လီဗာပူး ကစားသမားဟောင်းကြီး ဂျန်မိုဘိုင်းက အသင်းဟောင်းအနေနဲ့ ကစားသမားသစ်တွေ ခေါ်ယူတဲ့အခါ ယူနိုက်တက်က ဖာနန်ဒက်စ်ကို ခေါ်ယူခဲ့သလို အပြောင်းအရွှေ့မျိုးကို လုပ်ဆောင်ဖို့ တောင်းဆိုသွားပါတယ်။

ဇန်နဝါရီတုန်းက စပို့တင်းကနေ ပေါင် ၆၇ သန်းဖြင့် ခေါ်ယူခဲ့တဲ့ ဖာနန်ဒက်စ်က ပရီးမီးယားလိဂ်မှာ တောက်ပနေတာပါ။ သူတို့ ပုံစံအဖြစ် ဂျာမနီကွင်းလယ်လူ ဟာဗက်ကလည်း လီဗာပူးမှာ တောက်ပနိုင်ပြီး ထိပ်တန်း ကစားသမားဖြစ်လာမယ့် အလားအလာကောင်းသူအဖြစ် မိုဘိုင်းက ထောက်ခံခဲ့ပါတယ်။

ဂျန်မိုဘိုင်းက ” ဒီလိုပြောလို့ စိတ်ဆိုးကြမလား မသိပေမယ့် ယူနိုက်တက်က ဖာနန်ဒက်စ်ရဲ့ သက်ရောက်မှုတွေကို ပိုင်ဆိုင်နေတာကို မြင်နေရပြီး လီဗာပူးကလည်း သူ့လို ကစားသမားမျိုးကို ခေါ်ယူသင့်ပါတယ်။ မီလ်နာ၊ ကီတာ၊ ဝိုက်နယ်ဒမ်၊ ဟန်ဒါဆန်တို့နဲ့ ခြားနားမယ့် ကစားသမားမျိုးကို ခေါ်ယူလိုပါတယ်။

သူတို့နဲ့ မတူတဲ့ ကစားသမား တစ်ဦးကို ရမယ်ဆိုရင် ကျနေ်ကတော့ ကျေနပ်မိမှာပါ။ ဘယ်သူ့ကို ခေါ်ယူရမလဲ။ ဂျာမနီက ကစားပွဲတွေကို ပြန်စနေပြီး လေဗာကူဆင်ရဲ့ လူငယ်လေး ကိုင်းဟာဗက်က အရမ်း အရမ်းကို ကောင်းတဲ့ ကစားသမားဖြစ်ပါတယ်။

နွေအပြောင်းအရွှေ့မှာ လီဗာပူးအသင်းက ဘယ်လို ပြောင်းရွှေ့ကြေးမျိုးတွေ သုံးနိုင်မလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်ကတော့ ဟာဗက်လို လူငယ်ကစားသမားမျိုးကို လီဗာပူးဘက်က ခေါ်ယူသင့်တယ်လို့ မြင်ထားပါတယ် ” ဆိုပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးဟာ အပြောင်းအရွှေ့မှာ ကိုင်းဟာဗက်နဲ့ သတင်းထွက်ထားသလို စောင့်ကြည့်မှုတွေကိုလည်း လုပ်ဆောင်ထားပါတယ်။ သို့ပေမယ့် ကွင်းလယ်လူအတွက် လေဗာကူဆင်ဘက်က တောင်းဆိုတဲ့ ယူရို သန်း ၁၀၀ ကိုယ် ပေးမှာ မဟုတ်ဘဲ သင့်လျော်တဲ့ ပြောင်းရွှေ့ဈေးမျိုး ရမှသာ ခေါ်ယူဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူး ကစားသမားေဟာင္းၾကီး ဂ်န္မိုဘိုင္းက အသင္းေဟာင္းအေနနဲ႔ ကစားသမားသစ္ေတြ ေခၚယူတဲ့အခါ ယူႏုိက္တက္က ဖာနန္ဒက္စ္ကို ေခၚယူခဲ့သလို အေျပာင္းအေရႊ႔မ်ိဳးကို လုပ္ေဆာင္ဖို႔ ေတာင္းဆိုသြားပါတယ္။

ဇန္နဝါရီတုန္းက စပို႔တင္းကေန ေပါင္ ၆၇ သန္းျဖင့္ ေခၚယူခဲ့တဲ့ ဖာနန္ဒက္စ္က ပရီးမီးယားလိဂ္မွာ ေတာက္ပေနတာပါ။ သူတို႔ ပံုစံအျဖစ္ ဂ်ာမနီကြင္းလယ္လူ ဟာဗက္ကလည္း လီဗာပူးမွာ ေတာက္ပႏုိင္ျပီး ထိပ္တန္း ကစားသမားျဖစ္လာမယ့္ အလားအလာေကာင္းသူအျဖစ္ မိုဘိုင္းက ေထာက္ခံခဲ့ပါတယ္။

ဂ်န္မိုဘိုင္းက ” ဒီလိုေျပာလို႔ စိတ္ဆိုးၾကမလား မသိေပမယ့္ ယူႏုိက္တက္က ဖာနန္ဒက္စ္ရဲ႕ သက္ေရာက္မႈေတြကို ပိုင္ဆိုင္ေနတာကို ျမင္ေနရျပီး လီဗာပူးကလည္း သူ႔လို ကစားသမားမ်ိဳးကို ေခၚယူသင့္ပါတယ္။ မီလ္နာ၊ ကီတာ၊ ဝိုက္နယ္ဒမ္၊ ဟန္ဒါဆန္တို႔နဲ႔ ျခားနားမယ့္ ကစားသမားမ်ိဳးကို ေခၚယူလိုပါတယ္။

သူတို႔နဲ႔ မတူတဲ့ ကစားသမား တစ္ဦးကို ရမယ္ဆိုရင္ က်ေန္ကေတာ့ ေက်နပ္မိမွာပါ။ ဘယ္သူ႔ကို ေခၚယူရမလဲ။ ဂ်ာမနီက ကစားပြဲေတြကို ျပန္စေနျပီး ေလဗာကူဆင္ရဲ႕ လူငယ္ေလး ကိုင္းဟာဗက္က အရမ္း အရမ္းကို ေကာင္းတဲ့ ကစားသမားျဖစ္ပါတယ္။

ေႏြအေျပာင္းအေရႊ႔မွာ လီဗာပူးအသင္းက ဘယ္လို ေျပာင္းေရႊ႔ေၾကးမ်ိဳးေတြ သံုးႏုိင္မလဲဆိုတာကို ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။ ဒါေပမယ့္ က်ေနာ္ကေတာ့ ဟာဗက္လို လူငယ္ကစားသမားမ်ိဳးကို လီဗာပူးဘက္က ေခၚယူသင့္တယ္လို႔ ျမင္ထားပါတယ္ ” ဆိုျပီး ေျပာဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးဟာ အေျပာင္းအေရႊ႔မွာ ကိုင္းဟာဗက္နဲ႔ သတင္းထြက္ထားသလို ေစာင့္ၾကည့္မႈေတြကိုလည္း လုပ္ေဆာင္ထားပါတယ္။ သို႔ေပမယ့္ ကြင္းလယ္လူအတြက္ ေလဗာကူဆင္ဘက္က ေတာင္းဆိုတဲ့ ယူရို သန္း ၁၀၀ ကိုယ္ ေပးမွာ မဟုတ္ဘဲ သင့္ေလ်ာ္တဲ့ ေျပာင္းေရႊ႔ေစ်းမ်ိဳး ရမွသာ ေခၚယူဖို႔ ၾကိဳးစားမွာ ျဖစ္ပါတယ္။