လီဗာပူးလူငယ်ကြယ်ပွင့် ကားတစ်ဂျုံးက သူဟာ မန်နေဂျာယာဂင်ကလော့ပ် ဦးဆောင်တဲ့ လီဗာပူးအသင်းမှာ အောင်ကို အောင်မြင်ရမယ်လို့ ယုံကြည်ကြောင်း အသင်းဝဘ်ဆိုဒ်နဲ့ အင်တာဗျူးမှာ ထုတ်ပြောလိုက်ပါတယ်။
ဒီနွေမှာ စီနီယာအသင်းနဲ့ ပုံမှန်လေ့ကျင့်မှုတွေ စတင်နိုင်ခဲ့ပြီး ပွဲထွက်ခွင့်တွေ ရထားတဲ့ ဂျုံးဟာ ကစားသမားဘဝ ပထမဆုံးသော ပရီးမီးယားလိဂ်ပွဲကိုတောင် ပွဲထွက်ထားနိုင်ပါပြီ။ လီဗာပူးကွင်းလယ်အတွက် အနာဂတ်မှာ တောက်ပလာမယ့်သူလို့ ဟောကိန်းတွေရထားတဲ့ ဂျုံးက ပရိသတ်တွေအတွက် ကြိုးစားပေးတဲ့ မန်နေဂျာကလော့ပ် လက်အောက်မှာ သေချာပေါက် အောင်မြင်ရမယ်လို့ ခံယူထားပါတယ်။
ဂျုံးက “ မန်နေဂျာကလော့ပ်နဲ့ သူ့ရဲ့ နည်းပြအဖွဲ့တွေနဲ့အတူ အလုပ်လုပ်ရတာက ကျနော်အတွက် ပြီးပြည့်စုံပါတယ်။ ကျနော်ဟာ အခြားမန်နေဂျာနဲ့ အသင်းအောက်မှာ အောင်မြင်မယ်လို့ မထင်ပါဘူး။ ဒီအဖွဲ့မှာပဲ ကျနော်က ကစားသမားတစ်ယောက်အဖြစ် ကိုယ်ဖြစ်လိုတာနဲ့ ဖြစ်ချင်တာကို မြင်လာရတယ်လို့ ထင်ပါတယ်။
မန်နေဂျာကလော့ပ်၊ ပပ်နဲ့ ပီတီအပြင် အခြားသော နည်းပြတွေအားလုံးက ကျနော်အတွက်တော့ ကိုက်ညီမှု ရှိသူတွေပါ။ သူတို့ ကျနော်အပေါ်ထားတဲ့ ယုံကြည်မှုအပြင်၊ သူတို့ရဲ့ အတွေးအခေါ်၊ ဘောလုံးကစားလိုဟန်နဲ့ အောင်မြင်ဖို့ ရည်မှန်းချက်တွေက ကျနေ်ာနဲ့ အံ့ဝင်ဂွင်ကျ ရှိလှပါတယ်။
လီဗာပူးပရိသတ်တွေကို ပျော်ရွှင်စေဖို့အတွက် သူတို့တွေက နိုင်ပွဲတွေကို အများကြီး ရယူလိုကြတယ်။ ကျနော်ကလည်း လီဗာပူးပရိသတ်တွေအတွက် အနိုင်ရလိုပါတယ်။ ကျနော်က ဒီမြို့ကနေ လာတဲ့သူလေ၊ ဒီတော့ နိုင်ပွဲက အသင်းပရိသတ်တွေအတွက် ဘယ်လို အဓိပ္ပာယ်လဲဆိုတာ ကျနော်သိတယ်။ ဒီတော့ မန်နေဂျာ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ လက်တွဲရတာ ကျနော်အတွက် ပြီးပြည့်စုံပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
လီဗာပူးအကယ်ဒမီနည်းပြတွေကတော့ ကားတစ်ဂျူံုးဟာ ကစားသမားကောင်းတွေမှာ ထားရှိရမယ့် မှန်ကန်တဲ့ မာန်မာနမျိုး ရှိသူဖြစ်ပြီး သူ့ရဲ့ ဒီခံယူချက်ကပဲ စီနီယာအသင်းမှာ အောင်မြင်ဖို့ တွန်းအားဖြစ်လာစေလိမ့်မယ်လို့ ထောက်ခံမှုတွေ ပေးထားကြပါတယ်။
ZAWGYI
လီဗာပူးလူငယ္ၾကယ္ပြင့္ ကားတစ္ဂ်ံဳးက သူဟာ မန္ေနဂ်ာယာဂင္ကေလာ့ပ္ ဦးေဆာင္တဲ့ လီဗာပူးအသင္းမွာ ေအာင္ကို ေအာင္ျမင္ရမယ္လို႔ ယံုၾကည္ေၾကာင္း အသင္းဝဘ္ဆုိဒ္နဲ႔ အင္တာဗ်ဴးမွာ ထုတ္ေျပာလိုက္ပါတယ္။
ဒီေႏြမွာ စီနီယာအသင္းနဲ႔ ပံုမွန္ေလ့က်င့္မႈေတြ စတင္ႏုိင္ခဲ့ျပီး ပြဲထြက္ခြင့္ေတြ ရထားတဲ့ ဂ်ံဳးဟာ ကစားသမားဘဝ ပထမဆံုးေသာ ပရီးမီးယားလိဂ္ပြဲကိုေတာင္ ပြဲထြက္ထားႏုိင္ပါျပီ။ လီဗာပူးကြင္းလယ္အတြက္ အနာဂတ္မွာ ေတာက္ပလာမယ့္သူလို႔ ေဟာကိန္းေတြရထားတဲ့ ဂ်ံဳးက ပရိသတ္ေတြအတြက္ ၾကိဳးစားေပးတဲ့ မန္ေနဂ်ာကေလာ့ပ္ လက္ေအာက္မွာ ေသခ်ာေပါက္ ေအာင္ျမင္ရမယ္လို႔ ခံယူထားပါတယ္။
ဂ်ံဳးက “ မန္ေနဂ်ာကေလာ့ပ္နဲ႔ သူ႔ရဲ႕ နည္းျပအဖြဲ႔ေတြနဲ႔အတူ အလုပ္လုပ္ရတာက က်ေနာ္အတြက္ ျပီးျပည့္စံုပါတယ္။ က်ေနာ္ဟာ အျခားမန္ေနဂ်ာနဲ႔ အသင္းေအာက္မွာ ေအာင္ျမင္မယ္လို႔ မထင္ပါဘူး။ ဒီအဖြဲ႔မွာပဲ က်ေနာ္က ကစားသမားတစ္ေယာက္အျဖစ္ ကိုယ္ျဖစ္လိုတာနဲ႔ ျဖစ္ခ်င္တာကို ျမင္လာရတယ္လို႔ ထင္ပါတယ္။
မန္ေနဂ်ာကေလာ့ပ္၊ ပပ္နဲ႔ ပီတီအျပင္ အျခားေသာ နည္းျပေတြအားလံုးက က်ေနာ္အတြက္ေတာ့ ကိုက္ညီမႈ ရွိသူေတြပါ။ သူတို႔ က်ေနာ္အေပၚထားတဲ့ ယံုၾကည္မႈအျပင္၊ သူတို႔ရဲ႕ အေတြးအေခၚ၊ ေဘာလံုးကစားလိုဟန္နဲ႔ ေအာင္ျမင္ဖို႔ ရည္မွန္းခ်က္ေတြက က်ေန္ာနဲ႔ အံ့ဝင္ဂြင္က် ရွိလွပါတယ္။
လီဗာပူးပရိသတ္ေတြကို ေပ်ာ္ရႊင္ေစဖုိ႔အတြက္ သူတို႔ေတြက ႏုိင္ပြဲေတြကို အမ်ားၾကီး ရယူလိုၾကတယ္။ က်ေနာ္ကလည္း လီဗာပူးပရိသတ္ေတြအတြက္ အႏုိင္ရလိုပါတယ္။ က်ေနာ္က ဒီျမိဳ႕ကေန လာတဲ့သူေလ၊ ဒီေတာ့ ႏုိင္ပြဲက အသင္းပရိသတ္ေတြအတြက္ ဘယ္လို အဓိပၸာယ္လဲဆိုတာ က်ေနာ္သိတယ္။ ဒီေတာ့ မန္ေနဂ်ာ၊ နည္းျပအဖြဲ႔ဝင္ေတြနဲ႔ လက္တြဲရတာ က်ေနာ္အတြက္ ျပီးျပည့္စံုပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။
လီဗာပူးအကယ္ဒမီနည္းျပေတြကေတာ့ ကားတစ္ဂ်ံဴဳးဟာ ကစားသမားေကာင္းေတြမွာ ထားရွိရမယ့္ မွန္ကန္တဲ့ မာန္မာနမ်ိဳး ရွိသူျဖစ္ျပီး သူ႔ရဲ႕ ဒီခံယူခ်က္ကပဲ စီနီယာအသင္းမွာ ေအာင္ျမင္ဖို႔ တြန္းအားျဖစ္လာေစလိမ့္မယ္လို႔ ေထာက္ခံမႈေတြ ေပးထားၾကပါတယ္။