လီဗာပူးအသင်းဟာ တိုက်စစ်သမား အီလီယော့ကို ပရော်ဖက်ရှင်နယ် စာချုပ်အဖြစ် ၃ နှစ်စာချုပ်ပေးဖို့ သဘောတူညီထားပေမယ့် ကိုဗစ်ကြောင့် အတည်ပြု ကြေညာခြင်းတွေကို လုပ်ဆောင်သွားနိုင်ဖို့ မရှိသေးပါဘူး။

ဖူလ်ဟမ် အကယ်ဒမီကနေ လီဗာပူး အကယ်ဒမီကို ပြောင်းရွှေ့လာတဲ့ အီလီယော့ဟာ သူ့ရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် စာချုပ်ကိုတော့ အသက် ၁၇ နှစ် ပြည့်ချိန်မှာပဲ လီဗာပူးအသင်းနဲ့ ချုပ်ဆိုဖို့ သဘောတူညီမှု ရခဲ့တာပါ။ သူ့ကို လီဗာပူးက တစ်ပတ် ပေါင် ၂၀၀၀၀ ထိ လုပ်ခ ပေးချေသွားမှာလည်း ဖြစ်ပါတယ်။

လီဗာပူးအသင်း အတွင်းသတင်းတွေကနေ ဒီကိစ္စကို သိထားရပေမယ့် တရားဝင် ကြေညာမှုတွေတော့ ထွက်မလာပါဘူး။ သိရသလောက်က လက်မှတ်ထိုးမှုကိုတောင် အပြီးမသတ်နိုင်သေးဘူးလို့ သံသယဝင်မှုတွေပါ ရှိလာနေခဲ့ပါတယ်။ လီဗာပူးဟာ အီလီယော့နဲ့ ပက်သက်ပြီး ဖူလ်ဟမ်အသင်းကို အကယ်ဒမီကြေး ပေးဖို့ကိစ္စကလည်း အခုချိန်ထိ တရားဝင် မသိရသေးပါဘူး။

ကိုဗစ်ကပ်ဘေးဟာ ကလပ်တွေရဲ့ ပုံမှန် လုပ်ရိုးလုပ်စဉ်တွေကို ကပြောင်းကပြန်တွေ ဖြစ်လာစေခဲ့ပြီး အထူးသဖြင့် ဘဏ္ဍာရေးဆိုင်ရာ သဘောတူညီမှုတွေပါတဲ့ တရားဝင် ကိစ္စတွေကို အပြီးသတ်ဖို့ အခက်တွေ့မှုတွေ ဖြစ်လာစေခဲ့တယ်။ ဘောလုံးရာသီ အဆုံးသတ်ဖို့ မသေချာသလို လာမယ့်ရာသီ စတင်ရက်ကလည်း မသေချာသေးခြင်းကြောင့် စာချုပ်စာတမ်းဆိုင်ရာ ကိစ္စတွေကို ဆိုင်းငံ့တဲ့ အနေအထားမျိုးတွေဖြစ်ပါတယ်။

လူငယ်ကြယ်ပွင့်လေး အီလီယော့ဟာ စွယ်စုံရ တိုက်စစ်သမားဖြစ်ပြီး မန်နေဂျာယာဂင်ကလော့ပ်က တောင်ပံတိုက်စစ်သမားအဖြစ် ပုံသွင်းနေကာ သူကိုယ်တိုင်ကလည်း ဆာလက်၊ မာနေးတို့ထံက တိုက်စစ်ပိုင်း သင်ယူမှုတွေကို ပြုလုပ်နေကြောင်း ဝန်ခံထားတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ တိုက္စစ္သမား အီလီေယာ့ကို ပေရာ္ဖက္ရွင္နယ္ စာခ်ဳပ္အျဖစ္ ၃ ႏွစ္စာခ်ဳပ္ေပးဖို႔ သေဘာတူညီထားေပမယ့္ ကိုဗစ္ေၾကာင့္ အတည္ျပဳ ေၾကညာျခင္းေတြကို လုပ္ေဆာင္သြားႏုိင္ဖို႔ မရွိေသးပါဘူး။

ဖူလ္ဟမ္ အကယ္ဒမီကေန လီဗာပူး အကယ္ဒမီကို ေျပာင္းေရႊ႔လာတဲ့ အီလီေယာ့ဟာ သူ႔ရဲ႕ ပထမဆံုး ပေရာ္ဖက္ရွင္နယ္ စာခ်ဳပ္ကိုေတာ့ အသက္ ၁၇ ႏွစ္ ျပည့္ခ်ိန္မွာပဲ လီဗာပူးအသင္းနဲ႔ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈ ရခဲ့တာပါ။ သူ႔ကို လီဗာပူးက တစ္ပတ္ ေပါင္ ၂၀၀၀၀ ထိ လုပ္ခ ေပးေခ်သြားမွာလည္း ျဖစ္ပါတယ္။

လီဗာပူးအသင္း အတြင္းသတင္းေတြကေန ဒီကိစၥကို သိထားရေပမယ့္ တရားဝင္ ေၾကညာမႈေတြေတာ့ ထြက္မလာပါဘူး။ သိရသေလာက္က လက္မွတ္ထိုးမႈကိုေတာင္ အျပီးမသတ္ႏုိင္ေသးဘူးလို႔ သံသယဝင္မႈေတြပါ ရွိလာေနခဲ့ပါတယ္။ လီဗာပူးဟာ အီလီေယာ့နဲ႔ ပက္သက္ျပီး ဖူလ္ဟမ္အသင္းကို အကယ္ဒမီေၾကး ေပးဖို႔ကိစၥကလည္း အခုခ်ိန္ထိ တရားဝင္ မသိရေသးပါဘူး။

ကိုဗစ္ကပ္ေဘးဟာ ကလပ္ေတြရဲ႕ ပံုမွန္ လုပ္ရိုးလုပ္စဥ္ေတြကို ကေျပာင္းကျပန္ေတြ ျဖစ္လာေစခဲ့ျပီး အထူးသျဖင့္ ဘ႑ာေရးဆိုင္ရာ သေဘာတူညီမႈေတြပါတဲ့ တရားဝင္ ကိစၥေတြကို အျပီးသတ္ဖို႔ အခက္ေတြ႔မႈေတြ ျဖစ္လာေစခဲ့တယ္။ ေဘာလံုးရာသီ အဆံုးသတ္ဖို႔ မေသခ်ာသလို လာမယ့္ရာသီ စတင္ရက္ကလည္း မေသခ်ာေသးျခင္းေၾကာင့္ စာခ်ဳပ္စာတမ္းဆိုင္ရာ ကိစၥေတြကို ဆိုင္းငံ့တဲ့ အေနအထားမ်ိဳးေတြျဖစ္ပါတယ္။

လူငယ္ၾကယ္ပြင့္ေလး အီလီေယာ့ဟာ စြယ္စံုရ တိုက္စစ္သမားျဖစ္ျပီး မန္ေနဂ်ာယာဂင္ကေလာ့ပ္က ေတာင္ပံတိုက္စစ္သမားအျဖစ္ ပံုသြင္းေနကာ သူကိုယ္တိုင္ကလည္း ဆာလက္၊ မာေနးတို႔ထံက တိုက္စစ္ပိုင္း သင္ယူမႈေတြကို ျပဳလုပ္ေနေၾကာင္း ဝန္ခံထားတာ ျဖစ္ပါတယ္။