လီဗာပူးအသင်းမှ အခြားသော အသင်းဖော်တွေနည်းတူ ကွင်းလယ်လူ ဝိုက်နယ်ဒမ်ဟာ လေ့ကျင့်ရေးဆင်းဖို့ ဒီကနေ့မှာပဲ မဲဝုဒ်ကို ပြန်လည် ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကလပ်တွေ သဘောတူညီထားကြတဲ့အတိုင်း လေ့ကျင့်အစီအစဉ်တွေကို အဖွဲ့ငယ်တွေအဖြစ် လုပ်ဆောင်သွားကြမှာဖြစ်ပြီး ဘောလုံးပွဲတွေ ပြန်စဖို့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်။ လီဗာပူးအသင်းသားတွေက ထိတွေ့မှု မပါတဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကို ပြန်လည် စတင်ကြပါမယ်။
မဲဝုဒ်ကို ရောက်လာတဲ့ ဝိုက်နယ်ဒမ်ကတော့ “ ရှေ့ဆက်ဖို့ တကယ်ကို စိတ်လှုပ်ရှားနေတယ်ဗျာ။ ခင်ဗျားတို့လည်း သိပါတယ်။ ကျနေ်ာတို့အားလုံး ဘောလုံးကို ချစ်ကြပါတယ်။ အားလုံး ဘောလုံး ကစားလိုကြတယ်။ ကျနေ်ာတို့ တတ်နိုင်သလောက် ဘောလုံး ကစားလိုတယ်ဗျာ။
ပုံစံကောင်းမှာ ရှိနေခဲ့ပေမယ့် အက်သလက်တီကို မက်ဒရစ်ကို ရင်ဆိုင်ရတဲ့ ပွဲအပြီးမှာ ဘောလုံးကစားတာတွေကို ရပ်ဆိုင်းလိုက်တာက ကျနေ်ာတို့အတွက် ခက်ခဲခဲ့ပါတယ်။ နှစ်လလောက် ဘာတစ်ခုမှ မလုပ်ခဲ့ရပေမယ့် အခုလို ပြန်စနိုင်တာအတွက် ပျော်မိပါတယ်။
နေအိမ်မှာ လေ့ကျင့်ရေး ပရိုဂရမ်တွေ ဆက်လက် လုပ်ဆောင်ထားတော့ အခြေအနေကောင်းကြမယ်လို့ ကျနေ်ာတို့ အားလုံး ယုံကြည်ထားတယ်။ ဘယ်လောက်ထိ ကြံ့ခိုင်နေမလဲ၊ ဘယ်လောက်ထိ လုပ်နိုင်းမလဲ ကြည့်ရပါမယ်။ ကွင်းထဲမှာ အသင်းအနေနဲ့ လုပ်ဆောင်ကြပြီဆိုရင်တော့ အိမ်တွေမှာ လုပ်တာထက်တော့ ခံစားမှုကော၊ ပြင်းပြမှုပါ အားလုံး ကွာသွားပြီပေါ့။
ကျနေ်ာတို့ရဲ့ ကြံ့ခိုင်မှုကို အဆင်သင့်ဖြစ်စေဖို့ ဘယ်လို လုပ်မလဲဆိုတာအတွက် အဆင်သင့်ဖြစ်နေပါပြီ။ ကွင်းထဲကို ပြန်လာနိုင်တာအတွက် အရမ်း ပျော်ပါတယ်။ အချင်းချင်း ကစားရမယ်၊ လက်တွဲလုပ်ဆောင်ရတော့မယ်ဗျာ။ ဒါကို တစ်ချိန်လုံး လွမ်းနေရတာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ဒီသုံးပတ် လေးပတ်အတွင်းမှာ လီဗာပူးအသင်းသားတွေဟာ ကြံ့ခိုင်မှုနဲ့ စိတ်ဓါတ်ပိုင်း အမြင့်ဆုံး အနေအထား ရောက်နေဖို့ကို ကြိုးစားသွားရမှာ ဖြစ်ပါတယ်။
ZAWGYI
လီဗာပူးအသင္းမွ အျခားေသာ အသင္းေဖာ္ေတြနည္းတူ ကြင္းလယ္လူ ဝိုက္နယ္ဒမ္ဟာ ေလ့က်င့္ေရးဆင္းဖို႔ ဒီကေန႔မွာပဲ မဲဝုဒ္ကို ျပန္လည္ ဝင္ေရာက္လာခဲ့ျပီျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ကလပ္ေတြ သေဘာတူညီထားၾကတဲ့အတုိင္း ေလ့က်င့္အစီအစဥ္ေတြကို အဖြဲ႔ငယ္ေတြအျဖစ္ လုပ္ေဆာင္သြားၾကမွာျဖစ္ျပီး ေဘာလံုးပြဲေတြ ျပန္စဖို႔ ေျခလွမ္းတစ္ရပ္ျဖစ္တယ္။ လီဗာပူးအသင္းသားေတြက ထိေတြ႔မႈ မပါတဲ့ ေလ့က်င့္ေရး အစီအစဥ္ေတြကို ျပန္လည္ စတင္ၾကပါမယ္။
မဲဝုဒ္ကို ေရာက္လာတဲ့ ဝိုက္နယ္ဒမ္ကေတာ့ “ ေရွ႔ဆက္ဖို႔ တကယ္ကို စိတ္လႈပ္ရွားေနတယ္ဗ်ာ။ ခင္ဗ်ားတို႔လည္း သိပါတယ္။ က်ေန္ာတို႔အားလံုး ေဘာလံုးကို ခ်စ္ၾကပါတယ္။ အားလံုး ေဘာလံုး ကစားလိုၾကတယ္။ က်ေန္ာတို႔ တတ္ႏုိင္သေလာက္ ေဘာလံုး ကစားလိုတယ္ဗ်ာ။
ပံုစံေကာင္းမွာ ရွိေနခဲ့ေပမယ့္ အက္သလက္တီကို မက္ဒရစ္ကို ရင္ဆိုင္ရတဲ့ ပြဲအျပီးမွာ ေဘာလံုးကစားတာေတြကို ရပ္ဆုိင္းလိုက္တာက က်ေန္ာတို႔အတြက္ ခက္ခဲခဲ့ပါတယ္။ နွစ္လေလာက္ ဘာတစ္ခုမွ မလုပ္ခဲ့ရေပမယ့္ အခုလို ျပန္စႏုိင္တာအတြက္ ေပ်ာ္မိပါတယ္။
ေနအိမ္မွာ ေလ့က်င့္ေရး ပရိုဂရမ္ေတြ ဆက္လက္ လုပ္ေဆာင္ထားေတာ့ အေျခအေနေကာင္းၾကမယ္လို႔ က်ေန္ာတို႔ အားလံုး ယံုၾကည္ထားတယ္။ ဘယ္ေလာက္ထိ ၾကံ႕ခိုင္ေနမလဲ၊ ဘယ္ေလာက္ထိ လုပ္ႏုိင္းမလဲ ၾကည့္ရပါမယ္။ ကြင္းထဲမွာ အသင္းအေနနဲ႔ လုပ္ေဆာင္ၾကျပီဆိုရင္ေတာ့ အိမ္ေတြမွာ လုပ္တာထက္ေတာ့ ခံစားမႈေကာ၊ ျပင္းျပမႈပါ အားလံုး ကြာသြားျပီေပါ့။
က်ေန္ာတို႔ရဲ႕ ၾကံ႕ခိုင္မႈကို အဆင္သင့္ျဖစ္ေစဖို႔ ဘယ္လို လုပ္မလဲဆိုတာအတြက္ အဆင္သင့္ျဖစ္ေနပါျပီ။ ကြင္းထဲကို ျပန္လာႏုိင္တာအတြက္ အရမ္း ေပ်ာ္ပါတယ္။ အခ်င္းခ်င္း ကစားရမယ္၊ လက္တြဲလုပ္ေဆာင္ရေတာ့မယ္ဗ်ာ။ ဒါကို တစ္ခ်ိန္လံုး လြမ္းေနရတာပါ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။
ဒီသံုးပတ္ ေလးပတ္အတြင္းမွာ လီဗာပူးအသင္းသားေတြဟာ ၾကံ႕ခိုင္မႈနဲ႔ စိတ္ဓါတ္ပိုင္း အျမင့္ဆံုး အေနအထား ေရာက္ေနဖို႔ကို ၾကိဳးစားသြားရမွာ ျဖစ္ပါတယ္။