လီဗာပူးအသင်းဟာ မဲဝုဒ်ကို ပြန်ဝင်မှုတွေ စလုပ်နေပြီဖြစ်ပေမယ့် တရားဝင် ခွင့်ပြုလိုက်တဲ့ အဖွဲ့ငယ်ဖြင့် လေ့ကျင့်ရေး ပြန်ဝင်မှုတွေကို လုပ်ဆောင်ခြင်း မရှိသေးပါဘူး။
အင်္ဂါနေ့မှာ တရားဝင် လေ့ကျင့်ရေးတွေ ပြန်ဆင်းခွင့်ရထားပြီး ပရီးမီးယားလိဂ်ကလပ် ၁၁ သင်းက လေ့ကျင့်ရေး ပြန်ဝင်ခဲ့ပါပြီ။ ဒါပေမယ့် လီဗာပူးက ဗုဒ္ဓဟူးနေ့မှ လေ့ကျင့်ရေး စဝင်မယ့် ပရီးမီးယားလိဂ် ၇ သင်းစာရင်းမှာ ပါဝင်နေတာကြောင့် မနက်ဖြန်မှာတော့ ၅ ဦးတစ်ဖွဲ့ လေ့ကျင့်ရေးတွေကို စတင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်က လေ့ကျင့်ရေး ပြန်ဆင်းဖို့ ခွင့်ပြုမှာဖြစ်တာကြောင့် အကြို လုပ်ဆောင်မှုအဖြစ် တနင်္ဂနွေနေ့တုန်းက လီဗာပူးအသင်းသားတွေနဲ့ ဝန်ထမ်းတွေ အပါအဝင် စုစုပေါင်း လူ ၄၀ ဟာ ခရာဘီမှာ ကိုဗစ်စစ်ဆေးမှုတွေ ခံယူခဲ့ကြပါတယ်။ ကိုဗစ် စစ်ဆေးမှုတွေရဲ့ ရလဒ်ကို သိရဖို့ကိုယ်တော့ ၂၄ နာရီကနေ ၄၈ နာရီ ကြား စောင့်ဆိုင်းဖို့ လိုခဲ့တာဖြစ်တယ်။
လီဗာပူးအသင်းက ရလဒ်တွေ စောင့်နေဆဲဖြစ်လို့ ဒီကနေ့မှာ လေ့ကျင့်ရေး မလုပ်နိုင်ပဲ မနက်ဖြန်မှ ပြန်လည် စတင်ရမှာပါ။ အားလုံးဟာ ကန့်သတ်ထားတဲ့ social distancing စည်းမျဉ်းတွေကို လိုက်နာပြီး လေ့ကျင့်ရေးတွေ ပြန်ဝင်ကြမှာဖြစ်တယ်။ ကနဦးအဖြစ် အဖွဲ့ငယ်တွေနဲ့ လေ့ကျင့်မှာဖြစ်ကာ သက်မှတ်ကာလ အပြီးမှာ ဘောလုံးပွဲ ပြန်ကစားကြမှာပါ။
အဖွဲ့သား ၅ ဦးတွေ ပါဝင်တဲ့ အဖွဲ့ငယ်တွေနဲ့ လေ့ကျင့်ရေးက ဗုဒ္ဓဟူးနေ့မှ ပြန်စမှာဖြစ်ပေမယ့်လည်း ဒီကနေ့ မဲဝုဒ်ကို ရောက်လာတဲ့ အသင်းသားတွေက အရင်နှစ်ပတ်လောက်တည်းက မဲဝုဒ်မှာ တစ်ဦးချင်းဆိုင်ရာ အပြေးလေ့ကျင့်မှုတွေကို လာလုပ်နေသူတွေဖြစ်တယ်။ ဒါကြောင့် အဖွဲ့ငယ်ပုံစံ လေ့ကျင့်မှုတွေကို တန်းလုပ်ဖို့ ကြံ့ခိုင်မှု ကောင်းနေကြမှာဖြစ်တယ်။
မန်နေဂျာကလော့ပ်ကတော့ ရတဲ့ အချိန်ကို အကောင်းဆုံး ပြင်ဆင်မှုတွေ လုပ်နိုင်ဖို့ ကြိုးစားမှာဖြစ်ပြီး ဘောလုံးပွဲတွေ ပြန်ကစားရရင် အကောင်းဆုံး အသင်းကို ပြန်မြင်စေရမယ်လို့ ကတိပေးထားပါတယ်။
ZAWGYI
လီဗာပူးအသင္းဟာ မဲဝုဒ္ကို ျပန္ဝင္မႈေတြ စလုပ္ေနျပီျဖစ္ေပမယ့္ တရားဝင္ ခြင့္ျပဳလိုက္တဲ့ အဖြဲ႔ငယ္ျဖင့္ ေလ့က်င့္ေရး ျပန္ဝင္မႈေတြကို လုပ္ေဆာင္ျခင္း မရွိေသးပါဘူး။
အဂၤါေန႔မွာ တရားဝင္ ေလ့က်င့္ေရးေတြ ျပန္ဆင္းခြင့္ရထားျပီး ပရီးမီးယားလိဂ္ကလပ္ ၁၁ သင္းက ေလ့က်င့္ေရး ျပန္ဝင္ခ့ဲပါျပီ။ ဒါေပမယ့္ လီဗာပူးက ဗုဒၶဟူးေန႔မွ ေလ့က်င့္ေရး စဝင္မယ့္ ပရီးမီးယားလိဂ္ ၇ သင္းစာရင္းမွာ ပါဝင္ေနတာေၾကာင့္ မနက္ျဖန္မွာေတာ့ ၅ ဦးတစ္ဖြဲ႔ ေလ့က်င့္ေရးေတြကို စတင္ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။
ပရီးမီးယားလိဂ္က ေလ့က်င့္ေရး ျပန္ဆင္းဖို႔ ခြင့္ျပဳမွာျဖစ္တာေၾကာင့္ အၾကိဳ လုပ္ေဆာင္မႈအျဖစ္ တနဂၤေႏြေန႔တုန္းက လီဗာပူးအသင္းသားေတြနဲ႔ ဝန္ထမ္းေတြ အပါအဝင္ စုစုေပါင္း လူ ၄၀ ဟာ ခရာဘီမွာ ကိုဗစ္စစ္ေဆးမႈေတြ ခံယူခဲ့ၾကပါတယ္။ ကိုဗစ္ စစ္ေဆးမႈေတြရဲ႕ ရလဒ္ကို သိရဖို႔ကိုယ္ေတာ့ ၂၄ နာရီကေန ၄၈ နာရီ ၾကား ေစာင့္ဆိုင္းဖို႔ လိုခဲ့တာျဖစ္တယ္။
လီဗာပူးအသင္းက ရလဒ္ေတြ ေစာင့္ေနဆဲျဖစ္လို႔ ဒီကေန႔မွာ ေလ့က်င့္ေရး မလုပ္ႏုိင္ပဲ မနက္ျဖန္မွ ျပန္လည္ စတင္ရမွာပါ။ အားလံုးဟာ ကန္႔သတ္ထားတဲ့ social distancing စည္းမ်ဥ္းေတြကို လုိက္နာျပီး ေလ့က်င့္ေရးေတြ ျပန္ဝင္ၾကမွာျဖစ္တယ္။ ကနဦးအျဖစ္ အဖြဲ႔ငယ္ေတြနဲ႔ ေလ့က်င့္မွာျဖစ္ကာ သက္မွတ္ကာလ အျပီးမွာ ေဘာလံုးပြဲ ျပန္ကစားၾကမွာပါ။
အဖြဲ႔သား ၅ ဦးေတြ ပါဝင္တဲ့ အဖြဲ႔ငယ္ေတြနဲ႔ ေလ့က်င့္ေရးက ဗုဒၶဟူးေန႔မွ ျပန္စမွာျဖစ္ေပမယ့္လည္း ဒီကေန႔ မဲဝုဒ္ကို ေရာက္လာတဲ့ အသင္းသားေတြက အရင္ႏွစ္ပတ္ေလာက္တည္းက မဲဝုဒ္မွာ တစ္ဦးခ်င္းဆိုင္ရာ အေျပးေလ့က်င့္မႈေတြကို လာလုပ္ေနသူေတြျဖစ္တယ္။ ဒါေၾကာင့္ အဖြဲ႔ငယ္ပံုစံ ေလ့က်င့္မႈေတြကို တန္းလုပ္ဖို႔ ၾကံ႕ခိုင္မႈ ေကာင္းေနၾကမွာျဖစ္တယ္။
မန္ေနဂ်ာကေလာ့ပ္ကေတာ့ ရတဲ့ အခ်ိန္ကို အေကာင္းဆံုး ျပင္ဆင္မႈေတြ လုပ္ႏုိင္ဖို႔ ၾကိဳးစားမွာျဖစ္ျပီး ေဘာလံုးပြဲေတြ ျပန္ကစားရရင္ အေကာင္းဆံုး အသင္းကို ျပန္ျမင္ေစရမယ္လို႔ ကတိေပးထားပါတယ္။