လီဗာပူးအသင်းဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ချန်ပီယံဖြစ်လာတဲ့အခါ လက်ရှိ ဝတ်ဆင်နေတဲ့ New Balance ဂျာစီကိုဝတ်ပြီး အောင်ပွဲခံဖို့ကို စပွန်ဆာအသစ်ဖြစ်တဲ့ Nike နဲ့ အပြီးသတ် သဘောတူညီမှု ရယူနိုင်ခဲ့ပါပြီ။
ပရီးမီးယားလိဂ် အမှုဆောင်ချုပ်ဖြစ်သူ မာစတာက ဒီရာသီ လိဂ်ချန်ပီယံအဖြစ် လီဗာပူး အောင်မြင်ခဲ့ရင် ဆုဖလား အောင်ပွဲခံခွင့်ပြုမယ်လို့ ဒီအပတ်မှာပဲ ထုတ်ဖော် ကြေညာထားတယ်။ အန်ဖီးကွင်းမှာ ပရီးမီးယားလိဂ် ချန်ပီယံဖလားကို အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန်က ကိုင်မြောက်တဲ့အခါ New Balance နဲ့ပဲ ဖြစ်လာပါမယ်။
New Balance ဟာ လီဗာပူးအသင်းကို ကလပ်သမိုင်းမှာ အမြင့်ဆုံးသော ဂျာစီရောင်းနှုန်းကို ပိုင်ဆိုင်စေခဲ့တဲ့ ကုမ္ပဏီပါ။ ဒီအဖွဲ့နဲ့အတူ လက်တွဲတဲ့ ၅ နှစ်ကာလအတွင်းမှာ လီဗာပူးဟာ ချန်ပီယံလိဂ်၊ စူပါဖလားနဲ့ ကလပ်ကမ္ဘာဖလားတို့ကို အနိုင်ရခဲ့တယ်။ သို့သော်လည်း မေလ ၃၁ ရက်မှာတော့ လီဗာပူးနဲ့ New Balance ကြား စာချုပ် ကုန်ပြီဖြစ်ပါတယ်။
လီဗာပူးအသင်းရဲ့ မန်နေးဂျင်းဒါရိုက်တာနဲ့ စီးပွားရေးဆိုင်ရာ အကြီးအကဲဖြစ်သူ ဘီလီဟိုဂန်က လက်ကျန် ရာသီကို New Balance ဝတ်ဆင်ခွင့်ကို ကုမ္ပဏီနှစ်ခုထံ အဆိုတင်ခဲ့ပြီး ညိနှိုင်းမှု အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် New Balance ဂျာစီကိုပဲ ဝတ်ဆင်ပါမယ်။ လောလောဆယ်တော့ New Balance ဂျာစီအရောင်းကို ၇၀% ထိ လျော့ချခဲ့ပြီလည်း ဖြစ်တယ်။
လီဗာပူးအသင်းဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ရာသီကြိုမှာ Nike ဂျာစီကို ပြောင်းလဲ ဝတ်ဆင်မှာဖြစ်ပါတယ်။ လီဗာပူးနဲ့ Nike ကြား စာချုပ်အရ တစ်ရာသီကို စပွန်ဆာကြေး ပေါင် သန်း ၃၀ ရရှိမှာဖြစ်ပြီး သစ္စာရှိကြေးအဖြစ် အသာတင် အမြတ်ငွေရဲ့ ၂၀% အား လီဗာပူးအသင်းက ခံစားခွင့်ရှိကာ တစ်နှစ်ကို ပေါင် သန်း ၇၀ အထိ အကျိုးအမြတ်ရမှာဖြစ်တယ်။
ZAWGYI
လီဗာပူးအသင္းဟာ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ ခ်န္ပီယံျဖစ္လာတဲ့အခါ လက္ရွိ ဝတ္ဆင္ေနတဲ့ New Balance ဂ်ာစီကိုဝတ္ျပီး ေအာင္ပြဲခံဖို႔ကို စပြန္ဆာအသစ္ျဖစ္တဲ့ Nike နဲ႔ အျပီးသတ္ သေဘာတူညီမႈ ရယူႏုိင္ခဲ့ပါျပီ။
ပရီးမီးယားလိဂ္ အမႈေဆာင္ခ်ဳပ္ျဖစ္သူ မာစတာက ဒီရာသီ လိဂ္ခ်န္ပီယံအျဖစ္ လီဗာပူး ေအာင္ျမင္ခဲ့ရင္ ဆုဖလား ေအာင္ပြဲခံခြင့္ျပဳမယ္လို႔ ဒီအပတ္မွာပဲ ထုတ္ေဖာ္ ေၾကညာထားတယ္။ အန္ဖီးကြင္းမွာ ပရီးမီးယားလိဂ္ ခ်န္ပီယံဖလားကို အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ဟန္ဒါဆန္က ကိုင္ေျမာက္တဲ့အခါ New Balance နဲ႔ပဲ ျဖစ္လာပါမယ္။
New Balance ဟာ လီဗာပူးအသင္းကို ကလပ္သမိုင္းမွာ အျမင့္ဆံုးေသာ ဂ်ာစီေရာင္းႏႈန္းကို ပိုင္ဆိုင္ေစခဲ့တဲ့ ကုမၸဏီပါ။ ဒီအဖြဲ႔နဲ႔အတူ လက္တြဲတဲ့ ၅ ႏွစ္ကာလအတြင္းမွာ လီဗာပူးဟာ ခ်န္ပီယံလိဂ္၊ စူပါဖလားနဲ႔ ကလပ္ကမၻာဖလားတို႔ကို အႏုိင္ရခဲ့တယ္။ သို႔ေသာ္လည္း ေမလ ၃၁ ရက္မွာေတာ့ လီဗာပူးနဲ႔ New Balance ၾကား စာခ်ဳပ္ ကုန္ျပီျဖစ္ပါတယ္။
လီဗာပူးအသင္းရဲ႕ မန္ေနးဂ်င္းဒါရိုက္တာနဲ႔ စီးပြားေရးဆုိင္ရာ အၾကီးအကဲျဖစ္သူ ဘီလီဟိုဂန္က လက္က်န္ ရာသီကို New Balance ဝတ္ဆင္ခြင့္ကို ကုမၸဏီႏွစ္ခုထံ အဆိုတင္ခဲ့ျပီး ညိႏိႈင္းမႈ ေအာင္ျမင္ခဲ့ပါတယ္။ ဒါေၾကာင့္ ပရီးမီးယားလိဂ္ခ်န္ပီယံအျဖစ္ New Balance ဂ်ာစီကိုပဲ ဝတ္ဆင္ပါမယ္။ ေလာေလာဆယ္ေတာ့ New Balance ဂ်ာစီအေရာင္းကို ၇၀% ထိ ေလ်ာ့ခ်ခဲ့ျပီလည္း ျဖစ္တယ္။
လီဗာပူးအသင္းဟာ ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီ ရာသီၾကိဳမွာ Nike ဂ်ာစီကို ေျပာင္းလဲ ဝတ္ဆင္မွာျဖစ္ပါတယ္။ လီဗာပူးနဲ႔ Nike ၾကား စာခ်ဳပ္အရ တစ္ရာသီကို စပြန္ဆာေၾကး ေပါင္ သန္း ၃၀ ရရွိမွာျဖစ္ျပီး သစၥာရွိေၾကးအျဖစ္ အသာတင္ အျမတ္ေငြရဲ႕ ၂၀% အား လီဗာပူးအသင္းက ခံစားခြင့္ရွိကာ တစ္ႏွစ္ကို ေပါင္ သန္း ၇၀ အထိ အက်ိဳးအျမတ္ရမွာျဖစ္တယ္။