လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ပွဲနေ့တွေမှာ အခြားသော မန်နေဂျာတွေလို သပ်သပ်ရပ်ရပ် ဝတ်ဆင်မှုအစား ထရိန်နင် ဝတ်စုံနဲ့ပဲ အမြဲ မြင်ရတာက ဘာကြောင့်လဲဆိုတဲ့အပေါ် ဖြေဆိုမှု လုပ်ပေးခဲ့ပါတယ်။
ကလော့ပ်က သူကိုယ်တွယ်တဲ့ မိန့်၊ ဒေါ့မွန်၊ လီဗာပူးအသင်းတွေမှာ အသင်းတွေရဲ့ လေ့ကျင့်ရေးဝတ်စုံကိုပဲ ဝတ်ဆင်ပြီး ပွဲနေ့တွေမှာ နည်းပြလေ့ရှိသူပါ။ ကစားသမားဘဝကနေ မန်နေဂျာဖြစ်လာတဲ့ သူ့အတွက်တော့ သားသားနားနား ဝတ်ရတာထက် လေ့ကျင့်ရေး ဝတ်စုံကပဲ သက်သောင့်သက်သာဖြစ်စေခြင်းကြောင့်လို့ ဆိုခဲ့ပါတယ်။
ကလော့ပ်က “ ကျနော်က ကစားသမားအဖြစ်ကနေ မန်နေဂျာ ဖြစ်လာခဲ့သူပါ။ ကျနော်ရဲ့ အဝတ်လဲခန်းမှ အရင် နှစ်ရက်ကမှ အလုပ်က ထွက်သွားသူရဲ့ ထရိန်နင်ဝတ်စုံ ရှိနေတယ်။ ကျနေ်ာနဲ့တော့ မတော်ဘူး။ ကျနေ်ာ ပွဲကိုပဲ အာရုံစိုက်လိုပါတယ်။ ကြည့်ကောင်းလားဆိုတာကို မတွေးပါဘူး။
ထရိန်နင်ဝတ်စုံနဲ့ဆိုတော့ သိပ်ပြီး အဆင်မပြေတာ သိပါတယ်။ ကျနေ်ာတို့က လူမြင်ကွင်းတွေမှာ အလုပ်လုပ်ရတာလေ။ ဒါပေမယ့် ဒေါ့မွန်ကို ပြောင်းသွားတော့ ထရိန်နင်ဝတ်စုံအစား သပ်သပ်ရပ်ရပ် ဝတ်ဆင်ဖို့ စဉ်းစားပါသေးတယ်။ ဂျင်းနဲ့ ရှပ်ကိုတော့ ကျနေ်ာ ဝတ်ခဲ့သေးတယ်။ ဒါပေမယ့် သက်သောင့်သက်သာ မရှိဘူး ခံစားခဲ့ရတယ်။
ဝတ်စားတဲ့ ပုံစံကလည်း ကျနေ်ာတို့ အမှုအကျင့်တွေအတွက် အရေးပါပါတယ်။ ဝတ်ချင်တာကို ဝတ်ပါ ဒါပေမယ့် အဲ့အတွက်ပဲ အာရုံစိုက်နေတာတော့ မလုပ်ပါနဲ့။ ပွဲရလဒ်က ဘယ်လိုဆိုတာကိုပဲ ရေတွက်ပါတယ်။ နောက်ပြီး စိတ်မပူပါနဲ့ သပ်သပ်ရပ်ရပ်ပဲ ဝတ်ဝတ် ထရိန်နင်ဝတ်စုံပဲ ဝတ်ဝတ် ကမ္ဘာချန်ပီယံဖြစ်နိုင်ပါတယ်။ သက်သောင့်သက်သာ ရှိဖို့ပဲ လိုတာပါ ” လို့ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။
ZAWGYI
လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ပြဲေန႔ေတြမွာ အျခားေသာ မန္ေနဂ်ာေတြလို သပ္သပ္ရပ္ရပ္ ဝတ္ဆင္မႈအစား ထရိန္နင္ ဝတ္စံုနဲ႔ပဲ အျမဲ ျမင္ရတာက ဘာေၾကာင့္လဲဆိုတဲ့အေပၚ ေျဖဆိုမႈ လုပ္ေပးခဲ့ပါတယ္။
ကေလာ့ပ္က သူကိုယ္တြယ္တဲ့ မိန္႔၊ ေဒါ့မြန္၊ လီဗာပူးအသင္းေတြမွာ အသင္းေတြရဲ႕ ေလ့က်င့္ေရးဝတ္စံုကိုပဲ ဝတ္ဆင္ျပီး ပြဲေန႔ေတြမွာ နည္းျပေလ့ရွိသူပါ။ ကစားသမားဘဝကေန မန္ေနဂ်ာျဖစ္လာတဲ့ သူ႔အတြက္ေတာ့ သားသားနားနား ဝတ္ရတာထက္ ေလ့က်င့္ေရး ဝတ္စံုကပဲ သက္ေသာင့္သက္သာျဖစ္ေစျခင္းေၾကာင့္လို႔ ဆိုခဲ့ပါတယ္။
ကေလာ့ပ္က “ က်ေနာ္က ကစားသမားအျဖစ္ကေန မန္ေနဂ်ာ ျဖစ္လာခဲ့သူပါ။ က်ေနာ္ရဲ႕ အဝတ္လဲခန္းမွ အရင္ ႏွစ္ရက္ကမွ အလုပ္က ထြက္သြားသူရဲ႕ ထရိန္နင္ဝတ္စံု ရွိေနတယ္။ က်ေန္ာနဲ႔ေတာ့ မေတာ္ဘူး။ က်ေန္ာ ပြဲကိုပဲ အာရံုစိုက္လိုပါတယ္။ ၾကည့္ေကာင္းလားဆိုတာကို မေတြးပါဘူး။
ထရိန္နင္ဝတ္စံုနဲ႔ဆိုေတာ့ သိပ္ျပီး အဆင္မေျပတာ သိပါတယ္။ က်ေန္ာတို႔က လူျမင္ကြင္းေတြမွာ အလုပ္လုပ္ရတာေလ။ ဒါေပမယ့္ ေဒါ့မြန္ကို ေျပာင္းသြားေတာ့ ထရိန္နင္ဝတ္စံုအစား သပ္သပ္ရပ္ရပ္ ဝတ္ဆင္ဖို႔ စဥ္းစားပါေသးတယ္။ ဂ်င္းနဲ႔ ရွပ္ကိုေတာ့ က်ေန္ာ ဝတ္ခဲ့ေသးတယ္။ ဒါေပမယ့္ သက္ေသာင့္သက္သာ မရွိဘူး ခံစားခဲ့ရတယ္။
ဝတ္စားတဲ့ ပံုစံကလည္း က်ေန္ာတို႔ အမႈအက်င့္ေတြအတြက္ အေရးပါပါတယ္။ ဝတ္ခ်င္တာကို ဝတ္ပါ ဒါေပမယ့္ အဲ့အတြက္ပဲ အာရံုစိုက္ေနတာေတာ့ မလုပ္ပါနဲ႔။ ပြဲရလဒ္က ဘယ္လိုဆိုတာကိုပဲ ေရတြက္ပါတယ္။ ေနာက္ျပီး စိတ္မပူပါနဲ႔ သပ္သပ္ရပ္ရပ္ပဲ ဝတ္ဝတ္ ထရိန္နင္ဝတ္စံုပဲ ဝတ္ဝတ္ ကမၻာခ်န္ပီယံျဖစ္ႏုိင္ပါတယ္။ သက္ေသာင့္သက္သာ ရွိဖို႔ပဲ လိုတာပါ ” လို႔ ေျဖဆိုခဲ့တာ ျဖစ္ပါတယ္။