လီဗာပူးကွင်းလယ်လူ ဝိုက်နယ်ဒမ်က ဂိုးသွင်းယူပြီးတိုင်း သူ့ရဲ့ အောင်ပွဲခံမှုတွေက ဘယ်ကနေ ဆင့်ပွှားလာတဲ့ စတိုင်တွေလဲဆိုတာကို ထုတ်ပြောလာပါတယ်။

ဒီရာသီမှာ ဂိုးသွင်းယူပြီးတိုင်း ဝိုက်နယ်ဒမ်ဟာ ဗန်ဒိုက်နဲ့အတူ အောင်ပွဲခံမှုတွေ လုပ်လေ့ရှိပါတယ်။ သူ့ရဲ့ ထူးထူးဆန်းဆန်း အောင်ပွဲခံမှုတွေက ဘာအဓိပ္ပာယ်လဲဆိုတာကိုတော့ ပရိသတ်တွေ မသိကြပါဘူး။ လီဗာပူးဝဘ်ဆိုဒ်ကနေ ဒီကိစ္စကို ဝိုက်နယ်ဒမ်က ရှင်းပြခဲ့ပါတယ်။

ဂီနီက “ ရိုးရိုးသားသား ပြောရရင် အဲ့တာတွေက ကော်ပီတွေပါ။ ကျနော်က Young MA! လို့ ခေါ်တဲ့ ရပ်ပါတစ်ယောက်ရဲ့ ပုံစံတွေကို လိုက် အတုယူနေတာဖြစ်ပါတယ်။ ဗီဒီယိုတွေမှာ သူလုပ်နေတာတွေကိုကြည့်ပြီး အဲ့တာမျိုးတွေကို ငါလည်း ဂိုးသွင်းပြီးရင် လိုက်လုပ်လို့ ရတာပဲလို့ တွေးမိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ကျနော်က ဖာမင်နိုလို လုပ်လိုပါတယ်။ သူ့မှာ အောင်ပွဲခံမှု စတိုင်တွေ အများကြီးရှိတယ်။ ဒီတော့ ဂိုးတွေသွင်းပြီးရင် ဒါတွေကို ထုတ်ပြနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ကျနော် အောင်ပွဲခံမှုတွေ အများကြီး လုပ်နိုင်ဖို့ မျှော်လင့်ထားတယ်။ ဒါပေမယ့် ကျနော် အတုယူမှုက Young MA! ရဲ့ စတိုင်တွေပါ။ ဒီလို လုပ်လို့ သူမ စိတ်မဆိုးဖို့တော့ မျှော်လင့်တာပါပဲ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းမှာ ဂိုးသွင်းပြီးတိုင်း ထူးထူးခြားခြား အောင်ပွဲခံတာတွေကို လုပ်လေ့ရှိသူက ဖာမင်နိုဖြစ်တယ်။ ဖာမင်နိုရဲ့ စတိုင်တွေက များပြားပြီး ပရိသတ်တွေ သဘောကျလေ့ရှိပါတယ်။ ဖာမင်နိုနဲ့ ဂီနီတို့ရဲ့ ထူးခြားတဲ့ အောင်ပွဲခံဟန်တွေကို ပြန်မြင်ရဖို့ ဘောလုံးပွဲတွေ ပြန်လာဖို့ကို မစောင့်နိုင်အောင်ပါပဲဗျာ။

ZAWGYI

လီဗာပူးကြင္းလယ္လူ ဝိုက္နယ္ဒမ္က ဂိုးသြင္းယူျပီးတိုင္း သူ႔ရဲ႕ ေအာင္ပြဲခံမႈေတြက ဘယ္ကေန ဆင့္ပႊားလာတဲ့ စတိုင္ေတြလဲဆိုတာကို ထုတ္ေျပာလာပါတယ္။

ဒီရာသီမွာ ဂိုးသြင္းယူျပီးတိုင္း ဝိုက္နယ္ဒမ္ဟာ ဗန္ဒိုက္နဲ႔အတူ ေအာင္ပြဲခံမႈေတြ လုပ္ေလ့ရွိပါတယ္။ သူ႔ရဲ႕ ထူးထူးဆန္းဆန္း ေအာင္ပြဲခံမႈေတြက ဘာအဓိပၸာယ္လဲဆိုတာကိုေတာ့ ပရိသတ္ေတြ မသိၾကပါဘူး။ လီဗာပူးဝဘ္ဆိုဒ္ကေန ဒီကိစၥကို ဝိုက္နယ္ဒမ္က ရွင္းျပခဲ့ပါတယ္။

ဂီနီက “ ရိုးရိုးသားသား ေျပာရရင္ အဲ့တာေတြက ေကာ္ပီေတြပါ။ က်ေနာ္က Young MA! လို႔ ေခၚတဲ့ ရပ္ပါတစ္ေယာက္ရဲ႕ ပံုစံေတြကို လိုက္ အတုယူေနတာျဖစ္ပါတယ္။ ဗီဒီယိုေတြမွာ သူလုပ္ေနတာေတြကိုၾကည့္ျပီး အဲ့တာမ်ိဳးေတြကို ငါလည္း ဂိုးသြင္းျပီးရင္ လိုက္လုပ္လို႔ ရတာပဲလို႔ ေတြးမိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ က်ေနာ္က ဖာမင္ႏိုလို လုပ္လိုပါတယ္။ သူ႔မွာ ေအာင္ပြဲခံမႈ စတိုင္ေတြ အမ်ားၾကီးရွိတယ္။ ဒီေတာ့ ဂိုးေတြသြင္းျပီးရင္ ဒါေတြကို ထုတ္ျပႏုိင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။ က်ေနာ္ ေအာင္ပြဲခံမႈေတြ အမ်ားၾကီး လုပ္ႏုိင္ဖို႔ ေမွ်ာ္လင့္ထားတယ္။ ဒါေပမယ့္ က်ေနာ္ အတုယူမႈက Young MA! ရဲ႕ စတိုင္ေတြပါ။ ဒီလို လုပ္လို႔ သူမ စိတ္မဆိုးဖို႔ေတာ့ ေမွ်ာ္လင့္တာပါပဲ ” လို႔ ေျပာဆိုခ့ဲတာ ျဖစ္ပါတယ္။

လီဗာပူးအသင္းမွာ ဂိုးသြင္းျပီးတိုင္း ထူးထူးျခားျခား ေအာင္ပြဲခံတာေတြကို လုပ္ေလ့ရွိသူက ဖာမင္ႏိုျဖစ္တယ္။ ဖာမင္ႏိုရဲ႕ စတိုင္ေတြက မ်ားျပားျပီး ပရိသတ္ေတြ သေဘာက်ေလ့ရွိပါတယ္။ ဖာမင္ႏိုနဲ႔ ဂီနီတို႔ရဲ႕ ထူးျခားတဲ့ ေအာင္ပြဲခံဟန္ေတြကို ျပန္ျမင္ရဖို႔ ေဘာလံုးပြဲေတြ ျပန္လာဖို႔ကို မေစာင့္ႏုိင္ေအာင္ပါပဲဗ်ာ။