ဘရာဇီးကလပ် ဆော်ပေါ်လိုအသင်းမှ တိုက်စစ်သမား Gustavo Maia ရဲ့ အေးဂျင့်ဖြစ်သူ Nilson Moura က လီဗာပူးဟာ သူ့ကစားသမားကို စိတ်ဝင်စားနေတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ဘရာဇီး တိုက်စစ်သမားကို ခေါ်ယူဖို့ စပိန်ကလပ်တွေဘက်ကလည်း စောင့်ကြည့်နေတာဖြစ်ပြီး အသက် ၁၉ နှစ်အရွယ် တိုက်စစ်သမားရဲ့ ခြေစွမ်းကို မန်နေဂျာကလော့ပ်ကလည်း နှစ်သက်မှု ရှိနေပါတယ်။ တောင်အမေရိကသားတို့ရဲ့ အစဉ်အလာအတိုင်း တိုက်စစ်သမားကတော့ ယဉ်ကျေးမှုနဲ့ ဘာသာစကား တူညီမှုရှိတဲ့ စပိန်မြေကို ပိုမို နှစ်သက်နေပါတယ်။

စပိန်သတင်းဌာနနဲ့ အင်တာဗျူးမှာပဲ Moura က “ မြင့်မားတဲ့ ကမ်းလှမ်းမှုတွေ ရထားပါတယ်။ ဒါပေမယ့် သူက ဘာစီလိုနာအတွက် ကစားပေးလိုစိတ် ရှိနေပါတယ်။ စပိန်အသင်းဘက်ကလည်း ဆော်ပေါ်လိုကိုလာပြီး သူ့ကို စောင့်ကြည့်မှုတွေ လုပ်ထားတယ်။ အဲ့ပွဲမှာ Maia က သုံးဂိုး သွင်းခဲ့ပါတယ်။

အဲ့ပွဲနောက်ပိုင်း ဘာစီလိုနာဘက်က စောင့်ကြည့်လာခြင်းတွေ မရှိတော့ပါဘူး။ ဒါပေမယ့် အက်သလက်တီကိုနဲ့ လီဗာပူးလို အသင်းတွေဘက်က စောင့်ကြည့်မှုတွေတော့ ရှိလာခဲ့ပါတယ်။ သူတို့က စိတ်ဝင်စားတယ်ဆိုရင် ချိတ်ဆက်မှုတွေ မြန်မြန်ဆန်ဆန် လုပ်ဆောင်ဖို့ လိုပါမယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဘရာဇီးသား တိုက်စစ်သမားဟာ ဘောလုံးကိုင်ကစားနိုင်စွမ်း ကောင်းမွန်ပြီး အနာဂတ်မှာ တောက်ပမယ့် အနာဂတ်ရှိသူဖြစ်တယ်။ မန်နေဂျာကလော့ပ်ဟာ အာဆင်နယ်တိုက်စစ်သမား မာတင်နယ်လီကို အထူးသဘောကျကာ သူ့လို အလားအလာကောင်းရှိတဲ့ တိုက်စစ်မှူးမျိုးကို ရှာဖွေနေတာဖြစ်တယ်။

နွေအပြောင်းအရွှေ့မှာ ကလပ်တွေဟာ ကစားသမား ခေါ်ယူမှုကိစ္စတွေကို ထိန်းချုပ်လာနိုင်ပြီး မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေအစား လူငယ်ကစားသမား ခေါ်ယူရေးတွေကို ပိုမို အာရုံစိုက်လာမယ်လို့တော့ သိထားရပါတယ်။

ZAWGYI

ဘရာဇီးကလပ္ ေဆာ္ေပၚလိုအသင္းမွ တုိက္စစ္သမား Gustavo Maia ရဲ႕ ေအးဂ်င့္ျဖစ္သူ Nilson Moura က လီဗာပူးဟာ သူ႔ကစားသမားကို စိတ္ဝင္စားေနတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

ဘရာဇီး တိုက္စစ္သမားကို ေခၚယူဖို႔ စပိန္ကလပ္ေတြဘက္ကလည္း ေစာင့္ၾကည့္ေနတာျဖစ္ျပီး အသက္ ၁၉ ႏွစ္အရြယ္ တိုက္စစ္သမားရဲ႕ ေျခစြမ္းကို မန္ေနဂ်ာကေလာ့ပ္ကလည္း ႏွစ္သက္မႈ ရွိေနပါတယ္။ ေတာင္အေမရိကသားတို႔ရဲ႕ အစဥ္အလာအတိုင္း တိုက္စစ္သမားကေတာ့ ယဥ္ေက်းမႈနဲ႔ ဘာသာစကား တူညီမႈရွိတဲ့ စပိန္ေျမကို ပိုမို ႏွစ္သက္ေနပါတယ္။

စပိန္သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာပဲ Moura က “ ျမင့္မားတဲ့ ကမ္းလွမ္းမႈေတြ ရထားပါတယ္။ ဒါေပမယ့္ သူက ဘာစီလိုနာအတြက္ ကစားေပးလိုစိတ္ ရွိေနပါတယ္။ စပိန္အသင္းဘက္ကလည္း ေဆာ္ေပၚလိုကိုလာျပီး သူ႔ကို ေစာင့္ၾကည့္မႈေတြ လုပ္ထားတယ္။ အဲ့ပြဲမွာ Maia က သံုးဂိုး သြင္းခဲ့ပါတယ္။

အဲ့ပြဲေနာက္ပိုင္း ဘာစီလိုနာဘက္က ေစာင့္ၾကည့္လာျခင္းေတြ မရွိေတာ့ပါဘူး။ ဒါေပမယ့္ အက္သလက္တီကိုနဲ႔ လီဗာပူးလို အသင္းေတြဘက္က ေစာင့္ၾကည့္မႈေတြေတာ့ ရွိလာခဲ့ပါတယ္။ သူတို႔က စိတ္ဝင္စားတယ္ဆိုရင္ ခ်ိတ္ဆက္မႈေတြ ျမန္ျမန္ဆန္ဆန္ လုပ္ေဆာင္ဖို႔ လိုပါမယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဘရာဇီးသား တိုက္စစ္သမားဟာ ေဘာလံုးကိုင္ကစားႏုိင္စြမ္း ေကာင္းမြန္ျပီး အနာဂတ္မွာ ေတာက္ပမယ့္ အနာဂတ္ရွိသူျဖစ္တယ္။ မန္ေနဂ်ာကေလာ့ပ္ဟာ အာဆင္နယ္တိုက္စစ္သမား မာတင္နယ္လီကို အထူးသေဘာက်ကာ သူ႔လို အလားအလာေကာင္းရွိတဲ့ တိုက္စစ္မွဴးမ်ိဳးကို ရွာေဖြေနတာျဖစ္တယ္။

ေႏြအေျပာင္းအေရႊ႔မွာ ကလပ္ေတြဟာ ကစားသမား ေခၚယူမႈကိစၥေတြကို ထိန္းခ်ဳပ္လာႏုိင္ျပီး ျမင့္မားတဲ့ ေျပာင္းေရႊ႔ေၾကးေတြအစား လူငယ္ကစားသမား ေခၚယူေရးေတြကို ပိုမို အာရံုစိုက္လာမယ္လို႔ေတာ့ သိထားရပါတယ္။