ရိန်းဂျားအသင်းဟာ ဒီရာသီ သူတို့အသင်းကနေ ထွက်ခွာမယ့် ကစားသမားများ စာရင်းမှာ လီဗာပူးကြယ်ပွင့်ဟောင်းတွေဖြစ်တဲ့ ဂျွန်ဖလာနာဂန်နဲ့ ဂျော်ဒန် ရိုစစ်စတာတို့ကိုပါ ထည့်သွင်းသွားခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်ထိ ရောက်ခဲ့ဖူးပြီး ၂၀၁၈ ခုနှစ်မှာ လီဗာပူးကနေ ရိန်းဂျားကို ပြောင်းရွှေ့ခဲ့တဲ့ ဖလာနာဂန်ဟာ ယူရိုပါလိဂ် အပါအဝင် ပြိုင်ပွဲစုံ ပွဲပေါင်း ၃၉ ပွဲထိ ရိန်းဂျားအတွက် ကစားပေးနိုင်ခဲ့တယ်။ ရိုစစ်စတာကလည်း ၂၀၁၆ တည်းက ရိန်းဂျားမှာ ရှိနေခဲ့ခြင်းဖြစ်ကာ ဒီနှစ်မှာ အငှားထွက်နေပြီး ရာသီကုန်မှာတော့ စကော်တလန်ကလပ်နဲ့ လမ်းခွဲရပါပြီ။

သူတို့အပါအဝင် ရိန်းဂျားက ထွက်ခွာသွားတဲ့ ကစားသမားတွေကို ကျေးဇူးတင်ပါကြောင်း စကော်တလန်ကလပ်ဘက်က နုတ်ဆက်စာ ပေးပို့ခဲ့တယ်။ မန်နေဂျာဂျရတ်ကလည်း ကလပ်အတွက် ကစားပေးခဲ့ကြသူတိုင်းကို ကျေးဇူးတင်မှုနဲ့အတူ နေ့စဉ် လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်ပြီး လာမယ့်ရာသီအတွက် ပြင်ဆင်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ဖလာနာဂန်နဲ့ ရိုစစ်စတာဟာ လီဗာပူးပရိသတ်တွေ အချစ်တော် ဖြစ်ခဲ့ကြသူတွေပါ။ ၂၀၁၃-၂၀၁၄ ဘောလုံးရာသီမှာ ညာအစွန် လိုအပ်ချက်အရ လူငယ်လေး ဖလာနာဂန် တောက်ပလာခဲ့ပြီး ၂၀၁၄ ကမ္ဘာဖလားမှာပါ ရွေးချယ်ခံခဲ့ရပေမယ့် ရာသီကုန်မှာ ရခဲ့တဲ့ ဒဏ်ရာဟာ သူ့ရဲ့ ကစားသမားဘဝကို ထိခိုက်မှု ကြီးမားသွားစေခဲ့တာပါ။

ရိုစစ်စတာဟာလည်း လီဗာပူးအကယ်ဒမီရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ဖူးကာ ဂျရတ်လက်သစ်အဖြစ် တောက်ပခဲ့သူဖြစ်တယ်။ မန်နေဂျာ အပြောင်းအလဲတွေကြားမှာ သူ့ကို နေရာမပေးနိုင်မှုနဲ့အတူ အင်္ဂလန်သားဟာလည်း မအောင်မြင်တဲ့ ကစားသမားဘဝကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ZAWGYI

ရိန္းဂ်ားအသင္းဟာ ဒီရာသီ သူတို႔အသင္းကေန ထြက္ခြာမယ့္ ကစားသမားမ်ား စာရင္းမွာ လီဗာပူးၾကယ္ပြင့္ေဟာင္းေတြျဖစ္တဲ့ ဂၽြန္ဖလာနာဂန္နဲ႔ ေဂ်ာ္ဒန္ ရိုစစ္စတာတို႔ကိုပါ ထည့္သြင္းသြားခဲ့ပါတယ္။

အဂၤလန္လက္ေရြးစင္ထိ ေရာက္ခဲ့ဖူးျပီး ၂၀၁၈ ခုႏွစ္မွာ လီဗာပူးကေန ရိန္းဂ်ားကို ေျပာင္းေရႊ႔ခဲ့တဲ့ ဖလာနာဂန္ဟာ ယူရိုပါလိဂ္ အပါအဝင္ ျပိဳင္ပြဲစံု ပြဲေပါင္း ၃၉ ပြဲထိ ရိန္းဂ်ားအတြက္ ကစားေပးႏုိင္ခဲ့တယ္။ ရိုစစ္စတာကလည္း ၂၀၁၆ တည္းက ရိန္းဂ်ားမွာ ရွိေနခဲ့ျခင္းျဖစ္ကာ ဒီႏွစ္မွာ အငွားထြက္ေနျပီး ရာသီကုန္မွာေတာ့ စေကာ္တလန္ကလပ္နဲ႔ လမ္းခြဲရပါျပီ။

သူတို႔အပါအဝင္ ရိန္းဂ်ားက ထြက္ခြာသြားတဲ့ ကစားသမားေတြကို ေက်းဇူးတင္ပါေၾကာင္း စေကာ္တလန္ကလပ္ဘက္က ႏုတ္ဆက္စာ ေပးပို႔ခဲ့တယ္။ မန္ေနဂ်ာဂ်ရတ္ကလည္း ကလပ္အတြက္ ကစားေပးခဲ့ၾကသူတိုင္းကို ေက်းဇူးတင္မႈနဲ႔အတူ ေန႔စဥ္ လုပ္ေဆာင္ရမယ့္ လုပ္ငန္းေတြကို ဆက္လက္ လုပ္ေဆာင္ျပီး လာမယ့္ရာသီအတြက္ ျပင္ဆင္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဖလာနာဂန္နဲ႔ ရိုစစ္စတာဟာ လီဗာပူးပရိသတ္ေတြ အခ်စ္ေတာ္ ျဖစ္ခဲ့ၾကသူေတြပါ။ ၂၀၁၃-၂၀၁၄ ေဘာလံုးရာသီမွာ ညာအစြန္ လိုအပ္ခ်က္အရ လူငယ္ေလး ဖလာနာဂန္ ေတာက္ပလာခဲ့ျပီး ၂၀၁၄ ကမၻာဖလားမွာပါ ေရြးခ်ယ္ခံခဲ့ရေပမယ့္ ရာသီကုန္မွာ ရခဲ့တဲ့ ဒဏ္ရာဟာ သူ႔ရဲ႕ ကစားသမားဘဝကို ထိခိုက္မႈ ၾကီးမားသြားေစခဲ့တာပါ။

ရိုစစ္စတာဟာလည္း လီဗာပူးအကယ္ဒမီရဲ႕ အေကာင္းဆံုး ကစားသမားဆုကို ရရွိခဲ့ဖူးကာ ဂ်ရတ္လက္သစ္အျဖစ္ ေတာက္ပခဲ့သူျဖစ္တယ္။ မန္ေနဂ်ာ အေျပာင္းအလဲေတြၾကားမွာ သူ႔ကို ေနရာမေပးႏုိင္မႈနဲ႔အတူ အဂၤလန္သားဟာလည္း မေအာင္ျမင္တဲ့ ကစားသမားဘဝကို ရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။