ဒေါ့မွန်ကွင်းလယ်လူ အမရေချန်က သူဟာ ယူနိုက်တက်ကိုပြောင်းဖို့ မစဉ်းစားခဲ့သလို ဘယ်တော့မှလည်း ပြောင်းမှာ မဟုတ်ပါဘူးလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
၂၀၁၈ ခုနှစ်မှာ ဂျူဗင်တပ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့တဲ့ ဂျာမနီ လက်ရွေးစင်ဟာ စီးရီးအေမှာ ခက်ခဲတဲ့ ကာလတွေ ရင်ဆိုင်ခဲ့ရပြီး ဒေါ့မွန်ကို အငှားနဲ့ ပြောင်းကစားရင်းက အပြီးသတ် စာချုပ်ဖြင့်ပါ ပြောင်းရွှေ့ခဲ့တာပါ။ အသက် ၂၆ နှစ်အရွယ် ကွင်းလယ်လူဟာ ဂျာမနီကို မပြန်ခင် ယူနိုက်တက်ကို ပြောင်းဖို့ အခွင့်အရေးတစ်ခုလည်း ရခဲ့သေးတာဖြစ်ပါတယ်။
ဘိုင်ယန်ကနေ ကစားသမားဘဝ စတင်ခဲ့တဲ့ ချန်က ပြောရာမှာ “ ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်က နှိုင်းယှဉ်လို့ရပါတယ်။ နှစ်သင်းလုံးက စံချိန်တင် အောင်မြင်မှုတွေ ရထားပြီး အင်အားကြီးတဲ့ အသင်းတွေဖြစ်ပါတယ်။ နောက်ပြီး ရှဝိုင်းစတိုင်ဂါနဲ့ ဟားဂရိတ်လို ကစားသမားတွေကလည်း နှစ်သင်းလုံးမှာ ကစားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ကျနော်က လီဗာပူးမှာ ကစားခဲ့တာကြောင့် ယူနိုက်တက်ကို ဘယ်တော့မှ ပြောင်းမှာ မဟုတ်ပါဘူး။ ကျနေ်ာရဲ့ နှလုံးသားကလည်း အဲ့လိုလုပ်ခွင့် မပေးပါဘူး။ လီဗာပူးနဲ့ ယူနိုက်တက်ကြား ပြိုင်ဆိုင်မှုက သိပ်ကို ကြီးမားပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။
ချန်ကတော့ လီဗာပူးနဲ့ ကလော့ပ်လက်အောက်မှာ ကစားခဲ့ရခြင်းက ဒေါ့မွန်ကို ပြောင်းပြီး ကစားဖို့ ပိုပြီး အဆင်ပြေစေခဲ့တယ်လို့ မြင်ပါတယ်။ လီဗာပူးနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ပရိသတ်တွေက တူညီတဲ့ ရေခံမြေခံမျိုးတွေ ရှိကြတာဖြစ်ပါတယ်။
“ ဒေါ့မွန်ကို ပြောင်းလာတုန်းက ဆောင်းတွင်းဖြစ်ပြီး လီဗာပူးနဲ့ အတော်လေးကို တူတဲ့ ရာသီဥတု ဖြစ်ခဲ့ပါတယ်။ ကလပ်နှစ်သင်းလုံးကလည်း တူညီမှုတွေ အများကြီးရှိတယ်၊ မိသားစုဆန်မှုကော အတုမရှိတဲ့ ပရိသတ်တွေကောပေါ့။ နောက်ပြီး နှစ်သင်းလုံးက ကလော့ပ်ကို ချစ်ကြပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ZAWGYI
ေဒါ့မြန္ကြင္းလယ္လူ အမေရခ်န္က သူဟာ ယူႏုိက္တက္ကိုေျပာင္းဖို႔ မစဥ္းစားခဲ့သလို ဘယ္ေတာ့မွလည္း ေျပာင္းမွာ မဟုတ္ပါဘူးလို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။
၂၀၁၈ ခုႏွစ္မွာ ဂ်ဴဗင္တပ္ကို အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ေရာက္ရွိခဲ့တဲ့ ဂ်ာမနီ လက္ေရြးစင္ဟာ စီးရီးေအမွာ ခက္ခဲတဲ့ ကာလေတြ ရင္ဆိုင္ခဲ့ရျပီး ေဒါ့မြန္ကို အငွားနဲ႔ ေျပာင္းကစားရင္းက အျပီးသတ္ စာခ်ဳပ္ျဖင့္ပါ ေျပာင္းေရႊ႔ခဲ့တာပါ။ အသက္ ၂၆ ႏွစ္အရြယ္ ကြင္းလယ္လူဟာ ဂ်ာမနီကို မျပန္ခင္ ယူႏုိက္တက္ကို ေျပာင္းဖို႔ အခြင့္အေရးတစ္ခုလည္း ရခဲ့ေသးတာျဖစ္ပါတယ္။
ဘိုင္ယန္ကေန ကစားသမားဘဝ စတင္ခဲ့တဲ့ ခ်န္က ေျပာရာမွာ “ ယူႏုိက္တက္နဲ႔ ဘိုင္ယန္ျမဴးနစ္က ႏိႈင္းယွဥ္လို႔ရပါတယ္။ ႏွစ္သင္းလံုးက စံခ်ိန္တင္ ေအာင္ျမင္မႈေတြ ရထားျပီး အင္အားၾကီးတဲ့ အသင္းေတြျဖစ္ပါတယ္။ ေနာက္ျပီး ရွဝိုင္းစတိုင္ဂါနဲ႔ ဟားဂရိတ္လို ကစားသမားေတြကလည္း ႏွစ္သင္းလံုးမွာ ကစားခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္ က်ေနာ္က လီဗာပူးမွာ ကစားခဲ့တာေၾကာင့္ ယူႏုိက္တက္ကို ဘယ္ေတာ့မွ ေျပာင္းမွာ မဟုတ္ပါဘူး။ က်ေန္ာရဲ႕ ႏွလံုးသားကလည္း အဲ့လိုလုပ္ခြင့္ မေပးပါဘူး။ လီဗာပူးနဲ႔ ယူႏုိက္တက္ၾကား ျပိဳင္ဆိုင္မႈက သိပ္ကို ၾကီးမားပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။
ခ်န္ကေတာ့ လီဗာပူးနဲ႔ ကေလာ့ပ္လက္ေအာက္မွာ ကစားခဲ့ရျခင္းက ေဒါ့မြန္ကို ေျပာင္းျပီး ကစားဖို႔ ပိုျပီး အဆင္ေျပေစခဲ့တယ္လို႔ ျမင္ပါတယ္။ လီဗာပူးနဲ႔ ေဒါ့မြန္အသင္းတို႔ရဲ႕ ပရိသတ္ေတြက တူညီတဲ့ ေရခံေျမခံမ်ိဳးေတြ ရွိၾကတာျဖစ္ပါတယ္။
“ ေဒါ့မြန္ကို ေျပာင္းလာတုန္းက ေဆာင္းတြင္းျဖစ္ျပီး လီဗာပူးနဲ႔ အေတာ္ေလးကို တူတဲ့ ရာသီဥတု ျဖစ္ခဲ့ပါတယ္။ ကလပ္ႏွစ္သင္းလံုးကလည္း တူညီမႈေတြ အမ်ားၾကီးရွိတယ္၊ မိသားစုဆန္မႈေကာ အတုမရွိတဲ့ ပရိသတ္ေတြေကာေပါ့။ ေနာက္ျပီး ႏွစ္သင္းလံုးက ကေလာ့ပ္ကို ခ်စ္ၾကပါတယ္ ” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။