ဂျာမနီ ဘွန်ဒက်လီဂါမှာ တောက်ပနေသူ ဟာဗက်ကို အနာဂတ်အတွက် အသင်းရွေးတဲ့အခါ လီဗာပူးနဲ့ ကလော့ပ်ကို ဦးစားပေးအဖြစ် ထည့်သွင်း စဉ်းစား ဂျာမနီအသိုင်းအဝိုင်းတွေက တိုက်တွန်းလိုက်ပါတယ်။
ဂျာမနီလက်ရွေးစင်ဟောင်း Nowotny က ” ဟာဗက်က ကမ္ဘာအကောင်းဆုံးတွေထဲက တစ်ဦး ဖြစ်လာဖို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီး အလားအလာကောင်းတွေလည်း ရှိနေတယ်။ အလားအလာတွေ အားလုံးကို ထုတ်ပြဖို့ဆိုရင်တော့ နောက်ထပ် ခြေလှမ်းက အရေးအကြီးဆုံး ဖြစ်လာပါလိမ့်မယ်။
သူ့ဘာသာ မေးဖို့လိုတယ်။ ဘယ်အသင်းမှာ သူက တိုးတက်လာမှာလဲ။ သူ့ရဲ့ ကစားသမားဘဝ အမြင့်ဆုံးတွေရောက်ဖို့ ဘယ်အသင်းတွေက အကူအညီဖြစ်မလဲပေါ့။ ယာဂင်ကလောပ်နဲ့ ဂွာဒီယိုလာက သူ့ကို တောက်ပစေနိုင်ပါတယ်။ သူပြောင်းတဲ့ အသင်းက လူငယ်တွေနဲ့ တွဲပြီး အလုပ်လုပ်တဲ့ အသင်းလည်း ဖြစ်ရမယ်။ လူငယ်ကစားသမားတွေအတွက် ဒေါ့မွန်ဟာ ဘိုင်ယန်ထက် ပိုကောင်းတဲ့ အသင်းဖြစ်သလိုပေါ့ ” လို့ ဆိုသွားတာ ဖြစ်ပါတယ်။
ဘွန်ဒက်လီဂါပွဲတွေကို တင်ဆက်နေတဲ့ BT Sport မှ သုံးသပ်သူဖြစ်ပြီး ဘွန်ဒက်လီဂါ ကစားသမားဟောင်းလည်းဖြစ်တဲ့ အိုဝင် ဟားဂရိတ်ကတော့ ဟာဗက်ကို ခေါ်ယူဖို့ အင်္ဂလန် ကြီး ၆ ကြီးက မျှော်လင့်နေမှာဖြစ်ကြောင်း ဆိုတယ်။
ဟားဂရိတ်ကလည်း ” လူတိုင်းက ဟာလန်နဲ့ ဆန်ချိုကိုပဲ မျက်စိကျနေပေမယ့် ဟာဗက်က ဂျာမနီနဲ့ အလားအလာရှိ ကစားသမားပါ။ သူက တကယ်ကို ထူးချွန်ပြီး ဘောလက်နဲ့ အိုဇေးတို့ကို ပေါင်းစပ်ထားတဲ့ ကစားသမားမျိုးဖြစ်တယ်။ ဟာဗက်က တကယ်ကို ထူးရှာ် ကစားသမားဖြစ်လို့ အင်္ဂလန် ထိပ်တန်း ၆ သင်းက လူတွေဟာ သူ့ကို ခေါ်ယူလိုကြတယ်။
သူက လီဗာပူးနဲ့ မန်စီးတီးတို့ကို ရောက်လာနိုင်ပါတယ်။ ဒီအပတ် ဘွန်ဒက်လီဂါပွဲမှာ လူတိုင်းက သူကစားတာကို မြင်ပြီး ဟာဗက်ကို ခေါ်ပေးဖို့ ပြောနေကြလိမ့်မယ်။ သူ့ကို မလိုချင်တဲ့ အသင်းလည်း ရှိမှာ မဟုတ်ပါဘူး ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။
ZAWGYI
ဂ်ာမနီ ဘြန္ဒက္လီဂါမွာ ေတာက္ပေနသူ ဟာဗက္ကို အနာဂတ္အတြက္ အသင္းေရြးတဲ့အခါ လီဗာပူးနဲ႔ ကေလာ့ပ္ကို ဦးစားေပးအျဖစ္ ထည့္သြင္း စဥ္းစား ဂ်ာမနီအသိုင္းအဝိုင္းေတြက တိုက္တြန္းလိုက္ပါတယ္။
ဂ်ာမနီလက္ေရြးစင္ေဟာင္း Nowotny က ” ဟာဗက္က ကမၻာအေကာင္းဆံုးေတြထဲက တစ္ဦး ျဖစ္လာဖို႔ လမ္းေၾကာင္းမွန္ေပၚ ေရာက္ေနျပီး အလားအလာေကာင္းေတြလည္း ရွိေနတယ္။ အလားအလာေတြ အားလံုးကို ထုတ္ျပဖို႔ဆိုရင္ေတာ့ ေနာက္ထပ္ ေျခလွမ္းက အေရးအၾကီးဆံုး ျဖစ္လာပါလိမ့္မယ္။
သူ႔ဘာသာ ေမးဖို႔လိုတယ္။ ဘယ္အသင္းမွာ သူက တိုးတက္လာမွာလဲ။ သူ႔ရဲ႕ ကစားသမားဘဝ အျမင့္ဆံုးေတြေရာက္ဖို႔ ဘယ္အသင္းေတြက အကူအညီျဖစ္မလဲေပါ့။ ယာဂင္ကေလာပ္နဲ႔ ဂြာဒီယိုလာက သူ႔ကို ေတာက္ပေစႏုိင္ပါတယ္။ သူေျပာင္းတဲ့ အသင္းက လူငယ္ေတြနဲ႔ တြဲျပီး အလုပ္လုပ္တဲ့ အသင္းလည္း ျဖစ္ရမယ္။ လူငယ္ကစားသမားေတြအတြက္ ေဒါ့မြန္ဟာ ဘိုင္ယန္ထက္ ပိုေကာင္းတဲ့ အသင္းျဖစ္သလိုေပါ့ ” လို႔ ဆိုသြားတာ ျဖစ္ပါတယ္။
ဘြန္ဒက္လီဂါပြဲေတြကို တင္ဆက္ေနတဲ့ BT Sport မွ သံုးသပ္သူျဖစ္ျပီး ဘြန္ဒက္လီဂါ ကစားသမားေဟာင္းလည္းျဖစ္တဲ့ အိုဝင္ ဟားဂရိတ္ကေတာ့ ဟာဗက္ကို ေခၚယူဖို႔ အဂၤလန္ ၾကီး ၆ ၾကီးက ေမွ်ာ္လင့္ေနမွာျဖစ္ေၾကာင္း ဆိုတယ္။
ဟားဂရိတ္ကလည္း ” လူတိုင္းက ဟာလန္နဲ႔ ဆန္ခိ်ဳကိုပဲ မ်က္စိက်ေနေပမယ့္ ဟာဗက္က ဂ်ာမနီနဲ႔ အလားအလာရွိ ကစားသမားပါ။ သူက တကယ္ကို ထူးခၽြန္ျပီး ေဘာလက္နဲ႔ အိုေဇးတို႔ကို ေပါင္းစပ္ထားတဲ့ ကစားသမားမ်ိဳးျဖစ္တယ္။ ဟာဗက္က တကယ္ကို ထူးရွာ္ ကစားသမားျဖစ္လို႔ အဂၤလန္ ထိပ္တန္း ၆ သင္းက လူေတြဟာ သူ႔ကို ေခၚယူလိုၾကတယ္။
သူက လီဗာပူး နဲ႔ မန္စီးတီးတို႔ကို ေရာက္လာႏုိင္ပါတယ္။ ဒီအပတ္ ဘြန္ဒက္လီဂါပြဲမွာ လူတိုင္းက သူကစားတာကို ျမင္ျပီး ဟာဗက္ကို ေခၚေပးဖို႔ ေျပာေနၾကလိမ့္မယ္။ သူ႔ကို မလိုခ်င္တဲ့ အသင္းလည္း ရွိမွာ မဟုတ္ပါဘူး ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။