လီဗာပူးဥက္ကဌ တွမ်ဝါနာက ကလပ်ကသာ ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့မယ်ဆိုရင် မနှစ်တုန်းက လီဗာပူးမြို့အတွင်း ပရိသတ် ၈ သိန်းကျော် တက်ရောက်အားပေးမှုက သာမညလောက်ပဲ ဖြစ်သွားလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

လူဦးရေ ၅ သိန်းပဲရှိတဲ့ လီဗာပူးမြို့မှာတော့ အနီးအနား နယ်တွေက လီဗာပူးပရိသတ်တွေပါ လာရောက်အားပေးမှုနဲ့အတူ ပရိသတ် ၈ သိန်းကျော်ခဲ့ပါတယ်လို့ မြို့တော်ဝန်က သတင်းထုတ်ပြန်ခဲ့တာပါ။ တစ်မြို့လုံး အနီရောင်လွှမ်းတဲ့ အဆိုပါ အားပေးမှုကို ဗြိတိန်ပြည်တွင်းမှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့ရတာဖြစ်တယ်။

တွမ်ဝါနာက “ ပရိသတ်တွေ ဘေးချင်းယှဉ်ပြီး ပြန်လည် အားပေးရတဲ့ အချိန်နဲ့ အားကစားပွဲတွေကို ပျော်ရွှင်စွာ အားပေးရတဲ့ အတွေ့အကြုံတွေ ပြန်ရလာဖို့ မျှော်လင့်ထားတယ်။ ဒါပေမယ့် အဲ့အခြေအနေ ပြန်ရောက်ဖို့ အဝေးကြီး ဖြစ်နေပါသေးတယ်။

ချန်ပီယံလိဂ်ဖလားကို မြို့အတွင်း လှည့်လည် အောင်ပွဲခံတော့ အဲ့လို အတွေ့အကြုံမျိုး တစ်ကြိမ်မှ မရဘူးလို့တောင် ခံစားရတယ်။ အဲ့မှာ တစ်ယောက်က ‘ပရီးမီးယားလိဂ်ဖလားရလိုက်ကွာ ဒီ ချန်ပီယံလိဂ်အတွက် တစ်မြို့လုံး အုတ်အုတ်သဲသဲ အောင်ပွဲခံမှုက အသေးစား ကိစ္စလောက်ပဲ ဖြစ်သွားလိမ့်မယ်’ လို့ ပြောခဲ့တယ်။

ဒီတော့ အားလုံးကို စုရုံးစေနိုင်မယ့် ပရီးမီးယားလိဂ်ဖလား အောင်ပွဲခံမှုကို လုပ်နိုင်ဖို့ မျှော်လင့်ထားခဲ့တာပေါ့။ ဘာလို့လည်းဆိုတော့ အဲ့တာက ပရိသတ်တွေအတွက် အရမ်းကို အရေးပါတယ်လေ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကို ဇွန်လထဲ ပြန်လည်စတင်ဖို့ ကြိုးစားနေပြီး ရာသီကို အပြီးသတ်ဖို့ ကြိုးစားမှာပါ။ လီဗာပူးဟာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်လာခဲ့ရင် အန်ဖီးကွင်းမှာ အောင်ပွဲခံ အခမ်းအနား လုပ်ခွင့်ရှိမှာ ဖြစ်ပေမယ့် ပရိသတ်တွေ ပါဝင်ခွင့်ရဖို့ကတော့ သံသယဝင်စရာပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဥကၠဌ တြမ္ဝါနာက ကလပ္ကသာ ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္ခဲ့မယ္ဆိုရင္ မႏွစ္တုန္းက လီဗာပူးျမိဳ႕အတြင္း ပရိသတ္ ၈ သိန္းေက်ာ္ တက္ေရာက္အားေပးမႈက သာမညေလာက္ပဲ ျဖစ္သြားလိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။

လူဦးေရ ၅ သိန္းပဲရွိတဲ့ လီဗာပူးျမိဳ႕မွာေတာ့ အနီးအနား နယ္ေတြက လီဗာပူးပရိသတ္ေတြပါ လာေရာက္အားေပးမႈနဲ႔အတူ ပရိသတ္ ၈ သိန္းေက်ာ္ခဲ့ပါတယ္လို႔ ျမိဳ႕ေတာ္ဝန္က သတင္းထုတ္ျပန္ခဲ့တာပါ။ တစ္ျမိဳ႕လံုး အနီေရာင္လႊမ္းတဲ့ အဆိုပါ အားေပးမႈကို ျဗိတိန္ျပည္တြင္းမွာ တုိက္ရိုက္ထုတ္လႊင့္ခဲ့ရတာျဖစ္တယ္။

တြမ္ဝါနာက “ ပရိသတ္ေတြ ေဘးခ်င္းယွဥ္ျပီး ျပန္လည္ အားေပးရတဲ့ အခ်ိန္နဲ႔ အားကစားပြဲေတြကို ေပ်ာ္ရႊင္စြာ အားေပးရတဲ့ အေတြ႔အၾကံဳေတြ ျပန္ရလာဖို႔ ေမွ်ာ္လင့္ထားတယ္။ ဒါေပမယ့္ အဲ့အေျခအေန ျပန္ေရာက္ဖုိ႔ အေဝးၾကီး ျဖစ္ေနပါေသးတယ္။

ခ်န္ပီယံလိဂ္ဖလားကို ျမိဳ႔အတြင္း လွည့္လည္ ေအာင္ပြဲခံေတာ့ အဲ့လို အေတြ႔အၾကံဳမ်ိဳး တစ္ၾကိမ္မွ မရဘူးလို႔ေတာင္ ခံစားရတယ္။ အဲ့မွာ တစ္ေယာက္က ‘ပရီးမီးယားလိဂ္ဖလားရလိုက္ကြာ ဒီ ခ်န္ပီယံလိဂ္အတြက္ တစ္ျမိဳ႕လံုး အုတ္အုတ္သဲသဲ ေအာင္ပြဲခံမႈက အေသးစား ကိစၥေလာက္ပဲ ျဖစ္သြားလိမ့္မယ္’ လို႔ ေျပာခဲ့တယ္။

ဒီေတာ့ အားလံုးကို စုရံုးေစႏုိင္မယ့္ ပရီးမီးယားလိဂ္ဖလား ေအာင္ပြဲခံမႈကို လုပ္ႏုိင္ဖို႔ ေမွ်ာ္လင့္ထားခဲ့တာေပါ့။ ဘာလို႔လည္းဆိုေတာ့ အဲ့တာက ပရိသတ္ေတြအတြက္ အရမ္းကို အေရးပါတယ္ေလ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကို ဇြန္လထဲ ျပန္လည္စတင္ဖို႔ ၾကိဳးစားေနျပီး ရာသီကို အျပီးသတ္ဖို႔ ၾကိဳးစားမွာပါ။ လီဗာပူးဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္လာခဲ့ရင္ အန္ဖီးကြင္းမွာ ေအာင္ပြဲခံ အခမ္းအနား လုပ္ခြင့္ရွိမွာ ျဖစ္ေပမယ့္ ပရိသတ္ေတြ ပါဝင္ခြင့္ရဖို႔ကေတာ့ သံသယဝင္စရာပဲ ျဖစ္ပါတယ္။