုးရယူနိုင်ဖို့ ကြိုးစားခိုင်းတယ်။ ဂိုးသမားတွေကလည်း ဒီတိုက်စစ်သမားတွေကို ရပ်တန့်ဖို့ ကြိုးစားရတယ်။

နှစ်ဦး နှစ်ဘက်အတွက် တိုးတက်လာဖို့ သိပ်ကောင်းတဲ့ နည်းလမ်းတွေဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ ပြိုဆိုင်မှုတွေလည်း ဖြစ်စေပါတယ် ” လို့ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူး ပထမအသင္း လက္ေထာက္ ဂိုးနည္းျပျဖစ္သူ ဂ်က္ ေရာ္ဘင္ဆန္က ေလ့က်င့္ေရးမွာ ကာတစ္ဂ်ံဳး၊ ဘရူးစတား၊ အီလီယက္တို႔ကို အယ္လီဆန္ အပါအဝင္ ဂိုးသမားေတြနဲ႔ စမ္းသပ္ရတာ အရမ္းကို ေကာင္းပါတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

မာေဆးဆိုဒ္မွာေတာ့ ကေလာ့ပ္ ၾကီးၾကပ္တဲ့ လီဗာပူးနည္းျပအဖြဲ႔ဟာ ဗစ္တာ မာတိုစ့္ ဦးေဆာင္တဲ့ လူငယ္အဖြဲ႔ေတြကို ပပ္လင္ဒါး၊ ပီတာ ခရာဝစ္ဇ္ ဦးေဆာင္းတဲ့ နည္းစနစ္ပိုင္း လမ္းညႊန္သူေတြနဲ႔အတူ ေလ့က်င့္ျပီး ေရာ္ဘင္ဆန္ပါတဲ့ ဂိုးသမားအဖြဲ႔နဲ႔ ထိပ္တိုက္ေတြ႔ေစတာျဖစ္တယ္။ ဒီယွဥ္ျပိဳင္မႈကေနမွ လီဗာပူး လူငယ္ တိုက္စစ္သမားေတြက တကယ္ကို အိပ္မက္ဆိုးေတြျဖစ္ေၾကာင္း ျမင္ေတြ႔လာရပါတ္။

ေရာ္ဘင္ဆန္က ” သူတို႔ေတြ ဘယ္ေလာက္ေကာင္းလဲ ခင္ဗ်ားတို႔ မသိပါဘူး။ သူတို႔ကို ဗစ္တာနဲ႔အတူ ပထမအသင္းနဲ႔ ေလ့က်င့္ေဏတယ္။ ပပ္နဲ႔ ပီတီ တို႔နဲ႔အတူ အဆံုးသတ္ ေလ့က်င့္ေရးကိုလည္း လုပ္ေစတယ္။ ဒီေကာင္ေလးေတြက တကယ္ကို အိပ္မက္ဆိုးေတြပါပဲ။

ေဘာလုံးကို အရွိန္ေတြနဲ႔ တိက်မႈေတြနဲ႔ အတူ ကန္သြင္းမႈေတြ လုပ္ၾကတယ္။ သူတို႔ေတြက က်ေန္ာတို႔ရဲ႕ ဂိုးသမားေတြအတြက္ တကယ္ကို စမ္းသပ္မႈေကာင္းေတြပါပဲ။ ဒါကို က်ေန္ာတို႔ လိုခ်င္တာပါ။ သူတို႔နဲ႔ က်ေန္ာတို႔ရဲ႕ ဂိုးသမားေတြကို စမ္းသပ္လိုတယ္။ ကြင္းထဲမွာဆိုရင္လည္း သူတို႔က ကမၻာအေကာင္းဆံုး ကစားသမားေတြကို ရင္ဆိုင္ၾကရတယ္။

ယူ-၂၃ အသင္းပဲျဖစ္ျဖစ္၊ ခ်န္ပီယံလိဂ္ဖလား အႏုိင္ရထားတဲ့ စီနီယာအသင္းပဲျဖစ္ျဖစ္ သူတို႔ေတြကို ေလ့က်င့္ေရးမွာ စမ္းသပ္ပါတယ္။ က်ေန္ာတို႔အတြက္ ဒါက သိပ္ေကာင္းပါတယ္။ ကမၻာအေကာင္းဆံုး ဂိုးသမားျဖစ္တဲ့ အယ္လီဆန္ကို ေက်ာ္ျဖတ္ျပီး ဂိုးရယူႏုိင္ဖို႔ ၾကိဳးစားခိုင္းတယ္။ ဂိုးသမားေတြကလည္း ဒီတိုက္စစ္သမားေတြကို ရပ္တန္႔ဖို႔ ၾကိဳးစားရတယ္။

ႏွစ္ဦး ႏွစ္ဘက္အတြက္ တိုးတက္လာဖို႔ သိပ္ေကာင္းတဲ့ နည္းလမ္းေတြျဖစ္တယ္။ တစ္ခိ်န္တည္းမွာပဲ ျပိဳဆိုင္မႈေတြလည္း ျဖစ္ေစပါတယ္ ” လို႔ ေျပာျပခဲ့တာ ျဖစ္ပါတယ္။