UNICODE – လီဗာပူးအသင်းရဲ့ တရားဝင် တွစ်တာအကောင့်ကနေပြီး ဇန်နဝါရီမှ အသစ်ခေါ်ယူထားတဲ့ ဂျပန်သား တိုက်စစ်သမား မီနာမီနိုရဲ့ ပုံနဲ့အတူ မင်္ဂလာနံနက်ခင်းပါဆိုပြီး နှုတ်ဆက်ခဲ့တယ်။

ပရိသတ်အများအပြားက အသင်းရဲ့ နှုတ်ဆက်မှုကို အကောင်းမြင်စရာတွေနဲ့ တုန့်ပြန်ခဲ့သလို မီနာမီနိုကိုလည်း စိတ်ဓါတ်မကျဖို့နဲ့ အကောင်းဆုံး လုပ်ဆောင်ဖို့ကို အားပေးစကား ပြောဆိုခဲ့ကြပါတယ်။ ပရိသတ် အများအပြားကတော့ အသင်းသားတွေနဲ့ အသားကျလာပြီး ပရီးမီးယားလိဂ် အတွေ့အကြုံရလာခဲ့ရင် ပုံမှန်ပွဲထွက်ခွင့်တောင် ယှဉ်ပြိုင်နိုင်မယ့် ကစားသမားလို့ ချီးကျူးခဲ့ကြပါတယ်။

ကိုရိုနာကပ်ဘေးမှာ မီနာမီနိုဟာ အင်္ဂလန်ကနေ ပြန်မထွက်သွားပဲ မာဆေးဆိုဒ်က နေအိမ်မှာပဲ ဆက်ရှိနေကာ အသင်းနဲ့အတူ ပုံမှန် လေ့ကျင့်ရေး ပရိုဂရမ်တွေမှာ ပါဝင်ခဲ့သူပါ။ ကပ်ဘေးအတွင်း အသင်းရဲ့ ဗီဒီယိုကတစ်ဆင့် လေ့ကျင့်မှုတွေမှာ အချိန်မှန်မှန်နဲ့ ပါဝင်လေ့ရှိသလို ကြိုးကြိုးစားစား လုပ်ဆောင်လေ့ရှိတဲ့ မီနာမီနိုကို ပရိသတ်တွေက နှစ်သက်မှု ရှိထားတာဖြစ်တယ်။

ရာသီဝက်မှာ ရောက်လာရတဲ့ မီနာမီနိုက နယ်မြေသစ်မှာ အထိုင်ကျဖို့ အချိန်ယူခဲ့ရတယ်။ သူဟာ နေအိမ်သစ်မှာ ဘာသာစကားသစ်ကို အကောင်းဆုံး သင်ယူပြီး ဘောလုံးပွဲတွေ မရှိစဉ် ကာလတွေကို အကောင်းဆုံး အသုံးချနိုင်မယ်လို့ ယုံကြည်ထားရတယ်။ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဆဲလ်ဘက်ကနေ လီဗာပူးကို ပြောင်းလာပြီးနောက်ပိုင်း မီနာမီနိုဟာ အနီရောင်ဂျာစီကို ၆ ကြိမ်ထိ ဝတ်ဆင်ခွင့် ရထားခဲ့ပြီဖြစ်ပါတယ်။

မတ်လတုန်းကပဲ မီနာမီနိုက ” ကုန်ခဲ့တဲ့ လတွေအတွင်း လီဗာပူးမှာ ကျနော် ပျော်ရွှင်မိပါတယ်။ ဒါပေမယ့် ကျနော်က သွင်းဂိုးနဲ့ ဂိုးထောက်ပံ့ရတာတွေကို လုပ်ပြနိုင်ဖို့ အရမ်းကို ဆာလောင်ပြင်းပြနေတယ်လို့ ခံစားရတယ်။ တစ်ရက်ပြီး တစ်ရက် မန်နေဂျာရဲ့ အတွေအခေါ်ကို ပိုပိုနားလည်လာပြီး ပိုကောင်းလာတယ်လို့တော့ ခံစားရတယ်။

ပွဲတွေလည်း အများကြီး မကစားရသေးဘူး။ ကျနော် ကစားခွင့်တွေလည်း သိပ်မများဘူး ဒါပေမယ့် ပွဲကစားခွင့် ကောင်းကောင်းမရလို့ ခြေစွမ်းကောင်းတွေ မပြနိုင်တာ ဆိုတာက သိပ်ကောင်းတဲ့ ဆင်ခြေလည်း မဟုတ်ပါဘူး။ ကျနော်မှာ အခွင့်အရေးတွေ အကန့်အသတ် ရှိနေပေမယ့် မန်နေဂျာက လိုအပ်ချိန်တိုင်းမှာ မန်နေဂျာရဲ့ မျှော်လင့်ချက်တွေအတွက် ရလဒ်နဲ့ သက်သေပြနိုင်ရမှာပါ ” လို့ ဖွင့်ဟခဲ့တာဖြစ်ပါတယ်။

ZAWGYI – လီဗာပူးအသင္းရဲ႕ တရားဝင္ တြစ္တာအေကာင့္ကေနျပီး ဇန္နဝါရီမွ အသစ္ေခၚယူထားတဲ့ ဂ်ပန္သား တိုက္စစ္သမား မီနာမီႏိုရဲ႕ ပံုနဲ႔အတူ မဂၤလာနံနက္ခင္းပါဆိုျပီး ႏႈတ္ဆက္ခဲ့တယ္။

ပရိသတ္အမ်ားအျပားက အသင္းရဲ႕ ႏႈတ္ဆက္မႈကို အေကာင္းျမင္စရာေတြနဲ႔ တုန္႔ျပန္ခဲ့သလို မီနာမီႏိုကိုလည္း စိတ္ဓါတ္မက်ဖို႔နဲ႔ အေကာင္းဆံုး လုပ္ေဆာင္ဖို႔ကို အားေပးစကား ေျပာဆိုခဲ့ၾကပါတယ္။ ပရိသတ္ အမ်ားအျပားကေတာ့ အသင္းသားေတြနဲ႔ အသားက်လာျပီး ပရီးမီးယားလိဂ္ အေတြ႔အၾကံဳရလာခဲ့ရင္ ပံုမွန္ပြဲထြက္ခြင့္ေတာင္ ယွဥ္ျပိဳင္ႏုိင္မယ့္ ကစားသမားလို႔ ခ်ီးက်ဴးခဲ့ၾကပါတယ္။

ကိုရိုနာကပ္ေဘးမွာ မီနာမီႏိုဟာ အဂၤလန္ကေန ျပန္မထြက္သြားပဲ မာေဆးဆိုဒ္က ေနအိမ္မွာပဲ ဆက္ရွိေနကာ အသင္းနဲ႔အတူ ပံုမွန္ ေလ့က်င့္ေရး ပရိုဂရမ္ေတြမွာ ပါဝင္ခဲ့သူပါ။ ကပ္ေဘးအတြင္း အသင္းရဲ႕ ဗီဒီယိုကတစ္ဆင့္ ေလ့က်င့္မႈေတြမွာ အခ်ိန္မွန္မွန္နဲ႔ ပါဝင္ေလ့ရွိသလို ၾကိဳးၾကိဳးစားစား လုပ္ေဆာင္ေလ့ရွိတဲ့ မီနာမီႏိုကို ပရိသတ္ေတြက ႏွစ္သက္မႈ ရွိထားတာျဖစ္တယ္။

ရာသီဝက္မွာ ေရာက္လာရတဲ့ မီနာမီႏိုက နယ္ေျမသစ္မွာ အထုိင္က်ဖို႔ အခ်ိန္ယူခဲ့ရတယ္။ သူဟာ ေနအိမ္သစ္မွာ ဘာသာစကားသစ္ကို အေကာင္းဆံုး သင္ယူျပီး ေဘာလံုးပြဲေတြ မရွိစဥ္ ကာလေတြကို အေကာင္းဆံုး အသံုးခ်ႏုိင္မယ္လို႔ ယံုၾကည္ထားရတယ္။ ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ဆဲလ္ဘက္ကေန လီဗာပူးကို ေျပာင္းလာျပီးေနာက္ပိုင္း မီနာမီႏိုဟာ အနီေရာင္ဂ်ာစီကို ၆ ၾကိမ္ထိ ဝတ္ဆင္ခြင့္ ရထားခဲ့ျပီျဖစ္ပါတယ္။

မတ္လတုန္းကပဲ မီနာမီႏိုက ” ကုန္ခဲ့တဲ့ လေတြအတြင္း လီဗာပူးမွာ က်ေနာ္ ေပ်ာ္ရႊင္မိပါတယ္။ ဒါေပမယ့္ က်ေနာ္က သြင္းဂိုးနဲ႔ ဂိုးေထာက္ပံ့ရတာေတြကို လုပ္ျပႏုိင္ဖို႔ အရမ္းကို ဆာေလာင္ျပင္းျပေနတယ္လို႔ ခံစားရတယ္။ တစ္ရက္ျပီး တစ္ရက္ မန္ေနဂ်ာရဲ႕ အေတြအေခၚကို ပိုပိုနားလည္လာျပီး ပိုေကာင္းလာတယ္လို႔ေတာ့ ခံစားရတယ္။

ပြဲေတြလည္း အမ်ားၾကီး မကစားရေသးဘူး။ က်ေနာ္ ကစားခြင့္ေတြလည္း သိပ္မမ်ားဘူး ဒါေပမယ့္ ပြဲကစားခြင့္ ေကာင္းေကာင္းမရလို႔ ေျခစြမ္းေကာင္းေတြ မျပႏုိင္တာ ဆိုတာက သိပ္ေကာင္းတဲ့ ဆင္ေျခလည္း မဟုတ္ပါဘူး။ က်ေနာ္မွာ အခြင့္အေရးေတြ အကန္႔အသတ္ ရွိေနေပမယ့္ မန္ေနဂ်ာက လိုအပ္ခ်ိန္တိုင္းမွာ မန္ေနဂ်ာရဲ႕ ေမွ်ာ္လင့္ခ်က္ေတြအတြက္ ရလဒ္နဲ႔ သက္ေသျပႏုိင္ရမွာပါ ” လို႔ ဖြင့္ဟခဲ့တာျဖစ္ပါတယ္။