ဝက်စ်ဟမ်း ကွင်းလယ်ကစားသမား ဂျက် ၀ီရှိုင်းယားက ၄င်းရဲ့ အသင်းဟောင်း အာဆင်နယ်ဟာ ချန်ပီယံလိဂ် ၀င်ခွင့် လွဲချော်ခဲ့တယ် ဆိုပေမယ့် ကောင်းမွန်တဲ့ ဘောလုံးရာသီ ပိုင်ဆိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ် ဂန္တ၀င် ကစားသမားဟောင်း ရိုက်က လက်ရှိအသင်းမှာ လာကာဇက်တီ၊ အိုဇေးလ်၊ မီခီတာရန်၊ အူဘာမီယန်း အစရှိတဲ့ ကစားသမား ၄ ယောက် တပြိုင်နက်တည်း ပွဲထွက်ပြီး တိုက်စစ်အစွမ်းပြတာ မြင်ချင်ကြောင်း ဖွင့်ဟပြောဆိုလိုက်ပါတယ်။

အသက် ၂၈ နှစ်အရွယ် အင်္ဂလန်သား အာဆင်နယ် တိုက်စစ်မှူး ဒန်နီဝဲဘတ်ကို လန်ဒန်ကလပ်က သက်တမ်းတိုးစာချုပ်သစ် ကမ်းလှမ်းတော့မှာ မဟုတ်ဘဲ အသင်းက ထွက်ခွာခွင့် ပြုတော့မယ်လို့ အတည်ပြုလိုက်ပါတယ်။

ဖူဟမ်အသင်းဟာ ချန်ပီယံရှစ်သို့ တန်းဆင်းသွားရပေမယ့် နာမည်ကြီး မန်နေဂျာ တစ်ဦးကို ခန့်အပ်ရန် ကြိုးစားနေပြီး အာဆင်နယ် နည်းပြဟောင်း အာဆင်ဝင်းဂါးကို ချဉ်းကပ်ခဲ့ရာ ၄င်းက ဒုတိယအကြိမ် ပယ်ချလိုက်ပါတယ်။

အာဆင်နယ်ဟာ ကလပ်အသင်းရဲ့ အားကစားဒါရိုက်တာအဖြစ် အသင်းကစားသမားဟောင်း အီဒူးကို ခန့်အပ်ဖို့ သဘောတူညီမှု ရခဲ့ပြီလို့ သတင်းထွက်နေပါတယ်။ မန်နေဂျာ အူနိုင်းအမ်မရီနဲ့ အီဒူးတို့ဟာ ဗလန်စီယာမှာ အတူတကွ တွဲဘက် လုပ်ဆောင်ဖူးပါတယ်။

ဘာစီလိုနာက အာဆင်နယ်နဲ့ ပြင်သစ် တိုက်စစ်မှူး လာကာဇက်တီကို မျက်စိကျနေပြီး လာမယ့်နွေမှာ ပေါင် သန်း ၇၀ နဲ့ ကမ်းလှမ်းရန် ပြင်ဆင်နေပါတယ်။ လာကာဇက်ဟာ လက်ရှိရာသီမှာ အသင်းဖော်တိုက်စစ်မှူး အော်ဘာမီရန်းနဲ့အတူ ထက်မြက်တဲ့ ဂိုးသွင်းစွမ်းရည်ကို ပြသထားပါတယ်။ ဘာစီလိုနာဟာ လူးဝစ်ဆွာရက်စ်နေရာ အစားထိုးဖို့ ပြင်သစ်သားကို အလိုရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ အငှားစာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်၊ အာဆင်နယ်တို့အပြင် စီးရီးအေထိပ်သီးကလပ် နာပိုလီအသင်းက ပစ်မှတ်ထားနေပါတယ်။