ဂျင်မီကာရေဂါက လီဗာပူးအသင်းက နွေအပြောင်းအရွှေ့မှာ တီမိုဝါနာကို မခေါ်ယူနိုင်ရင် ပရိသတ်တွေအနေနဲ့ အပြစ်မတင်ဘဲ ယူနိုက်တက်ရဲ့ အခြေအနေကို ကြည့်ပြီး ဖြည့်တွေးပေးဖို့ တောင်းဆိုလိုက်ပါတယ်။

The Athletic က ဖော်ပြထားမှုအရ လီဗာပူးအသင်းဟာ လိုက်ဇစ်တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူဖို့ ခက်ခဲတဲ့ အခြေအနေတွေမှာ ရှိနေတာဖြစ်တယ်။ နွေမှာ ဝါနာကို မခေါ်နိုင်ရင် လီဗာပူးအသင်းကို အခြား တိုက်စစ်သမား တစ်ဦးမှ ရောက်လာဖို့တောင် မရှိတော့ပါဘူး။

ကြာသပတေးနေ့ကပဲ ယူနိုက်တက်ဟာ နှစ်တစ်နှစ်ရဲ့ ပထမသုံးလ ဘဏ္ဍာရေးစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ ပေါင် ၁၂၇.၄ သန်းထိ ဆုံးရံျူးမှုရှိခဲ့ပါတယ်။ ဒါဟာ ကိုရိုနာကပ်ဘေးကြောင့် ပွဲနေ့ဝင်ငွေ ဆုံးရံှူးမှု၊ ရုပ်သံလွှင့်ခ ပြန်ပေးရမှုနဲ့ စောင့်ရှောက်မှုဆိုင်ရာ စရိန်တွေကြောင့်လည်း ပါဝင်ပါတယ်။

ကာရေဂါက ” ကိုရိုနာကပ်ဘေး မတိုင်ခင်ကတော့ အပြောင်းအရွှေ့က ဖြစ်လာဖို့ အခွင့်အရေးကောင်းခဲ့ပါတယ်။ ဒါပေမယ့် ဘဏ္ဍာရေး ထိခိုက်မှုတွေ ရှိလာတော့ ကလပ်တွေ ဘာလုပ်မယ်ဆိုတာကို မသိနိုင်တော့ပါဘူး။ တွစ်တာမှာ ယူနိုက်တက်ရဲ့ ဘဏ္ဍာရေး ဆုံးရံှူးမှု ရလဒ်ကို မြင်ရတော့ လီဗာပူးကတော့ နီးနီးကပ်ကပ် ပမာဏ ထိခိုက်နိုင်မယ်လို့ ထင်ပါတယ်။

ဒါကပဲ အပြောင်းအရွှေ့ ဈေးကွက်ထဲ ဝင်ရောက်ဖို့ သက်ရောက်မှု ရှိလာပါမယ်။ လီဗာပူးအသင်းရဲ့ လူစာရင်းက အင်အားဖြည့်ကို ဖြည့်ရမယ်လို့ ငြင်းချက်ထုတ်နေရတဲ့ အနေအထားမှာလည်း ရှိမနေဘူးလို့ ထင်ပါတယ်။

လီဗာပူးက ဒီရာသီမှာ တစ်ပွဲပဲ အရေးနိမ့်သလို ဒီမတိုင်ခင် ရာသီကလည်း တစ်ပွဲပဲ အရေးနိမ့်ပါတယ်။ လီဗာပူးက တိုက်စစ်သမား တစ်ဦးလိုပါတယ်။ ဒါပေမယ့် ဘဏ္ဍာရေး အခြေအနေ မကောင်းရင်တော့ ခေါ်နိုင်မှာ မဟုတ်ပါဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။

ကိုရိုနာကပ်ဘေးကြောင့် ယူနိုက်တက်တက် မကဘဲ ထိပ်သီး အသင်းတိုင်းဟာ ဝင်ငွေပိုင်းမှာ ဆုံးရံှူးမှုကြီးတွေ ရှိမယ်လို့ သိထားရတာဖြစ်ကာ ဒီဆုံးရံှူးမှုက လာမယ့် ရာသီထိ ဆက်သွားနိုင်ပါတယ်။

ZAwGYI

ဂ်င္မီကာေရဂါက လီဗာပူးအသင္းက ေႏြအေျပာင္းအေရႊ႔မွာ တီမိုဝါနာကို မေခၚယူႏုိင္ရင္ ပရိသတ္ေတြအေနနဲ႔ အျပစ္မတင္ဘဲ ယူႏုိက္တက္ရဲ႕ အေျခအေနကို ၾကည့္ျပီး ျဖည့္ေတြးေပးဖို႔ ေတာင္းဆိုလိုက္ပါတယ္။

The Athletic က ေဖာ္ျပထားမႈအရ လီဗာပူးအသင္းဟာ လုိက္ဇစ္တိုက္စစ္မွဴး တီမိုဝါနာကို ေခၚယူဖို႔ ခက္ခဲတဲ့ အေျခအေနေတြမွာ ရွိေနတာျဖစ္တယ္။ ေႏြမွာ ဝါနာကို မေခၚႏုိင္ရင္ လီဗာပူးအသင္းကို အျခား တိုက္စစ္သမား တစ္ဦးမွ ေရာက္လာဖို႔ေတာင္ မရွိေတာ့ပါဘူး။

ၾကာသပေတးေန႔ကပဲ ယူႏုိက္တက္ဟာ ႏွစ္တစ္ႏွစ္ရဲ႕ ပထမသံုးလ ဘ႑ာေရးစာရင္းကို ထုတ္ျပန္ခဲ့ရာမွာ ေပါင္ ၁၂၇.၄ သန္းထိ ဆံုးရံ်ဴးမႈရွိခဲ့ပါတယ္။ ဒါဟာ ကိုရိုနာကပ္ေဘးေၾကာင့္ ပြဲေန႔ဝင္ေငြ ဆံုးရံွဴးမႈ၊ ရုပ္သံလႊင့္ခ ျပန္ေပးရမႈနဲ႔ ေစာင့္ေရွာက္မႈဆိုင္ရာ စရိန္ေတြေၾကာင့္လည္း ပါဝင္ပါတယ္။

ကာေရဂါက ” ကိုရိုနာကပ္ေဘး မတိုင္ခင္ကေတာ့ အေျပာင္းအေရႊ႔က ျဖစ္လာဖို႔ အခြင့္အေရးေကာင္းခဲ့ပါတယ္။ ဒါေပမယ့္ ဘ႑ာေရး ထိခိုက္မႈေတြ ရွိလာေတာ့ ကလပ္ေတြ ဘာလုပ္မယ္ဆိုတာကို မသိႏုိင္ေတာ့ပါဘူး။ တြစ္တာမွာ ယူႏုိက္တက္ရဲ႕ ဘ႑ာေရး ဆံုးရံွဴးမႈ ရလဒ္ကို ျမင္ရေတာ့ လီဗာပူးကေတာ့ နီးနီးကပ္ကပ္ ပမာဏ ထိခိုက္ႏုိင္မယ္လို႔ ထင္ပါတယ္။

ဒါကပဲ အေျပာင္းအေရႊ႔ ေစ်းကြက္ထဲ ဝင္ေရာက္ဖုိ႔ သက္ေရာက္မႈ ရွိလာပါမယ္။ လီဗာပူးအသင္းရဲ႕ လူစာရင္းက အင္အားျဖည့္ကို ျဖည့္ရမယ္လို႔ ျငင္းခ်က္ထုတ္ေနရတဲ့ အေနအထားမွာလည္း ရွိမေနဘူးလို႔ ထင္ပါတယ္။

လီဗာပူးက ဒီရာသီမွာ တစ္ပြဲပဲ အေရးနိမ့္သလို ဒီမတိုင္ခင္ ရာသီကလည္း တစ္ပြဲပဲ အေရးနိမ့္ပါတယ္။ လီဗာပူးက တိုက္စစ္သမား တစ္ဦးလိုပါတယ္။ ဒါေပမယ့္ ဘ႑ာေရး အေျခအေန မေကာင္းရင္ေတာ့ ေခၚႏုိင္မွာ မဟုတ္ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ကိုရိုနာကပ္ေဘးေၾကာင့္ ယူႏုိက္တက္တက္ မကဘဲ ထိပ္သီး အသင္းတိုင္းဟာ ဝင္ေငြပိုင္းမွာ ဆံုးရံွဴးမႈၾကီးေတြ ရွိမယ္လို႔ သိထားရတာျဖစ္ကာ ဒီဆံုးရံွဴးမႈက လာမယ့္ ရာသီထိ ဆက္သြားႏုိင္ပါတယ္။