ကမ္ဘာဘောလုံးအဖွဲ့ချုပ် ဖီဖာက ကိုရိုနာကပ်ဘေးမှာ ကလပ်တွေ ပိုမို အသက်ရှုချောင်ဖို့အတွက် လာမယ့် နွေဈေးကွက်ကို ၂၀၂၀ ခုနှစ် မတ်လအထိ ဆက်တိုက် ဖွင့်ပေးဖို့ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
ဖီဖာဟာ နွေဈေးကွက်ကို သြဂုတ်လမှာ မပိတ်ပဲ ဆောင်းရာသီဈေးကွက်ထိ ဆက်တိုက်ဖွင့်ထားပေးဖို့ ပြီးခဲ့တဲ့ လတွေမှာ ဆွေးနွေးခဲ့ပါသေးတယ်။ ဒါ့အပြင် ဇွန်လ ၃၀ ရက်မှာ စာချုပ်ကုန်မယ့် ကစားသမားတွေကို သက်တမ်းတို စာချုပ်ချုပ်ခွင့်နဲ့ ပက်သက်ပြီးလည်း ညိနှိုင်းမှုတွေ လုပ်ပေးထားခဲ့ပါသေးတယ်။
ကိုဗစ် ရိုက်ခတ်မှုမှာ ဘောလုံးအသင်းတွေရဲ့ ကစားသမား ခေါ်ယူမှုဆိုင်ရာ ပုံစံတွေနဲ့ ဈေးကွက်တွင်း ဝင်ရောက်မှု နည်းပါးခြင်းတွေ ဖြစ်လာမယ်လို့ သုံးသပ်မှုတွေ ရှိထားပါတယ်။ ပရီးမီးယားလိဂ်ဟာ ကမ္ဘာပေါ်မှာ အသုံးစရိတ် အမြင့်ဆုံး အသုံးပြုတဲ့ လိဂ်ပြိုင်ပွဲဖြစ်ပေမယ့် ဒီနွေမှာတော့ ကစားသမား ခေါ်ယူမှုတွေ မလုပ်တဲ့ အသင်းတွေ တိုးပွားလာမယ်လို့ ခန့်မှန်းထားတာပါ။
အင်္ဂလန် နာမည်ကျော် သတင်းဌာနတွေကတော့ နွေဈေးကွက်ထဲ ဝင်မယ့် ပရီးမီးယားလိဂ်အသင်းက ၅ သင်းပဲ ရှိတယ်လို့ ဖော်ထုတ်ထားကာ အဆိုပါ အသင်းတွေထဲမှာ လီဗာပူးအသင်း ပါဝင်ဖွယ် မရှိပါဘူး။ လီဗာပူးဟာ နွေမှာ ခေါ်ယူဖို့ သတင်းကြီးခဲ့တဲ့ တီမိုဝါနာလို အဓိက ပစ်မှတ်ကို ခေါ်ယူခွင့်ကိုတောင် ဆိုင်းငံ့ထားပြီး အခြေအနေတွေ စောင့်ကြည့်ဖွယ်ရှိတယ်။
ဘောလုံးအသင်းဟာ ဇူလိုင်လအထိ ပုံမှန်အတိုင်း ဆက်လက် လည်ပတ်နိုင်ဦးမှာဖြစ်ပေမယ့် အဆိုပါကာလ နောက်ပိုင်းမှာတော့ တစ်ရာသီစာလက်မှတ် ရောင်းချခွင့် မရှိတော့ခြင်း၊ ရာသီကြို ခရီးစဉ်တွေ ရပ်နားရဖွယ်ရှိခြင်းတွေကြောင့် ဘဏ္ဍာရေးထိခိုက်မှုတွေ စတင်လိမ့်မယ်လို့ သုံးသပ်ထားရပါတယ်။
ZAWGYI
ကမၻာေဘာလံုးအဖြဲ႔ခ်ဳပ္ ဖီဖာက ကိုရိုနာကပ္ေဘးမွာ ကလပ္ေတြ ပိုမို အသက္ရႈေခ်ာင္ဖို႔အတြက္ လာမယ့္ ေႏြေစ်းကြက္ကို ၂၀၂၀ ခုႏွစ္ မတ္လအထိ ဆက္တိုက္ ဖြင့္ေပးဖို႔ ေဆြးေႏြးမႈေတြ လုပ္ေနတယ္လုိ႔ သိရပါတယ္။
ဖီဖာဟာ ေႏြေစ်းကြက္ကို ၾသဂုတ္လမွာ မပိတ္ပဲ ေဆာင္းရာသီေစ်းကြက္ထိ ဆက္တိုက္ဖြင့္ထားေပးဖို႔ ျပီးခဲ့တဲ့ လေတြမွာ ေဆြးေႏြးခဲ့ပါေသးတယ္။ ဒါ့အျပင္ ဇြန္လ ၃၀ ရက္မွာ စာခ်ဳပ္ကုန္မယ့္ ကစားသမားေတြကို သက္တမ္းတို စာခ်ဳပ္ခ်ဳပ္ခြင့္နဲ႔ ပက္သက္ျပီးလည္း ညိႏိႈင္းမႈေတြ လုပ္ေပးထားခဲ့ပါေသးတယ္။
ကိုဗစ္ ရိုက္ခတ္မႈမွာ ေဘာလံုးအသင္းေတြရဲ႕ ကစားသမား ေခၚယူမႈဆိုင္ရာ ပံုစံေတြနဲ႔ ေစ်းကြက္တြင္း ဝင္ေရာက္မႈ နည္းပါးျခင္းေတြ ျဖစ္လာမယ္လို႔ သံုးသပ္မႈေတြ ရွိထားပါတယ္။ ပရီးမီးယားလိဂ္ဟာ ကမၻာေပၚမွာ အသံုးစရိတ္ အျမင့္ဆံုး အသံုးျပဳတဲ့ လိဂ္ျပိဳင္ပြဲျဖစ္ေပမယ့္ ဒီေႏြမွာေတာ့ ကစားသမား ေခၚယူမႈေတြ မလုပ္တဲ့ အသင္းေတြ တိုးပြားလာမယ္လို႔ ခန္႔မွန္းထားတာပါ။
အဂၤလန္ နာမည္ေက်ာ္ သတင္းဌာနေတြကေတာ့ ေႏြေစ်းကြက္ထဲ ဝင္မယ့္ ပရီးမီးယားလိဂ္အသင္းက ၅ သင္းပဲ ရွိတယ္လို႔ ေဖာ္ထုတ္ထားကာ အဆိုပါ အသင္းေတြထဲမွာ လီဗာပူးအသင္း ပါဝင္ဖြယ္ မရွိပါဘူး။ လီဗာပူးဟာ ေႏြမွာ ေခၚယူဖို႔ သတင္းၾကီးခဲ့တဲ့ တီမိုဝါနာလို အဓိက ပစ္မွတ္ကို ေခၚယူခြင့္ကိုေတာင္ ဆိုင္းငံ့ထားျပီး အေျခအေနေတြ ေစာင့္ၾကည့္ဖြယ္ရွိတယ္။
ေဘာလံုးအသင္းဟာ ဇူလိုင္လအထိ ပံုမွန္အတိုင္း ဆက္လက္ လည္ပတ္ႏုိင္ဦးမွာျဖစ္ေပမယ့္ အဆိုပါကာလ ေနာက္ပိုင္းမွာေတာ့ တစ္ရာသီစာလက္မွတ္ ေရာင္းခ်ခြင့္ မရွိေတာ့ျခင္း၊ ရာသီၾကိဳ ခရီးစဥ္ေတြ ရပ္နားရဖြယ္ရွိျခင္းေတြေၾကာင့္ ဘ႑ာေရးထိခိုက္မႈေတြ စတင္လိမ့္မယ္လို႔ သံုးသပ္ထားရပါတယ္။