လီဗာပူးတောင်ပံသမား မာနေးက သူပြောချင်တာကို ရှင်းရှင်းကြီး ပြောတတ်တာကြောင့် ပိုမို ခင်တွယ်ခဲ့ရတယ်လို့ ဆောက်သမ်တန်အသင်းမှ အသင်းဖော်ဟောင်း ဝမ်ယာမာက ပြောဆိုပါတယ်။

လီဗာပူးလူငယ်ကြယ်ပွင့် ကားတစ်ဂျုံးက သူဟာ မန်နေဂျာယာဂင်ကလော့ပ် ဦးဆောင်တဲ့ လီဗာပူးအသင်းမှာ အောင်ကို အောင်မြင်ရမယ်လို့ ယုံကြည်ကြောင်း အသင်းဝဘ်ဆိုဒ်နဲ့ အင်တာဗျူးမှာ ထုတ်ပြောလိုက်ပါတယ်။

ကမ္ဘာဘောလုံးအဖွဲ့ချုပ် ဖီဖာက ကိုရိုနာကပ်ဘေးမှာ ကလပ်တွေ ပိုမို အသက်ရှုချောင်ဖို့အတွက် လာမယ့် နွေဈေးကွက်ကို ၂၀၂၀ ခုနှစ် မတ်လအထိ ဆက်တိုက် ဖွင့်ပေးဖို့ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

ဂျင်မီကာရေဂါက လီဗာပူးအသင်းက နွေအပြောင်းအရွှေ့မှာ တီမိုဝါနာကို မခေါ်ယူနိုင်ရင် ပရိသတ်တွေအနေနဲ့ အပြစ်မတင်ဘဲ ကပ်ဘေးမှာ အကြွေးတွေ ထိုးတက်နေတဲ့ ယူနိုက်တက်ရဲ့ အခြေအနေကို ကြည့်ပြီး လီဗာပူးကို ဖြည့်တွေးပေးဖို့ တောင်းဆိုလိုက်ပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ပွဲနေ့တွေမှာ အခြားသော မန်နေဂျာတွေလို သပ်သပ်ရပ်ရပ် ဝတ်ဆင်မှုအစား ထရိန်နင် ဝတ်စုံနဲ့ပဲ အမြဲ မြင်ရတာက လေ့ကျင့်ရေး ဝတ်စုံကပဲ သက်သောင့်သက်သာဖြစ်စေခြင်းကြောင့်လို့ ဆိုခဲ့ပါတယ်။

လီဗာပူး ညာအစွန်လူ ထရန့်က လေ့ကျင့်ရေးမှာ ဂိုးကန်သွင်းမှု တစ်ခုကို လုပ်ပြခဲ့ပြီး ဘောလုံး ဝှေ့သွားတဲ့ ကန်ချက်က အဆင့်မြင့်လွန်းတာကြောင့် သူ့ရဲ့ စကေးကို ပရိသတ်တွေက အံ့အားသင့်ခဲ့ကြရပါတယ်။

လီဗာပူးပိုင်ရှင် ဂျွန်ဟင်နရီက ချန်ပီယံလိဂ်ဖလား အောင်မြင်ခြင်းအပေါ် အောင်ပွဲခံစဉ် ပရိသတ်တွေရဲ့ အံ့မခန်းတဲ့ အောင်ပွဲခံ ပျော်ရွှင်မှုကို မြင်ရတာက သူ့ကို မင်သပ်စေခဲ့တယ်လို့ ဝန်ခံလိုက်ပါတယ်။

တိုက်စစ်သမားဟောင်းကြီး ဟက်စကီးက လက်စတာခံစစ်မှူး ဆိုရန်ချူဟာ နွေမှာ ရောင်းထုတ်ခံရမယ့် ကစားသမား မဟုတ်ပေမယ့် တူရကီ လက်ရွေးစင်ဟာ လီဗာပူးလို ထိပ်တန်းအသင်းမှာ ကစားနိုင်စွမ်း ရှိပါတယ်လို့ ထုတ်ပြောသွားပါတယ်။

လီဗာပူးက စိတ်ဝင်စားခဲ့ဖူးတဲ့ ခံစစ်သမား ဒီယေဂို ကားလိုစ့်အတွက် ငွေသား လက်ငင်းရမယ်ဆိုရင် ရောင်းထုတ်သွားမယ်လို့ ဆီးဗီးလားဘက်က သတင်းလွှင့်လာပါတယ်။

ဝက်ဟမ်း ကစားသမား ဂျာရော့ ဘိုဝင်က သူရင်ဆိုင်ရတဲ့ အခက်ခဲဆုံး ခံစစ်သမားက လီဗာပူးဘယ်အစွန်လူ ရော်ဘတ်ဆန်ပါလို့ ဝက်ဟမ်ရဲ့ အင်တာဗျူး အမေးအဖြေမှာ ထုတ်ပြောသွားပါတယ်။

ZAWGYI

လီဗာပူးေတာင္ပံသမား မာေနးက သူေျပာခ်င္တာကို ရွင္းရွင္းၾကီး ေျပာတတ္တာေၾကာင့္ ပိုမို ခင္တြယ္ခဲ့ရတယ္လို႔ ေဆာက္သမ္တန္အသင္းမွ အသင္းေဖာ္ေဟာင္း ဝမ္ယာမာက ေျပာဆိုပါတယ္။

လီဗာပူးလူငယ္ၾကယ္ပြင့္ ကားတစ္ဂ်ံဳးက သူဟာ မန္ေနဂ်ာယာဂင္ကေလာ့ပ္ ဦးေဆာင္တဲ့ လီဗာပူးအသင္းမွာ ေအာင္ကို ေအာင္ျမင္ရမယ္လို႔ ယံုၾကည္ေၾကာင္း အသင္းဝဘ္ဆုိဒ္နဲ႔ အင္တာဗ်ဴးမွာ ထုတ္ေျပာလိုက္ပါတယ္။

ကမၻာေဘာလံုးအဖြဲ႔ခ်ဳပ္ ဖီဖာက ကိုရိုနာကပ္ေဘးမွာ ကလပ္ေတြ ပိုမို အသက္ရႈေခ်ာင္ဖို႔အတြက္ လာမယ့္ ေႏြေစ်းကြက္ကို ၂၀၂၀ ခုႏွစ္ မတ္လအထိ ဆက္တိုက္ ဖြင့္ေပးဖို႔ ေဆြးေႏြးမႈေတြ လုပ္ေနတယ္လုိ႔ သိရပါတယ္။

ဂ်င္မီကာေရဂါက လီဗာပူးအသင္းက ေႏြအေျပာင္းအေရႊ႔မွာ တီမိုဝါနာကို မေခၚယူႏုိင္ရင္ ပရိသတ္ေတြအေနနဲ႔ အျပစ္မတင္ဘဲ ကပ္ေဘးမွာ အေၾကြးေတြ ထိုးတက္ေနတဲ့ ယူႏုိက္တက္ရဲ႕ အေျခအေနကို ၾကည့္ျပီး လီဗာပူးကို ျဖည့္ေတြးေပးဖို႔ ေတာင္းဆိုလိုက္ပါတယ္။

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ပြဲေန႔ေတြမွာ အျခားေသာ မန္ေနဂ်ာေတြလို သပ္သပ္ရပ္ရပ္ ဝတ္ဆင္မႈအစား ထရိန္နင္ ဝတ္စံုနဲ႔ပဲ အျမဲ ျမင္ရတာက ေလ့က်င့္ေရး ဝတ္စံုကပဲ သက္ေသာင့္သက္သာျဖစ္ေစျခင္းေၾကာင့္လို႔ ဆိုခဲ့ပါတယ္။

လီဗာပူး ညာအစြန္လူ ထရန္႔က ေလ့က်င့္ေရးမွာ ဂိုးကန္သြင္းမႈ တစ္ခုကို လုပ္ျပခဲ့ျပီး ေဘာလံုး ေဝွ့သြားတဲ့ ကန္ခ်က္က အဆင့္ျမင့္လြန္းတာေၾကာင့္ သူ႔ရဲ႕ စေကးကို ပရိသတ္ေတြက အံ့အားသင့္ခဲ့ၾကရပါတယ္။

လီဗာပူးပိုင္ရွင္ ဂၽြန္ဟင္နရီက ခ်န္ပီယံလိဂ္ဖလား ေအာင္ျမင္ျခင္းအေပၚ ေအာင္ပြဲခံစဥ္ ပရိသတ္ေတြရဲ႕ အံ့မခန္းတဲ့ ေအာင္ပြဲခံ ေပ်ာ္ရႊင္မႈကို ျမင္ရတာက သူ႔ကို မင္သပ္ေစခဲ့တယ္လို႔ ဝန္ခံလိုက္ပါတယ္။

တိုက္စစ္သမားေဟာင္းၾကီး ဟက္စကီးက လက္စတာခံစစ္မွဴး ဆိုရန္ခ်ဴဟာ ေႏြမွာ ေရာင္းထုတ္ခံရမယ့္ ကစားသမား မဟုတ္ေပမယ့္ တူရကီ လက္ေရြးစင္ဟာ လီဗာပူးလို ထိပ္တန္းအသင္းမွာ ကစားႏုိင္စြမ္း ရွိပါတယ္လို႔ ထုတ္ေျပာသြားပါတယ္။

လီဗာပူးက စိတ္ဝင္စားခဲ့ဖူးတဲ့ ခံစစ္သမား ဒီေယဂို ကားလိုစ့္အတြက္ ေငြသား လက္ငင္းရမယ္ဆိုရင္ ေရာင္းထုတ္သြားမယ္လို႔ ဆီးဗီးလားဘက္က သတင္းလႊင့္လာပါတယ္။

ဝက္ဟမ္း ကစားသမား ဂ်ာေရာ့ ဘိုဝင္က သူရင္ဆိုင္ရတဲ့ အခက္ခဲဆံုး ခံစစ္သမားက လီဗာပူးဘယ္အစြန္လူ ေရာ္ဘတ္ဆန္ပါလို႔ ဝက္ဟမ္ရဲ႕ အင္တာဗ်ဴး အေမးအေျဖမွာ ထုတ္ေျပာသြားပါတယ္။