လီဗာပူးအသင်းဟာ ကိုရိုနာကပ်ဘေးကြောင့် နွေအပြောင်းအရွှေ့ ဈေးကွက်အတွင်း ဝင်ရောက်လှုပ်ရှားမှုတွေမှာ အခြေအနေကြည့်ပြီး လုပ်ဆောင်သွားမှာပါ။
ပုံမှန် အပြောင်းအရွှေ့ ဈေးကွက်ပုံစံမျိုး ဖြစ်မလာနိုင်ပဲ ဥရောပကလပ်တွေဟာ အတွေ့အကြုံသစ်ကို ရင်ဆိုင်လာရချိန်မှာ ငွေကြေး အသုံးနည်းပြီး ကစားသမားအလဲအထပ်နဲ့ ခေါ်ယူမှုအပြင် လူငယ်ကစားသမား ခေါ်ယူမှုတွေကို ပိုမို အားသွန်းလာဖွယ်ရှိတယ်။ လီဗာပူးအားကစားဒါရိုက်တာ အဒ်ဝပ်ကလည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။
လီဗာပူးအားကစားဒါရိုက်တာဟာ ဘွန်ဒက်လီဂါနဲ့ စီးရီးအေလိဂ်တွေမှာ ချန်ပီယံလိဂ်ဝင်ခွင့် လွဲနိုင်တဲ့ အသင်းတွေက ကစားသမားကောင်းတွေကို စာရင်းပြုစုမှု လုပ်ဆောင်ဖို့ရှိနေပါတယ်။ ချန်ပီယံလိဂ်ပြင်ပကို ရောက်သွားတဲ့ ကစားသမားတွေအပြင် ပရီးမီးယားလိဂ်ကနေ တန်းဆင်းရမယ့် အသင်းတွေက ထူးချွန် ကစားသမားတွေကလည်း အဒ်ဝပ် စောင့်ကြည့်မယ့် ကစားသမားတွေပါ။
ဘွန်ဒက်လီဂါမှာ ရှော်ကေးဟာ ဥရောပဝင်ခွင့် လွဲဖို့များသလို လေဗာကူဆင်နဲ့ လိုက်ဇစ်ကလည်း အဆင့်လေးနေရာအတွက် အပြိုင်ဖြစ်နေပါတယ်။ ရှော်ကေး ဥရောပဝင်ခွင့် မရရင် အဓိက ကြယ်ပွင့်ဖြစ်တဲ့ Amine Harit လို ကစားသမားကို ခေါ်ယူဖို့က လမ်းပွင့်သွားနိုင်တာပါ။ ဒါ့အပြင် လိုက်ဇစ်နဲ့ လေဗာကူဆင်မှာလည်း ဝါနာနဲ့ ဟာဗက်လို လီဗာပူး စောင့်ကြည့်နေတဲ့ ကစားသမားတွေ ရှိထားပါတယ်။
ဒါတင် မကပါဘူး။ ကြွေးမှီပြဿနာရှိနေတဲ့ ရိုးမား၊ ချန်ပီယံလိဂ်ဝင်ခွင့် လွဲဖွယ်ရှိတဲ့ အေစီမီလန်အသင်းတွေက ကစားသမားကောင်း အချို့ကိုလည်း လီဗာပူးဘက်က နာမည်စာရင်း စုဆောင်းနေပါတယ်။ နောက်ပြီး ပြင်သစ်ကလပ် လိုင်ယွန်နဲ့ ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာ၊ နော်ဝစ်မှ ကစားသမားအချို့ကိုလည်း စောင့်ကြည့်နေပါတယ်။
နွေအပြောင်းအရွှေ့မှာ ခေါ်ယူမှုကြီးတွေ မလုပ်နိုင်တဲ့အခါ အဒ်ဝပ်ဟာ မန်နေဂျာယာဂင်ကလော့ပ် ဦးဆောင်တဲ့ နည်းပြအဖွဲ့နဲ့ တိုင်ပင်ပြီး သူရွေးချယ်ထားတဲ့ ကစားသမားတွေထဲက ဘယ်လို ကစားသမားက အသင်းရဲ့ လူစာရင်းကို တောင့်တင်းစေမလဲ ရွေးချယ်ကြဖို့ ရှိပါတယ်။ ဒါဟာ ပလန်ဘီအတွက် စီစဉ်ခြင်းဖြစ်မယ်လို့ ယူဆရပြီး သေချာပေါက် အတည်ယူနိုင်တဲ့ အနေအထားကိုတော့ မရောက်လာသေးပါဘူး။
ZAWGYI
လီဗာပူးအသင္းဟာ ကိုရိုနာကပ္ေဘးေၾကာင့္ ေႏြအေျပာင္းအေရႊ႔ ေစ်းကြက္အတြင္း ဝင္ေရာက္လႈပ္ရွားမႈေတြမွာ အေျခအေနၾကည့္ျပီး လုပ္ေဆာင္သြားမွာပါ။
ပံုမွန္ အေျပာင္းအေရႊ႔ ေစ်းကြက္ပံုစံမ်ိဳး ျဖစ္မလာႏုိင္ပဲ ဥေရာပကလပ္ေတြဟာ အေတြ႔အၾကံဳသစ္ကို ရင္ဆိုင္လာရခ်ိန္မွာ ေငြေၾကး အသံုးနည္းျပီး ကစားသမားအလဲအထပ္နဲ႔ ေခၚယူမႈအျပင္ လူငယ္ကစားသမား ေခၚယူမႈေတြကို ပိုမို အားသြန္းလာဖြယ္ရွိတယ္။ လီဗာပူးအားကစားဒါရိုက္တာ အဒ္ဝပ္ကလည္း ၾကိဳတင္ျပင္ဆင္မႈေတြ လုပ္ေဆာင္ေနပါတယ္။
လီဗာပူးအားကစားဒါရိုက္တာဟာ ဘြန္ဒက္လီဂါနဲ႔ စီးရီးေအလိဂ္ေတြမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ လြဲနုိင္တဲ့ အသင္းေတြက ကစားသမားေကာင္းေတြကို စာရင္းျပဳစုမႈ လုပ္ေဆာင္ဖို႔ရွိေနပါတယ္။ ခ်န္ပီယံလိဂ္ျပင္ပကို ေရာက္သြားတဲ့ ကစားသမားေတြအျပင္ ပရီးမီးယားလိဂ္ကေန တန္းဆင္းရမယ့္ အသင္းေတြက ထူးခၽြန္ ကစားသမားေတြကလည္း အဒ္ဝပ္ ေစာင့္ၾကည့္မယ့္ ကစားသမားေတြပါ။
ဘြန္ဒက္လီဂါမွာ ေရွာ္ေကးဟာ ဥေရာပဝင္ခြင့္ လြဲဖို႔မ်ားသလို ေလဗာကူဆင္နဲ႔ လိုက္ဇစ္ကလည္း အဆင့္ေလးေနရာအတြက္ အျပိဳင္ျဖစ္ေနပါတယ္။ ေရွာ္ေကး ဥေရာပဝင္ခြင့္ မရရင္ အဓိက ၾကယ္ပြင့္ျဖစ္တဲ့ Amine Harit လို ကစားသမားကို ေခၚယူဖို႔က လမ္းပြင့္သြားႏုိင္တာပါ။ ဒါ့အျပင္ လိုက္ဇစ္နဲ႔ ေလဗာကူဆင္မွာလည္း ဝါနာနဲ႔ ဟာဗက္လို လီဗာပူး ေစာင့္ၾကည့္ေနတဲ့ ကစားသမားေတြ ရွိထားပါတယ္။
ဒါတင္ မကပါဘူး။ ေၾကြးမွီျပႆနာရွိေနတဲ့ ရိုးမား၊ ခ်န္ပီယံလိဂ္ဝင္ခြင့္ လြဲဖြယ္ရွိတဲ့ ေအစီမီလန္အသင္းေတြက ကစားသမားေကာင္း အခ်ိဳ႔ကိုလည္း လီဗာပူးဘက္က နာမည္စာရင္း စုေဆာင္းေနပါတယ္။ ေနာက္ျပီး ျပင္သစ္ကလပ္ လိုင္ယြန္နဲ႔ ပရီးမီးယားလိဂ္ကလပ္ အက္စတြန္ဗီလာ၊ ေနာ္ဝစ္မွ ကစားသမားအခ်ိဳ႔ကိုလည္း ေစာင့္ၾကည့္ေနပါတယ္။
ေႏြအေျပာင္းအေရႊ႔မွာ ေခၚယူမႈၾကီးေတြ မလုပ္ႏုိင္တဲ့အခါ အဒ္ဝပ္ဟာ မန္ေနဂ်ာယာဂင္ကေလာ့ပ္ ဦးေဆာင္တဲ့ နည္းျပအဖြဲ႔နဲ႔ တိုင္ပင္ျပီး သူေရြးခ်ယ္ထားတဲ့ ကစားသမားေတြထဲက ဘယ္လို ကစားသမားက အသင္းရဲ႕ လူစာရင္းကို ေတာင့္တင္းေစမလဲ ေရြးခ်ယ္ၾကဖို႔ ရွိပါတယ္။ ဒါဟာ ပလန္ဘီအတြက္ စီစဥ္ျခင္းျဖစ္မယ္လို႔ ယူဆရျပီး ေသခ်ာေပါက္ အတည္ယူႏုိင္တဲ့ အေနအထားကိုေတာ့ မေရာက္လာေသးပါဘူး။