ဖီဒယ် အိုရော့ခ်ဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမား စာချုပ်ကို လီဗာပူးအသင်းနဲ့ လက်မှတ်ထိုးလိုက်ပြီဖြစ်ကြောင်း ကလပ်ဘက်က တရားဝင် ကြေညာချက် ထုတ်ပြန်သွားပါပြီ။

အသက် ၁၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ယူ-၁၄ အဆင့်မှာ လီဗာပူးကို စတင်ရောက်ရှိလာပြီး ခြေစွမ်း တဟုန်ထိုး တိုးတက်လာခြင်းကြောင့် ယူ-၁၈ အသင်းရဲ့ အသင်းခေါင်းဆောင်ရာထူးကို ရရှိခဲ့သူပါ။ ဒီရာသီမှာ လီဗာပူးအတွက် ၇ ဂိုး သွင်းယူပေးထားပြီး စာချုပ်သစ်အတွက် လက်မှတ် ထိုးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မနှစ်ကရာသီ ယူ-၁၈ အသင်းခေါင်းဆောင် ဘယ်ရီ လွီတက်ထံက ခေါင်းဆောင်လက်ပတ်ကို ဆက်ခံခဲ့တဲ့ အိုရောခ့်ဟာ မာဆေးဆိုဒ်သားလည်း ဖြစ်ပါတယ်။ သူဟာ စိန့်ဖရန့်စစ် ဇာဗီယာ ကောလိပ်ရဲ့ ကျောင်းအသင်းမှာ ကစားနေစဉ် အကယ်ဒမီ ကင်းထောက် ပီတာ ဘာဒီက ရှာတွေ့ခဲ့ရာက လီဗာပူးကို ရောက်လာခဲ့သူဖြစ်ပါတယ်။

အိုရော့ခ်ရဲ့ လီဗာပူးကို ရောက်ရှိလာပုံက ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး သူဟာ လီဗာပူးအမာခံ ပရိသတ်တစ်ဦးလည်းဖြစ်ပါတယ်။ လမ်းဘေး ကျောင်းပွဲအဖြစ် Mags Titans နဲ့ပွဲမှာ သူ့ရဲ့ ကစားဟန်ကို ဘာဒီက နှစ်သက်ခြင်းကြောင့် လီဗာပူးကို ရောက်လာခဲ့စဉ်ဟာ ၁၄ နှစ်အရွယ်ဖြစ်ပါတယ်။

စိတ်ဓါတ်ကြံ့ခိုင်ခြင်းက အိုရော့ခ်ရဲ့ အမှတ်အသားဖြစ်ပြီး သူတာဝန်ယူရတဲ့ ယူ-၁၈ အသင်းခေါင်းဆောင် လက်ပတ်ကို လွီတက်အပြင် ယူ-၂၃ အသင်းခေါင်းဆောင် ဂလေဇယ်လို တိုက်စစ်သမားကလည်း တာဝန်ယူခဲ့ဖူးပါတယ်။ အိုရော့ခ်ဟာ ယူ-၁၉ အသင်းနဲ့လည်း ယူအီးအက်ဖ်အေ လူငယ်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ထားခဲ့သေးတာဖြစ်ပါတယ်။

ZAWGYI

ဖီဒယ္ အိုေရာ့ခ္ဟာ သူ႔ရဲ႕ ပေရာ္ဖက္ရွင္နယ္ ကစားသမား စာခ်ဳပ္ကို လီဗာပူးအသင္းနဲ႔ လက္မွတ္ထိုးလိုက္ျပီျဖစ္ေၾကာင္း ကလပ္ဘက္က တရားဝင္ ေၾကညာခ်က္ ထုတ္ျပန္သြားပါျပီ။

အသက္ ၁၈ ႏွစ္အရြယ္ တိုက္စစ္မွဴးဟာ ယူ-၁၄ အဆင့္မွာ လီဗာပူးကို စတင္ေရာက္ရွိလာျပီး ေျခစြမ္း တဟုန္ထိုး တိုးတက္လာျခင္းေၾကာင့္ ယူ-၁၈ အသင္းရဲ႕ အသင္းေခါင္းေဆာင္ရာထူးကို ရရွိခဲ့သူပါ။ ဒီရာသီမွာ လီဗာပူးအတြက္ ၇ ဂိုး သြင္းယူေပးထားျပီး စာခ်ဳပ္သစ္အတြက္ လက္မွတ္ ထိုးႏုိင္ခဲ့ျပီ ျဖစ္ပါတယ္။

မႏွစ္ကရာသီ ယူ-၁၈ အသင္းေခါင္းေဆာင္ ဘယ္ရီ လီြတက္ထံက ေခါင္းေဆာင္လက္ပတ္ကို ဆက္ခံခဲ့တဲ့ အိုေရာခ့္ဟာ မာေဆးဆိုဒ္သားလည္း ျဖစ္ပါတယ္။ သူဟာ စိန္႔ဖရန္႔စစ္ ဇာဗီယာ ေကာလိပ္ရဲ႕ ေက်ာင္းအသင္းမွာ ကစားေနစဥ္ အကယ္ဒမီ ကင္းေထာက္ ပီတာ ဘာဒီက ရွာေတြ႔ခဲ့ရာက လီဗာပူးကို ေရာက္လာခဲ့သူျဖစ္ပါတယ္။

အိုေရာ့ခ္ရဲ႕ လီဗာပူးကို ေရာက္ရွိလာပံုက ဇာတ္လမ္းတစ္ပုဒ္ျဖစ္ျပီး သူဟာ လီဗာပူးအမာခံ ပရိသတ္တစ္ဦးလည္းျဖစ္ပါတယ္။ လမ္းေဘး ေက်ာင္းပြဲအျဖစ္ Mags Titans နဲ႔ပြဲမွာ သူ႔ရဲ႕ ကစားဟန္ကို ဘာဒီက ႏွစ္သက္ျခင္းေၾကာင့္ လီဗာပူးကို ေရာက္လာခဲ့စဥ္ဟာ ၁၄ ႏွစ္အရြယ္ျဖစ္ပါတယ္။

စိတ္ဓါတ္ၾကံ႕ခိုင္ျခင္းက အိုေရာ့ခ္ရဲ႕ အမွတ္အသားျဖစ္ျပီး သူတာဝန္ယူရတဲ့ ယူ-၁၈ အသင္းေခါင္းေဆာင္ လက္ပတ္ကို လီြတက္အျပင္ ယူ-၂၃ အသင္းေခါင္းေဆာင္ ဂေလဇယ္လို တိုက္စစ္သမားကလည္း တာဝန္ယူခဲ့ဖူးပါတယ္။ အိုေရာ့ခ္ဟာ ယူ-၁၉ အသင္းနဲ႔လည္း ယူအီးအက္ဖ္ေအ လူငယ္ျပိဳင္ပြဲကို ပါဝင္ယွဥ္ျပိဳင္ထားခဲ့ေသးတာျဖစ္ပါတယ္။